Monday, March 17, 2025

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...

ပူတင် နှင့် ထရမ့် နက်ဖြန်...

အင်္ဂါနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ စကားပြောဆို‌ဆွေးနွေးရန်အတွက် ပြင်ဆင်နေကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က ယနေ့...
HomeNewsLocal Newsပါတီစုံဒီမိုကရေစီစနစ်ကို မှန်ကန်စွာဖော်ဆောင်နိုင်မှာသာ ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံသော...

ပါတီစုံဒီမိုကရေစီစနစ်ကို မှန်ကန်စွာဖော်ဆောင်နိုင်မှာသာ ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို လျှောက်လှမ်းနိုင်မည်ဖြစ်ဟု နစက ဥက္ကဌ ပြော

ပါတီစုံဒီမိုကရေစီစနစ်ကို မှန်ကန်စွာဖော်ဆောင်နိုင်မှာသာ ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို လျှောက်လှမ်းနိုင်မည်ဖြစ်ဟု နစက ဥက္ကဌ ပြော

ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊မြို့တော်ဝန်၊ဝန်ကြီးများ၊ခရိုင်၊မြို့ နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဘာသာရေးအသင်းအဖွဲ့များ၊စစ်မှုထမ်းဟောင်းများ၊ပရ ဟိတအဖွဲ့များနှင့်တွေ့ဆုံစဥ် နစက ဥက္ကဋ္ဌမှပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးအရသဘောထားကွဲလွဲမှုတွေ တိုင်းရင်း သားရေးအရ သဘောထားကွဲလွဲမှုတွေကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်နစ်နာမှုတွေဖြစ်ပေါ်ခဲ့ပါတယ် လက်ရှိအချိန်မှာ ပြည်တွင်းငြိမ်း ချမ်းရေးရဖို့အတွက် မိမိတို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိချိန်မှစ၍ နိုင်ငံရေးစနစ်အမျိုးမျိုးဖြင့် လျှောက်လှမ်းခဲ့ပြီး ယခုအခါတွင် ပြည်သူများလိုလားသည့် နိုင်ငံ ရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်အား လျှောက်လှမ်းလျက်ရှိသည်ဟု ပြောသည်။

“ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်ဖော်ဆောင်ရမှာဖြစ်ပြီး တစ်ဆက်တည်းမှာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနိုင်ရမှာဖြစ်ပါတယ် ဖက်ဒရယ်ဆိုတာ မတူကွဲပြားတဲ့ တိုင်းနဲ့ပြည်နယ်တွေ လူမျိုးစုတွေ စုစည်းလုပ်ကိုင်ခွင့်တွေကို ပေါင်း စည်းနေထိုင်တဲ့အယူအဆ မျှဝေခံစားတဲ့ အယူအဆလို မှတ်သားဖူးပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ ဖက်ဒရယ်စနစ်ကျင့်သုံးနေသည့် နိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံအုပ်ချုပ်မှုပုံစံများမတူညီကြဘဲ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် အုပ်ချုပ်ရေးစနစ်ကိုသာ ကျင့်သုံးနေကြဟု ပြော သည်။

ထို့ပြင် ဒီမိုကရေစီတွင်တူညီသည့် အခွင့်အရေးများပေးရမည်ဖြစ်ကာ ဖက်ဒရယ်စနစ်တွင်လည်း တူညီသည့် အခွင့်အရေးများပေးရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးရရှိရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဆက်လက်ဆွေးနွေးသွားမည်ဟု ပြော သည်။

အလားတူ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အကြောင်းအမျိုးမျိုးဖြင့် တွေ့ဆုံဆွေးနွေးမှုမပြုလုပ်နိုင်သော်လည်း မိမိတို့မှာနိုင်ငံရေးရည်မှန်းချက်နှစ်ရပ်အတိုင်း ခိုင်မြဲစွာ ဆောင်ရွက်သွားမည်ဖြစ်၍ ဆွေးနွေးရန်ကျန်ရှိသည့် အဖွဲ့များအား မိမိကမ်းလှမ်းထားသည့်အ တိုင်း ထပ်မံဖိတ်ခေါ်သည်ဟု ပြောသည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးရာမှာ အဆင်ပြေပြီးကောင်းမွန်တဲ့ တွေ့ ဆုံဆွေးနွေးတာတွေကိုလုပ်ပြီး နိုင်ငံငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် နိုင်ငံရေးအရသဘောထားကွဲလွဲမှုအား အ ကြောင်းပြ၍ အကြမ်းဖက်သတ်ဖြတ်နေသူများကို ဥပဒေနှင့်အညီ တရားဥပဒေစိုးမိုးရေး၌ ထိရောက်သည့် ပြစ်ဒဏ်များချမှတ်လျက်ရှိသည်ဟု ပြောသည်။

“အကြမ်းဖက်သတ်ဖြတ်မှုတွေကို နိုင်ငံတကာမှာလည်း လက်မခံပါဘူး နိုင်ငံရေးအရဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ မိမိတို့အနေနဲ့ ဒီမိုကရေစီနည်းလမ်းတွေအရ ဥပ ဒေနဲ့အညီသာ အရေးယူဆောင်ရွက်နေပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။

နစက ဥက္ကဋ္ဌ၏ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးဆွေး နွေးရန်ဖိတ်ခေါ်မှုအား မေ ၂၀ ရက်မှ ဇွန် ၂ ရက်အထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင် စီ(RCSS)၏ဗိုလ်ချုပ်ကြီးယွက်စစ်၊မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်း၊ကရင်အ မျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)ဥက္ကဋ္ဌဦးစောထော့လေး၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ဒု-ဥက္ကဋ္ဌဦးလော့ယာကုနှင့်အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ(NDAA)မိုင်းလား ဒု-ဥက္ကဌ ဦးစံပေ့ တို့တက်ရောက်ဆွေးနွေးထားပြီးဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း ထရမ့်ဆို

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို Autopen ဖြင့် လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။ Autopen (သို့မဟုတ် လက်မှတ်ရေးထိုးစက်) ဆိုသည်မှာ လက်မှတ်ကို အလိုအလျောက်ရေးထိုးရန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ဆယ်လီများသည် တစ်နေ့တာလုံး လက်မှတ်တောင်းခံရမှုများစွာကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့်၊ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ လူသိများသော ဆယ်လီပုဂ္ဂိုလ်များစွာတို့သည် သူတို့၏ လက်မှတ်ကို လူကိုယ်တိုင်တိုက်ရိုက်‌ရေးထိုးစရာမလိုဘဲ...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း၏ ပထမဆုံးခြေစမ်းပွဲ တရုတ် (ဟောင်ကောင်)အသင်းဖြင့် ယှဉ်ပြိုင်ကစားမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲစဉ်ကို ယခု မတ်လ (၁၉)ရက်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း ၏ ပထမဆုံးခြေစမ်းပွဲစဉ်တစ်ခုလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းအား ၂၀၂၅ ဆီးဂိမ်း နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု MFF...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ (၃၅၆) ဦးရှိ

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း သိရသည်။ ယနေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမရက်၌ မြန်မာစာဘာသာဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၄၁) ဦး၊ ကျောင်းသူ (၂၁၅) ဦး စုစုပေါင်း (၃၅၆) ဦး၊ ပျက်ကွက် ကျောင်းသား (၃) ဦး၊ ကျောင်းသူ (၄) ဦး စုစုပေါင်း (၇) ဦး ရာခိုင်နှုန်းအားဖြင့် (၉၈.၀၇)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071