အစ္စလာမာဘတ်၊ဇန်နဝါရီ ၁၅
ပါကစ္စတန်၌ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ၎င်း၏ ပထမဆုံး ပိုလီယိုရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုကိုစတင်ခဲ့ပြီး အသက်ငါးနှစ်အောက် ကလေး ၄၄ ဒသမ ၂ သန်းကိုရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်နှင့်အာဖဂန်နစ္စတန်တို့သည် ပိုလီယိုရောဂါဖြင့် ကလေးငယ်များ၏ ကျန်းမာရေးကိုခြိမ်းခြောက်နေနိုင်သေးသည့် ကမ္ဘာပေါ်မှ နှစ်ခုတည်းသောနိုင်ငံများဖြစ်သည်။
ပိုလီယိုရောဂါပိုးသည် ကလေးများ၏အာရုံကြောစနစ်ကိုထိခိုက်စေပြီး နောက်ဆုံးတွင်လေဖြတ်သည်အထိဖြစ်စေနိုင်သည့်ရောဂါတစ်မျိုးဖြစ်သည်။
ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းအစီအစဉ်အား ဇန်နဝါရီလ ၁၄ ရက်နေ့ကစတင်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ခရိုင်ပေါင်း ၁၅၆ ခုမှ ကလေးငယ် ၄၄ သန်းခန့်အား ကာကွယ်ဆေးတိုက်ကျွေးသွားမည်ဖြစ်ကြောင်းသိရသည်။
Source : AP