Monday, December 8, 2025

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး...

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ...

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...
HomeNewsLocal Newsပါရမီဘုရားကျောင်းမှ ဓာတ်တော်မွေတော် (၈)...

ပါရမီဘုရားကျောင်းမှ ဓာတ်တော်မွေတော် (၈) ဆူအား ကိုရီးယားနိုင်ငံ Dae Yaksasa ဘုရားကျောင်းသို့လှူဒါန်း

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ပါရမီဘုရားကျောင်းမှ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော် (၈) ဆူအား ကိုရီးယားနိုင်ငံ၊  Korea Buddhist Yorae Order ၏ဌာနချုပ်ဖြစ်သော Dae Yaksasa ဘုရားကျောင်းသို့လှူဒါန်းခဲ့သည်။

အဆိုပါ ဓာတ်တော်မွေတော် (၈) ဆုအပ်နှင်းပွဲနှင့် Yoraeseon Meditation Center ဖွင့်ပွဲကို နိုဝင်ဘာ  ၁၅ ရက်ကကျင်းပရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက မြန်မာနိုင်ငံမှပင့်ဆောင်လာသည့် ဓာတ်တော်မွေတော်များကို Dae Yaksasa ဘုရားကျောင်းတွင် ဌာပနာတည်ထားကိုးကွယ်ရန်အပ်နှင်းခွင့်ရရှိ၍ လွန်စွာဂုဏ်ယူဝမ်းမြောက်ကာ မြင့်မြတ်သောဗုဒ္ဓအမွေအနှစ်များကို ဖလှယ်မှုမှတစ်ဆင့် မြန်မာ-ကိုရီးယားနှစ်နိုင်ငံကြား ယဉ်ကျေးမှုနှင့် ရင်းနှီးချစ်ခင်မှုကို ပိုမိုခိုင်မာလာစေမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် Dae Yaksasa ဘုရားကျောင်း၏ ဦးစီးပဓာနဆရာတော်ကြီး Most Venerable Myung An ကလည်း မြန်မာနိုင်ငံ၊ ပါရမီဘုရားကျောင်းမှ ဓာတ်တော်မွေတော်များလှူဒါန်းခဲ့ခြင်းအတွက် ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ထို့နောက် ပါရမီဘုရားကျောင်းမှ ပင့်ဆောင်လာသည့် ဓာတ်တော်မွေတော် (၈) ဆူအား မြန်မာသံရုံးယာယီတာ ဝန်ခံ/သံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့က Dae Yaksasa ဘုရားကျောင်းသို့အပ်နှင်းခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး မြန်မာပါဝင်တက်ရောက်

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းသံရုံးက အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများအစည်းအဝေးကို ကင်ဘာရာမြို့ရှိ ထိုင်းသံရုံး၌ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်အတွင်း အာဆီယံ-ကင်ဘာရာ ကော်မတီမှ ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်ကပြန်လည်လွှဲပြောင်းပေး

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊ ဂါနာနိုင်ငံသား(၄)ဦး၊ ကာဂျစ္စတန်နိုင်ငံသား(၁)ဦးတို့အား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် လုံခြုံရေးအဖွဲ့ဝင်များက ဖလူး-လေးကေ့ကော်-မြဝတီသွားကားလမ်းပေါ်ရှိ မေတ္တာလင်းမြိုင်ကျေးရွာအနီးတွင် လေးကေ့ကော်ဘက်မှ မြဝတီမြို့ဘက်သို့မောင်းနှင်လာသော (၁၀)ဘီးကား(၄)စီးပေါ်တွင် တရုတ်နိုင်ငံသား အမျိုး သား(၂၁၇)ဦး၊ အမျိုးသမီး(၁၅)ဦး(စုစုပေါင်း ၂၃၂ ဦး) တို့ကိုဖမ်းဆီးရမိခဲ့ကြောင်း...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန် ဖြန့်ဖြူးပေးနေ

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောသည်။ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " ကျွန်တော်တို့နိုင်ငံမှာ ဆီထွက်သီးနှံစိုက်ပျိုးမှုဟာ စားသုံးမှုနဲ့တွက်လို့ရှိရင် အများကြီးလိုအပ်ချက်ရှိနေတဲ့အတွက် နိုင်ငံတော်အကြီးအကဲကလည်း ဆီထွက်သီးနှံစိုက်ပျိုးမှုကို အာရုံစိုက်ဖို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071