Thursday, February 13, 2025

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ်...

ရုရှားကအမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကိုပြန်လွှတ်ပေး

မော်စကို၊ဖေဖော်ဝါရီ ၁၂ ရုရှားနိုင်ငံ၌ မူ-းယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကို အမေရိကသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများတွင်ဖော်ပြခဲ့သည်။ "လွှတ်ပေးလိုက်တာတော့သေချာပါတယ်။ဒါပေမဲ့ ဘယ်လမ်းကနေဘယ်လိုပြန်ပို့သွားတယ်၊ခေါ်သွားတယ်ဆိုတာတော့ကျွန်တော်တို့လဲမသိရပါဘူး" ဟု ဖိုဂယ်လ်၏ရှေ့နေကပြောကြားခဲ့ပြီး...

တရုတ်နှင့်အာဆီယံအကြီးတန်းအရာရှိများ ဆွေးနွေးပွဲကျင်းပမည်

ပေကျင်း၊ဖေဖော်ဝါရီ ၁၁ ဖေဖော်ဝါရီ လ ၁၂ ရက် နေ့မှ ၁၄ ရက် နေ့အထိကျင်းပမည့် ၃၁ ကြိမ်မြောက် တရုတ်-အာဆီယံ အကြီးတန်းအရာရှိများ...

ဇယ်လန်းစကီက ပူတင်နှင့် နယ်မြေဒေသလဲလှယ်ရန် ကမ်းလှမ်း

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၁ ယူကရိန်းသမ္မတ ဗိုလော်ဒီမီ ဇလန်းစကီး သည် အကယ်၍အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သာ ရုရှားနှင့် ယူကရိန်းကို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့...
HomeInternationalပါကစ္စတန်မှာ ဂျပန်လုပ်သားတွေပါဝင်တဲ့ အ‌ေ-သခံဗုံးခွဲတိုက်ခိုက်ခံရပေမယ့်...

ပါကစ္စတန်မှာ ဂျပန်လုပ်သားတွေပါဝင်တဲ့ အ‌ေ-သခံဗုံးခွဲတိုက်ခိုက်ခံရပေမယ့် ကံသီစွာ အသက်ဘေးလွတ်မြောက်

ပါကစ္စတန်နိုင်ငံ ဆိပ်ကမ်းမြို့ ကရာချိမှာ သောကြာနေ့က ဂျပန်နိုင်ငံသား ကားထုတ်လုပ်ရေးလုပ်သားတွေ တင်ဆောင်လာတဲ့ ဗင်ကားအနီးမှာ အ‌ေ-သခံဗုံးခွဲသမားတစ်ဦးက သူ့ရဲ့ ဖောက်ခွဲရေးပစ္စည်းဝတ်စုံကို ဖောက်ခွဲပစ်ခဲ့ပေမယ့် ဂျပန်လုပ်သားတွေ ကံသီစွာ အသက်ဘေးလွတ်ခဲ့ပြီး လမ်းပေါ်သွားလာနေသူ သုံးဦး ထိခိုက်ဒဏ်ရာရမှုဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

ဂျပန်လုပ်သား ငါးဦး ပါဝင်တဲ့ကားဟာ ၎င်းတို့အလုပ်လုပ်တဲ့ Pakistan Suzuki Motors ရှိရာ စက်မှုဇုံဧရိယာကို ဦးတည်သွားရောက်နေစဉ် တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသဆိုင်ရာရဲချုပ် အာရှတ် အေဝမ်က ပြောဆိုပါတယ်။ တိုက်ခိုက်ခံရချိန်မှာ ဂျပန်လုပ်သားတွေကို စောင့်ရှောက်လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့က တုန့်ပြန်ပစ်ခတ်ခဲ့တာကြောင့် အ‌ေ-သခံဗုံးခွဲသမားရဲ့ အပေါင်းအပါတစ်ဦး ‌ေ-သဆုံးခဲ့ပြီး ဗုံးခွဲသမားရဲ့ ကြွင်းကျန်ရုပ်အလေ-ာင်းကိုလည်း အခင်းဖြစ်နေရာကနေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာ ပစ်မှတ်ထားခံရတဲ့ ဂျပန်နိုင်ငံသားအားလုံး လုံခြုံဘေးကင်းခဲ့တယ်လို့ ရဲချုပ်က ဆက်လက် ပြောဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံသားတွေကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ပါကစ္စတန်သမ္မတ အဆစ်အလီ ဇာဒါရီနဲ့ ဝန်ကြီးချုပ် ရှာရှ်ဘတ်ဇ် ရှရစ်ဖ်တို့က ရှုတ်ချခဲ့ကြပါတယ်။

