ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်နှင့်လှိုင်မြို့နယ်အစပ် ပါရမီလမ်းပေါ်ရှိ AD မီးပွိုင့်အနီးတွင် ဇွန် ၁၁ ရက်ညပိုင်းက အိမ်စီးကား ၂ စီးတိုက်မိခဲ့ကြောင်း ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ သိရသည်။
ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်ခန့်က မရမ်းကုန်းမြို့နယ်နှင့်လှိုင်မြို့နယ်အစပ် ပါရမီလမ်းပေါ်ရှိ AD မီးပွိုင့်အနီးတွင် အိမ်စီးကား ၂ စီးတိုက်မိ၍ ထိခိုက်ဒဏ်ရာရသူများရှိနေသဖြင့် ရွှေရောင်သမိုင်းအသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြသည်။
“ကျွန်တော်တို့ရောက်တဲ့အချိန် ထိခိုက်ဒဏ်ရာရထားတဲ့ ကားမောင်းတဲ့လူတစ်ယောက်ကို ကုသတာတွေလုပ်ပေးပြီး ဆေးရုံပို့ပေးခဲ့ပါတယ် ကျန်တဲ့ထိခိုက်ဒဏ်ရာရထားတဲ့လူတွေကို တခြားလူမှုကူညီရေးအသင်းတွေက ဆေးရုံပို့ပေးလိုက်ပါတယ် ကား ၂ စီးလုံးကတော့အတော်ပျက်စီးသွားတယ်”ဟု ရွှေရောင်သမိုင်းအသင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်မှထိခိုက်ဒဏ်ရာရရှိထားသည့် အိမ်စီးကားမောင်းသူတစ်ဦးအား ရွှေရောင်သမိုင်းအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
![](https://www.popularmyanmar.com/wp-content/uploads/2023/06/IMG_20230612_085413_384.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/06/IMG_20230612_085413_416.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/06/IMG_20230612_085413_623.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/06/IMG_20230612_085413_907.jpg)