Monday, December 8, 2025

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌...

သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့...

စိုက်ပျိုးမွေးမြူရေးကို သီအိုရီနှင့် အခြေခံသုတေသနတို့မှ ရရှိထားသည့် အသိပညာများကိုအသုံးချပြီး မွေးမြူတိရိ စ္ဆာန်များ ထုတ်လှုပ်မှုစွမ်းရည်တိုးတက်စေခြင်း၊ နည်းလမ်းသစ်များရရှိရေး ဆောင်ရွက်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...
HomeCelebrities' Newsပရိသတ် နဲ့ အတူပျော်မယ့်...

ပရိသတ် နဲ့ အတူပျော်မယ့် တင်ဇာမော် ရဲ့ 7 Concert

မြန်မာပြည်က သီချင်းအဆိုကောင်းတဲ့ အမျိုး သမီး တေးသံရှင် တွေထဲမှာ ချန်လှပ်ထား လို့မရတဲ့ pop Legend တစ်ဦးဖြစ်တဲ့ တင်ဇာမော်က 7 Concert ဆိုတဲ့ နာမည်နဲ့ အောက်တို ဘာလ ၇ ရက်နေ့မှာ တစ်ကိုယ်တော် ဂီတပွဲကို ပြုလုပ် တော့မှာ ဖြစ်ပါတယ်။ ဒီဂီတဖျော်ဖြေပွဲ ကိုတော့ သုဝဏ္ဏ ဘူမိကွင်းမှာ Dream Lover တီးဝိုင်းရဲ့ တီးခတ်မှုနဲ့အတူ သီဆိုဖျော်ဖြေ တင်ဆက်မှာဖြစ်ပြီး ၇ စီးရီးထဲက သီချင်း တွေအားလုံးနဲ့ အခြားနာမည်ကျော် သီချင်းများစွာကို တစ်ကိုယ်တော် သီဆို ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့သိရ ပါတယ်။

မြန်မာပြည်က သီချင်းအဆိုကောင်းတဲ့ အမျိုး သမီး တေးသံရှင် တွေထဲမှာ ချန်လှပ်ထား လို့မရတဲ့ pop Legend တစ်ဦးဖြစ်တဲ့ တင်ဇာမော်က 7 Concert ဆိုတဲ့ နာမည်နဲ့ အောက်တို ဘာလ ၇ ရက်နေ့မှာ တစ်ကိုယ်တော် ဂီတပွဲကို ပြုလုပ် တော့မှာ ဖြစ်ပါတယ်။ ဒီဂီတဖျော်ဖြေပွဲ ကိုတော့ သုဝဏ္ဏ ဘူမိကွင်းမှာ Dream Lover တီးဝိုင်းရဲ့ တီးခတ်မှုနဲ့အတူ သီဆိုဖျော်ဖြေ တင်ဆက်မှာဖြစ်ပြီး ၇ စီးရီးထဲက သီချင်း တွေအားလုံးနဲ့ အခြားနာမည်ကျော် သီချင်းများစွာကို တစ်ကိုယ်တော် သီဆို ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့သိရ ပါတယ်။

