ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသသည် ယနေ့ ( နိုဝင်ဘာ ၁၆) ညနေပိုင်းတွင် မန္တလေးမြို့၌ တရားဟောကြားရန် ရှိနေသည်ဟု နီးစပ်သူများထံမှ သိရသည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မော်အနောက်ရပ်ကွက်၊ ရွှေတမာရပ်၊ အမေတက်သိမ်းအင်းပတ်လမ်း၊ CEA စာသင်ကျောင်းအနောက်ဘက်တွင် တရားဟောကြားမည်ဖြစ်သည်ဟုလည်း သိရသည်။
တရားပွဲကို ညနေ၄နာရီအချိန်၌ စတင်မည်ဖြစ်ကာ ဓမ္မသဘင်ကို အလှူ့ဒါယကာ ဦးဇင်ဝင်းနိုင် + အလှူ့ဒါယိကာမ ဒေါ်ဝင်းသိင်္ဂီချို ၊ သား -မောင်မင်းကောင်းဆက် ၊ သမီး – မဆုခေတ်ရွှေရည် “ဉာဏ်လင်းရောင်” သစ်အချောထည်လုပ်ငန်း မိသားစု၏ အလှူအကြိုတရားပွဲအဖြစ် ဆင်ယင်ကျင်းပခြင်းဖြစ်သည်။
ပါမောက္ခချုပ်ဆရာတော်ကြီးကို ယနေ့တွင်လည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်၊ မင်းဝံတောင်ရိုးပေါ်ရှိ သီလရှင် ဆရာကြီး၊ ဆရာလေးများစုပေါင်း၍ ဝါကျွတ်ဩဝါဒခံယူပွဲအဖြစ် တွေ့မြင်ခဲ့ရသေးသည်။
