Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeInternationalပါကစ္စတန်က ၎င်း၏ လေပိုင်နက်အား...

ပါကစ္စတန်က ၎င်း၏ လေပိုင်နက်အား အမေရိကန်ဒရုန်းများကို သုံးခွင့်ပေးထားသည်ဟု တာလီဘန် စွပ်စွဲ

ပါကစ္စတန်က ၎င်း၏ လေပိုင်နက်အား အမေရိကန်ဒရုန်းများကို သုံးခွင့်ပေးထားသည်ဟု တာလီဘန် စွပ်စွဲ


ကဘူးလ်၊ သြဂုတ် ၂၈

ပါကစ္စတန်သည် အမေရိကန်ဒရုန်းများ အား အာဖဂန်နစ္စတန်အတွင်းသို့ ဝင်ရောက်နိုင်ရန် ၎င်း၏လေပိုင်နက်ကို အသုံးပြုခွင့်ပေးခဲ့ကြောင်း တာလီဘန် ခေတ်တ ကာကွယ်ရေးဝန်ကြီးက ဩဂုတ်လ ၂၈ ရက် တနင်္ဂနွေနေ့တွင်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် အယ်လ်ကိုင်ဒါခေါင်းဆောင် အိုင်မန် ဇာဝါဟီရီ ကို ဒုံးကျည်တပ် ဒရုန်းတစ်စီးလွှတ်ကာ လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ကြောင်း အမေရိက က ကြေညာခဲ့သည်။ ပါကစ္စတန်အာဏာပိုင်များက အဆိုပါ ဒရုန်းတိုက်ခိုက်မှု၌ ပါဝင်ပတ်သက်ခြင်း သို့မဟုတ် ဖြစ်ပွားမည်ကို ကြိုတင်သိနေခဲ့ခြင်း မရှိဟု ငြင်းဆိုထားသည်။

အာဖဂန်နစ္စတန် ခေတ်တကာကွယ်ရေးဝန်ကြီး မိုဟာမတ်က ယာကု့ဘ် က အမေရိကန်ဒရုန်းများသည် ပါကစ္စတန်မှတစ်ဆင့် အာဖဂန်နစ္စတန်အတွင်းသို့ ဝင်ရောက်လာကြောင်း ကဘူးလ်၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာရှိတဲ့ သတင်းအချက်အလက်တွေအရဆိုရင် အမေရိကန်ဒရုန်းတွေဟာ ပါကစ္စတန်ကိုဖြတ်ပြီး အာဖဂန်နစ္စတန်ကို ဝင်လာတာပါ၊ သူတို့ဟာ ပါကစ္စတန်ရဲ့ လေပိုင်နက်ကို အသုံးပြုနေတာပါ၊ ဒါကြောင့် ပါကစ္စတန်ကို ကျွန်တော်တို့ကို တိုက်ခိုက်ဖို့အတွက် ခင်ဗျားတို့ရဲ့ လေပိုင်နက်ကို အသုံးပြုခွင့်မ‌ေပးဖို တောင်းဆိုပါတယ်” က ၎င်းက ပြောကြားခဲ့သည်။

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူက အထက်ပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဘီလာဝဲလ် ဘူတို-ဇာဒါရီ က ၎င်းသည် အဆိုပါ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ပါကစ္စတန်လေပိုင်နက်မှာ အသုံးပြုခံထားရခြင်း မရှိကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ စွပ်စွဲမှုများအပြီး ထပ်မံစစ်ဆေးသွားမည်ဖြစ်သော်လည်း ရလဒ်မှာ ပြောင်းလဲသွားမည်မဟုတ်ဟု ၎င်းက ဆိုသည်။

တာလီဘန်သည် ဇာဝါဟီရီအား ၎င်းတို့ပိုင်နက်အတွင်း ခိုလှုံနေထိုင်ခွင့်ပြုထားခြင်းအားဖြင့် အာဖဂန်နစ္စတန်မှ အမေရိကန်ဦးဆောင်သော တပ်ဖွဲ့များ ဆုတ်ခွာရေး ၂၀၂၀ ပြည့်နှစ် သဘောတူညီချက်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့သည်။

တာလီဘန်က ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော ဒရုန်းလွှတ် လုပ်ကြံမှုအား စုံစမ်းလျက်ရှိပြီး အယ်လ်ကိုင်ခေါင်းဆောင်၏ ရုပ်အလောင်းကိုလည်း ယခုအချိန်အထိ ရှာမတွေ့သေးကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071