အစ္စလာမာဘတ်၊နိုဝင်ဘာ ၉
ပါကစ္စတန်သည် BRACE ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အတွက် ပူးတွဲရန်ပုံငွေအဖြစ် အာရှအခြေခံအဆောက်အဦရင်းနှီးမြှုပ်နှုံမှုဘဏ် (AIIB) ထံမှ ဒေါ်လာသန်း ၅၀၀ ရရှိမည်ဖြစ်ကြောင်းဘဏ္ဍာရေးဝန်ကြီး Ishaq Dar ကပြောကြားခဲ့သည်။
BRACE အစီအစဉ်သည် စီးပွားရေးအကျပ်အတည်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် လူမှုရေးဆိုင်ရာသက်ရောက်မှုများကိုတန်ပြန်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်၏ ငွေကြေးထောက်ပံ့မှုအစီအစဉ်တစ်ခုဖြစ်သည်။
အဆိုပါထောက်ပံ့ရေးငွေအား ၂၀၂၂ ခုနှစ်နိုဝင်ဘာလအတွင်း၌ ပါကစ္စတန်နိုင်ငံတော်ဘဏ်က လက်ခံရရှိမည်ဖြစ်ကြောင်း ဝန်ကြီးက၎င်း၏တွစ်တာတွင် ပြောကြားခဲ့သည်။
Source : Reuters