“7 အခွေက ကျွန်မရဲ့ ခုနှစ်ခွေမြောက် အခွေပါ။ ဒီအခွေထဲက သီချင်းတွေနဲ့ ပရိသတ်နဲ့ ရင်းနှီးသွားပြီ ဆိုတဲ့အခါ ပရိသတ်နဲ့ ပွဲလေး လုပ်ချင်တယ်။ 7 ထဲက သီချင်းတွေ အားလုံးပါအောင် ဆိုဖို့ ကြိုးစားမှာပါ။ ဒီတစ်ခွေလုံး အပြင် ကျွန်မရဲ့ သီချင်းတွေထဲက ပရိသတ် အကြိုက်များတဲ့ သီချင်း တွေလည်း ဆိုပါမယ်။ Dream Lover တီးဝိုင်းနဲ့ တီးပါမယ်။ ကျွန်မ အနေနဲ့က အခြေအနေ အကြောင်းကြောင်းကြောင့် ကိုယ့်ပြည် ကိုယ့်မြေနဲ့  ဝေးနေရပါတယ်။ ဖျော်ဖြေပွဲတွေ လည်း အမြဲသီဆိုဖို့ ကျွန်မမှာ အခွင့်အရေးမ ရှိပါဘူး။ အဲဒီအတွက် ရှိတုန်းလေးမှာ ပွဲသီဆိုရပါတယ်။ ၇ စီးရီးထဲက သီချင်းတွေ သီဆိုဖို့ စီစဉ်တဲ့ အချိန်မှာလည်း ကျွန်မ အဝေးမှာပါ။ ဒီပွဲ အတွက် စဉ်းစားရွေးချယ် တိုင်ပင်ကြတဲ့ ဒီအချိန်အတွင်းမှာ အကောင်းဆုံး ကြိုးစားမှာပါ။ ကျွန်မ အနေနဲ့လည်း ပွဲတွေ အများကြီးမှာ ပရိသတ်ကို အမြဲ သီဆိုပြဖို့ အခွင့်အရေး မရှိတဲ့အခါ ချစ်ရတဲ့ ပရိသတ်နဲ့ တွေ့ဆုံရဖို့ အတွက် ကျွန်မကိုယ်တိုင်လည်း ရင်ခုန်နေပါတယ်။ ပြီး တော့ ဒီတစ်ခွေလုံးက သီချင်းတွေကို စင်ပေါ် မှာဒါပထမဆုံးသီဆိုမှာ ဖြစ်တဲ့အတွက် စိုးရိမ်ရင်ခုန် မိပါတယ်” လို့ တင်ဇာ မော်က ပြောပြပါတယ်။  ဒီဘက်နောက်ပိုင်းမှာတော့ ပြည်တွင်းပွဲတွေ အပြင် ပြည်ပက ဝင်ရောက်လာတဲ့ နိုင်ငံတကာ ဂီတဖျော်ဖြေပွဲ တွေလည်း ရှိလာ ပါတယ်။ ဒီလိုဖျော်ဖြေပွဲတွေ ပိုမို များပြားလာတာ နဲ့အမျှ ပြည်တွင်း က Artist တွေအနေနဲ့ အရင်ထက် ပိုမိုပြင်ဆင်ရမှု တွေရော ရှိလား ဆိုတာ မကြာမီမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်တော့မယ့် တင် ဇာမော်ကို မေးကြည့်ဖြစ် ပြန်တော့ “နိုင်ငံတကာပွဲဆိုတဲ့ နေရာမှာ အာရှက ပဲဖြစ်ဖြစ် အနောက်နိုင်ငံ တွေကလာတဲ့ ပွဲပဲဖြစ်ဖြစ် အဓိက တော့ Plan ကောင်းကောင်းချပြီး လေ့ကျင့်ထားတဲ့ အဖွဲ့တွေကို လေ့ ကျင့်မထားတဲ့ အဖွဲ့တွေက မမီတာ တော့ အမှန်ပဲ။ အနုပညာရှင်တွေ ပေါင်းပြီး တင်ဆက်တဲ့ အနုပညာ တစ်ခုဟာ ကိုယ်စိတ်နှလုံး အားလုံး ပေါင်းပြီး လုပ်တာနဲ့ မလုပ်တာနဲ့ ကွာခြားတယ်။ အနုပညာသီးသန့် ဖော်ပြတာနဲ့ အနုပညာ အပြင် အခြား ကဏ္ဍတွေက အစ သေချာ စိတ်နှစ်ပြီး လုပ်တာ ကွာခြားတယ်။ ဥပမာ ဟာမိုနီ၊ အတီးပိုင်းကအစ သီချင်းမှာ Dancer ထည့် ဖို့လိုတာမျိုး ဆိုရင် ကိုယ်တိုင်ကပါ လိုက်ကနိုင် အောင် လေ့ကျင့်တာမျိုးအထိ လိုအပ်တယ်။ အဖွဲ့လိုက် တင်ဆက်ရတဲ့ အခါမျိုးမှာလည်း အားလုံး တညီတညွတ် တည်းပေါ့။ အဲဒါမျိုးဆိုရင်တော့ နိုင်ငံတကာပွဲတွေ နဲ့ ယှဉ်နိုင်ပါတယ်။ ပြီးတော့ စက်ပိုင်း ဆိုင်ရာပေါ့။ အနု ပညာအရ ဘယ်လောက်ပဲ အားထုတ် အားထုတ် စက်ပိုင်း ဆိုင်ရာ အားနည်းမယ် ဆိုရင်လည်း နိုင်ငံတကာနဲ့ ယှဉ်ရင် အားနည်းမှာပဲ။ အဖက်ဖက်က အပြည့် စုံဆုံးဖြစ်အောင် လုပ်နိုင်ရင်တော့ ယှဉ်နိုင်ပါတယ်။ အစ်မတို့အနေ နဲ့လည်း အနုပညာအရမှာ ကိုယ်စွမ်းသလောက် အစွမ်းကုန် လုပ်မှာပဲ။ ဖြစ်သလို အဖက်ဖက်က ပံ့ပိုးမှုတွေလည်း လိုပါတယ်။ အခု စကားစပ်မိလို့ ပြော ရရင် ကျွန်မက အကဆိုရင် အားနည်းပါတယ်။ ကျွန်မ သီချင်းတွေထဲမှာ ကပြီး သီဆိုရတဲ့ သီချင်းမျိုးတွေ ရှိပေမယ့် အဲဒီဘက် အပိုင်းမှာ အားနည်းတဲ့အခါ သေချာ လေ့ကျင့်လို့ရမယ့် သူတစ်ယောက် ဖြစ်ရင်တော့ ပိုပြည့်စုံမှာပေါ့။ အခြေ အနေအရ လေ့ကျင့်ဖို့ မလွယ်တဲ့အတွက် ဒါက ကျွန်မ အားနည်းချက် တစ်ခုလို ဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။

တင်ဇာမော်က အောက်တိုဘာ လ ၇ ရက်နေ့မှာ ကျင်းပ ပြုလုပ်မယ့် သူမရဲ့ ဂီတဖျော်ဖြေပွဲအတွက် တီး ဝိုင်းနဲ့အတူ သီချင်း တိုက် ပြင်ဆင်မှုတွေ ပြုလုပ်နေ လျက်ရှိပြီး အောက်တိုဘာလ ၇ ရက်နေ့  ၇ ဃသညခနမအ မှာတော့ ပရိသတ်နဲ့အတူ သီချင်းတွေ အားပါးတရ သီဆို ဖျော်ဖြေသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရဲရဲ ၊ 

ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071