ယနေ့ နိုဝင်ဘာ ၄ ရက်တွင်ကျရောက်သည့် တန်ဆောင် မုန်းလပြည့်(သာမညဖလအခါတော်နေ့)တွင် ပါမောက္ခ ချုပ်ဆရာတော်ကြီးမှ “တန်ဆောင်လပြည့် ဘဝသင် ခန်းစာ”ကို ရေးသားချီးမြှင့်တော်မူခဲ့သည်။
ပါမောက္ခချုပ်ဆရာတော်ကြီး ရေးသားချီးမြှင့်တော်မူခဲ့သည့် “တန်ဆောင်လပြည့် ဘဝသင်ခန်းစာ”အား အ များသိရှိမှတ်သားနိုင်ကြစေရန်ရည်သန်၍ မူရင်းအ တိုင်း ဖော်ပြလိုက်ရပါသည်။
တန်ဆောင်လပြည့်
ဘဝသင်ခန်းစာ
——————————
(၁) ဗာလ ဆိုတာ အသိမရှိသူ။
(၂) ဗာလ ဆိုတာကောင်းကျိုးကို
ဖျက်ဆီးတတ်သူ။
(၃) ဗာလဆိုတာ ဆိုကျိုးကို။
ဖြစ်စေတတ်သူ။
(၄) ဗာလဆိုတာ မကောင်းမှု၌
စေခိုင်းတတ်သူ။
အဇာတသတ်မင်းသားသည်
ဗာလဖြစ်သည့် ရှင်ဒေဝဒတ်ကို
အထင်ကြီးမိပြီး သူခိုင်းသမျှ
လုပ်မိလို့ အမှားကိုကျူးလွန်ပြီး
ဘဝပျက်ရသည်၊
မြတ်ဗုဒ္ဓ၏အဆုံးအမကြောင့်
လူကောင်းသူကောင်းဖြစ်ရသည်။
တန်ဆောင်လပြည့်နေ့သည်
မိတ်ကောင်းဆွေကောင်း ဆရာ
ကောင်း အရေးကြီးပုံကို အမှတ်
ရစေသောနေ့ဖြစ်သည်။
ဗာလမှန်သမျှကို ရှောင်ကြပြီး
ပညာရှိသူတော်ကိုသာ ပေါင်းကြ
ရန် ဘဝသင်ခန်းစာယူကြပါကုန်။
