ပါမောက္ခချုပ်ဆရာတော်ကြီးတည်ထောင်ဖွင့်လှစ်ထားသည့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ သံတောင်ကျေးရွာရှိ မဇ္ဈိမပဋိပဒါ ဓမ္မစင်တာ၌ သီတင်းသုံးတော်မူကြသော သံဃာတော်များအား ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ယနေ့ အောက်တိုဘာ ၂၀ ရက်နံနက်ပိုင်းကကျင်းပရာ ပါမောက္ခချုပ်ဆရာတော်ကြီးကြွရောက်ချီးမြှင့်တော်မူခဲ့သည်။
ကထိန်အလှူရှင်များဖြစ်သည့် မန္တလေးမြို့နေ “သီရိရွှေစင်”စိန်ရွှေရတနာဆိုင်(မိသားစု)မှ ပါမောက္ခချုပ်ဆရာတော်ကြီးအား ကထိန်လျာသင်္ကန်း၊ မုန့်ခြင်းနှင့် နဝကမ္မအလှူတော်ငွေကျပ်သိန်း(၁၀၀)၊ ပင့်သံဃာတော် (၂၂)ပါးအား ကထိန်သင်္ကန်း၊ မုန့်ခြင်းနှင့် နဝကမ္မအလှူငွေကျပ်(၁၀)သိန်းစီတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့ပြင် မဇ္ဈိမပဋိပဒါဓမ္မစင်တာမှ ရှင်သာမဏေ(၇)ပါးအား သင်္ကန်း၊ မုန့်ခြင်းနှင့် နဝကမ္မအလှူငွေကျပ်(၅) သိန်းစီ၊ ဆရာတော်ကြီးစံကျောင်းပြုပြင်ထိန်းသိမ်းရန်အလှူငွေကျပ်သိန်း(၂၀၀)၊ မဇ္ဈိမပဋိပဒါဓမ္မစင်တာကျောင်းအတွက် ဆွမ်းပဒေသာပင်အဖြစ် အလှူငွေကျပ်သိန်း(၅၀)တို့ကိုလည်း ဆက်ကပ်လှူဒါန်းခဲ့သည်။
