Tuesday, March 18, 2025

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄...

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...
HomeInternationalပါကစ္စတန် ဓာတ်အားပြတ်တောက်မှုကြောင့် မိုဘိုင်းလ်နှင့်အင်တာနက်ဝန်ဆောင်မှုများရပ်ဆိုင်းနိုင်

ပါကစ္စတန် ဓာတ်အားပြတ်တောက်မှုကြောင့် မိုဘိုင်းလ်နှင့်အင်တာနက်ဝန်ဆောင်မှုများရပ်ဆိုင်းနိုင်

ပါကစ္စတန် ဓာတ်အားပြတ်တောက်မှုကြောင့် မိုဘိုင်းလ်နှင့်အင်တာနက်ဝန်ဆောင်မှုများရပ်ဆိုင်းနိုင် 

အစ္စလာမာဘတ်၊ဇူလိုင် ၁

နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မိုဘိုင်းနှင့်အင်တာနက်ဝန်ဆောင်မှုများ ရပ်ဆိုင်းသွားနိုင်ကြောင်းပါကစ္စတန် တယ်လီကွန်းအော်ပရေတာများကသတိပေးထားသည်။  

“ပါကစ္စတန်ရှိ တယ်လီကွန်းအော်ပရေတာများသည် နိုင်ငံတစ်ဝန်းတွင် နာရီပေါင်းများစွာ ဓာတ်အားပြတ်တောက်မှုကြောင့် မိုဘိုင်းနှင့်အင်တာနက်ဝန်ဆောင်မှုများကို ပိတ်ပစ်ရနိုင်သည်ဟုသတိပေးခဲ့ကြောင်း” Pakistan National Information Technology Board (NITB) မှတွစ်တာတွင်ရေးသားခဲ့သည်။

ဝန်ကြီးချုပ် Shehbaz Sharif က ဇူလိုင်လတွင် တိုင်းပြည်သည်ပိုမိုကြီးမားသည့် ဝန်ထုပ်ဝန်ပိုးကို ရင်ဆိုင်ရနိုင်သည်ဟု သတိပေးပြီးနောက် ရက်ပိုင်းအတွင်း ယခုကြေငြာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ပါကစ္စတန်အစိုးရအ‌နေဖြင့် သဘောတူညီချက်ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့​သော်လည်း လိုအပ်သော သဘာဝဓာတ်ငွေ့ရည် (LNG) ထောက်ပံ့မှုကို မရရှိနိုင်ကြောင်းတနင်္လာနေ့တွင် ၎င်းက ပြောကြားခဲ့သည်။

ပါကစ္စတန်တွင် အစိုးရ၀န်ထမ်းများအတွက် အလုပ်ချိန်များကို လျှော့ချခဲ့ပြီး ကရာချီအပါအဝင်မြို့အသီးသီးရှိ စက်ရုံများကိုလည်း စောစောပိတ်ရန်၊စျေးဝယ်စင်တာများနှင့် စက်ရုံများကို စွမ်းအင်ချွေတာရန်ပါအမိန့်ပေးထားသည်။

အစိုးရအနေဖြင့်လည်း​လောင်စာပိုမိုဝယ်ယူနိုင်​ရေး ကာတာနှင့်စကားပြောနေသည်ဟု ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီး Miftah Ismail ကပြောကြားခဲ့သည်။

ပါကစ္စတန်တွင် ဓာတ်အားပြတ်တောက်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဓာတ်အားနှင့် စွမ်းအင်ရင်းမြစ်များ နည်းပါးခြင်းကြောင့်ဖြစ်သည်။နိုင်ငံတွင် လောင်စာဆီပြတ်လပ်မှုနှင့် အဓိကရင်ဆိုင်နေရပြီး ပြည်နယ်အများအပြားတွင် ၁၂ နာရီကြာမီးပျက်သွားခဲ့ပြီး လောင်စာဆီပြတ်တောက်မှုကြောင့် လျှပ်စစ်ဓာတ်အားပေးဝေမှုတွင်လည်း ကြီးမားသောထိခိုက်မှုနှင့်ကြုံနေရသည်။

ရုရှားနှင့်ယူကရိန်းတို့ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ပြတ်လပ်မှုနှင့် လောင်စာဆီပြတ်လပ်မှု လည်းပေါ်လွင်လာသည်။

Source – Wio News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄ ရာခိုင်နှုန်းကျော်ရှိ

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၉၄ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ဖြေဆိုရာ၌ နေပြည်တော်အတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန(၄၇)ခု၌ မြန်မာစာဘာသာရပ်အား ကျောင်းသား(၅၄၈၄)ဦး၊ ကျောင်း သူ(၇၀၆၈)ဦး(စုစုပေါင်း ၁၂၅၅၂ ဦး)ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/နိုင်ငံခြားစာစစ်ဌာနပေါင်း(၇၇၀)တွင် မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသည့် ကျောင်း သား၊ ကျောင်းသူ(၁၉၆၃၃၇)ဦးရှိ၍ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း ထရမ့်ဆို

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို Autopen ဖြင့် လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။ Autopen (သို့မဟုတ် လက်မှတ်ရေးထိုးစက်) ဆိုသည်မှာ လက်မှတ်ကို အလိုအလျောက်ရေးထိုးရန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ဆယ်လီများသည် တစ်နေ့တာလုံး လက်မှတ်တောင်းခံရမှုများစွာကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့်၊ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ လူသိများသော ဆယ်လီပုဂ္ဂိုလ်များစွာတို့သည် သူတို့၏ လက်မှတ်ကို လူကိုယ်တိုင်တိုက်ရိုက်‌ရေးထိုးစရာမလိုဘဲ...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း၏ ပထမဆုံးခြေစမ်းပွဲ တရုတ် (ဟောင်ကောင်)အသင်းဖြင့် ယှဉ်ပြိုင်ကစားမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲစဉ်ကို ယခု မတ်လ (၁၉)ရက်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း ၏ ပထမဆုံးခြေစမ်းပွဲစဉ်တစ်ခုလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းအား ၂၀၂၅ ဆီးဂိမ်း နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု MFF...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071