တိုက်ခိုက်မှုအပေါ် အလျင်အမြန် တုန့်ပြန်ဆောင်ရွက်ကာ တိုက်ခိုက်မှု မအောင်မြင်အောင် ဟန့်တားနိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ကိုလည်း ၎င်းတို့က သီးခြားထုတ်ပြန်ချက်တွေမှာ ချီးကျူးခဲ့ကြပါတယ်။ ဒါ့အပြင် အကြမ်းဖက်ဝါဒကို ချေမှုန်းပစ်မယ်လို့ ၎င်းတို့က ကတိပြုခဲ့ပြီး ဒဏ်ရာရသူတွေ အမြန်ဆုံးသက်သာလာစေဖို့ ဆုတောင်းခဲ့ကြပါတယ်။

ပါကစ္စတန်နိုင်ငံရှိ တရုတ်ငွေကြေးထည့်ဝင်လုပ်ငန်းအမျိုးမျိုးနဲ့ အခြားစီမံကိန်းများရှိ နိုင်ငံခြားသားတွေကို တိုက်ခိုက်မှုဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေရရှိပြီးနောက် ရဲတပ်ဖွဲ့က ဗင်ကားကို စောင့်ရှောက်လိုက်ပါပေးခဲ့တာဖြစ်တယ်လို့ အကြီးတန်းရဲအရာရှိ Tariq Mastoi က ပြောဆိုပါတယ်။ ရဲတပ်ဖွဲ့၊ အစောင့်တွေဟာ တိုက်ခိုက်မှုအပေါ် အချိန်ကိုက် လျင်မြန်စွာ တုန့်ပြန်ကာ ကျရှုံးမှုဖြစ်စေခဲ့ပြီး တိုက်ခိုက်သူနှစ်ဦးလုံးကို သုတ်သင်နိုင်ခဲ့တယ်လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။

လတ်တလောမှာ တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရကြောင်း သတင်းမှာ ဖော်ပြပါတယ်။

Ref: ဝါရှင်တန်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ် တပ်မတော်ထောက်လှမ်းရေးဌာန (DDIS) က ပြောကြားခဲ့သည်။ "ရုရှားသည် နေတိုး ကို စစ်ရေးအရအားနည်းသည်ဟု သတ်မှတ်မိပါက သို့မဟုတ် နိုင်ငံရေးအရ ကွဲပြဲ နေသည်ဟု မြင်မိပါက ဥရောပ နေတိုး အဖွဲ့ဝင် တစ်နိုင်ငံ သို့မဟုတ် တစ်ခုထက်ပိုသော နိုင်ငံများကိုဒေသတွင်းစစ်ပွဲတွင် စစ်အင်အားသုံးရန် ရုရှားက ပိုမိုဆန္ဒရှိလိမ့်မည်" ဟု အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့်...

ရုရှားကအမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကိုပြန်လွှတ်ပေး

မော်စကို၊ဖေဖော်ဝါရီ ၁၂ ရုရှားနိုင်ငံ၌ မူ-းယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကို အမေရိကသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများတွင်ဖော်ပြခဲ့သည်။ "လွှတ်ပေးလိုက်တာတော့သေချာပါတယ်။ဒါပေမဲ့ ဘယ်လမ်းကနေဘယ်လိုပြန်ပို့သွားတယ်၊ခေါ်သွားတယ်ဆိုတာတော့ကျွန်တော်တို့လဲမသိရပါဘူး" ဟု ဖိုဂယ်လ်၏ရှေ့နေကပြောကြားခဲ့ပြီး အသေးစိတ်ကိုထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ အမေရိကန်နိုင်ငံလုံခြုံရေးအကြံပေး မစ္စတာမိုက်ခ်ဝေါ့ဇ်ကမူ ထရမ့်ပ်၏အရှေ့အလယ်ပိုင်းအထူးသံတမန် မစ္စတာစတိဗ်ဝစ်တော့ဖ်သည် ဖိုဂယ်လ်ပြန်လွတ်ရေးအတွက်မော်စကိုသို့လာရောက်ခဲ့ပြီး ဖိုဂယ်လ်သည် ၎င်းနှင်အတူပြန်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက် ၆၁ နှစ်အရွယ်ရှိဖိုဂယ်လ်သည် မော်စကိုမြို့ရှိ အင်္ဂလိပ်-အမေရိကန် ကျောင်းတွင် သမိုင်းဆရာအဖြစ် ဆယ်စုနှစ်တစ်ခုနီးပါး အလုပ်လုပ်ခဲ့ကြောင်းလည်း CNN သတင်းဌာနကဖော်ပြခဲ့သည်။ ဖိုဂယ်လ်နှင့်၎င်း၏ဇနီးတို့ကို ၂၀၂၁ ခုနှစ်က နူးယော့ခ်မှရုရှားသို့အဝင်တွင် ခရီးဆောင်အိတ်အတွင်းမှမူ-းယစ်ဆေးများနှင့်အတူဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။၎င်း၏ဇနီးကို ပြန်လွှတ်ပေးခဲ့ပြီး အဆိုပါအမျိုးသမီးက နေအိမ်ရှိမူ-းယစ်ဆေးများကိုအချိန်မီဖယ်ရှားနိုင်ခဲ့သည်ဟုလည်းသိရသည်။ ၂၀၂၁ ခုနှစ်တွင်ဖမ်းမိပြီး...

တရုတ်နှင့်အာဆီယံအကြီးတန်းအရာရှိများ ဆွေးနွေးပွဲကျင်းပမည်

ပေကျင်း၊ဖေဖော်ဝါရီ ၁၁ ဖေဖော်ဝါရီ လ ၁၂ ရက် နေ့မှ ၁၄ ရက် နေ့အထိကျင်းပမည့် ၃၁ ကြိမ်မြောက် တရုတ်-အာဆီယံ အကြီးတန်းအရာရှိများ ညှိနှိုင်းဆွေးနွေးပွဲသည် တရုတ်နှင့်အာဆီယံကြားဘက်စုံ အရေးပါသောမိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ တရုတ်နိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် အဆိုပါကိုယ်စားလှယ်အဖွဲ့သည့် အာဆီယံအကြီးတန်းအရာရှိများအစည်းအဝေးအတွက် မလေးရှားနိုင်ငံမှညှိနှိုင်းရေးမှူးနှင့်တွဲဖက်ကာ ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်မည်ဟုလည်းသိရသည်။ တရုတ် - အာဆီယံ အကြီးတန်းအရာရှိများ ညှိနှိုင်းဆွေးနွေးပွဲသည် တရုတ်နှင့်အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေးဌာနများကြား အပြန်အလှန်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသည့် နှစ်စဉ်ပြုလုပ်‌နေကျယန္တရားတစ်ခုဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။ "ဒီဆွေးနွေးပွဲဟာ တရုတ်နဲ့အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာရရှိခဲ့တဲ့ အရေးကြီးတဲ့ ဘုံနားလည်မှု တွေကို အကောင်အထည်ဖော်ဖို့အတွက်ဆွေးနွေးမှုတွေ၊ဘက်စုံမိတ်ဖက်ဆက်ဆံရေးတိုးတက်ဖို့နဲ့ဒေသတွင်းသာမက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071