ပါကစ္စတန်ရှိရေဘေးဒဏ်သင့်ဒေသများကိုပြန်လည်ထူထောင်ရန်နှင့်တည်ဆောက်ရန်အတွက် လာမည့်သီတင်းပတ်တွင်ပြုလုပ်မည့် ကုလသမဂ္ဂညီလာခံ၌ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဒေါ်လာ ၁၆ ဘီလျံကျော်ကို ပါကစ္စတန်ကတောင်းမည့်အစီအစဉ်ရှိသည်ဟု တာဝန်ရှိသူများက ဇန်နဝါရီ ၅ ရက်ကပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသသည် ရေကြီးမှု၊မိုးခေါင်မှု၊တိုင်ဖွန်းမုန်တိုင်းများ၊အပူလှိုင်းများနှင့် မြေငလျင်လှုပ်ခတ်မှုများနှင့်အတူ ကမ္ဘာ့ကပ်ဘေးအခံရဆုံးဒေသဖြစ်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအစီရင်ခံစာ၌ဖော်ပြထားသည်။
အဆိုပါသဘာဝဘေးအန္တရာယ်များအနက် ရေကြီးရေလျှံမှုသည် အဖြစ်အများဆုံးဖြစ်ပြီး ရေကြီးမှုကြောင့် သေဆုံးပျက်စီးမှုသည်လည်းအများဆုံးဖြစ်ကြောင်း အစီရင်ခံစာ၌ဖော်ပြထားသည်။
ပါကစ္စတန်၌ မနှစ်ကဖြစ်ခဲ့သည့် အဆိုပါရေကြီးရေလျှံမှုကြောင့် နိုင်ငံအတွက် အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ ခန့် ဆုံးရှုံးခဲ့ပြီး လူပေါင်းထောင်ချီ၍လည်းသေဆုံးခဲ့သည်။
Source : ဝိုင်ယို