တင်မောင်ဆန်းမင်းဝင်းရဲ့မွေးနေ့အလှူကို စက်တင်ဘာ ၈ ရက်နေ့၊ မနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ အင်း စိန် မြို့နယ်ရှိ မင်္ဂလာပရိယတ္တိစာသင် တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ သံဃာ အပါး ၃၈ဝ ကို ဆွမ်းဆက်ကပ်လှူ ဒါန်းခဲ့ပြီး ဝတ္တုငွေကိုလည်း ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ ဒီအလှူကိုတော We Love Tin Maung San Min Win အဖွဲ့က ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါ တယ်။ တင်မောင်ဆန်းမင်းဝင်းရဲ့ မွေးနေ့ရက်ကတော့ စက်တင်ဘာ ၁၁ ရက်နေ့ပဲဖြစ်ပါတယ်။
” We Love တွေကို ချစ်ပါတယ်။ သူတို့မှာ ဖြူစင်တဲ့မေတ္တာပဲရှိကြ တယ်။ ၃ နှစ်ရှိပြီ ဒီလိုအလှူလေး တွေ လုပ်ပေးကြတာ။ ကိုယ်ကလုပ် ပေးနော်လို့ မပြောရဘဲနဲ့ ကိုယ်မေ့နေ တဲ့ ကုသိုလ်ကို သူတို့ဖြည့်ပေးတာပါ။ အဲဒါကြောင့်လည်း တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပရိသတ်တွေရဲ့ မိသားစုတွေ ကျန်းမာချမ်းသာပါစေလို့ မေတ္တာပို့ ပေးပြီးမှ ကျွန်တော်အလှူကို ထွက် လာခဲ့တာပါ။ ကျွန်တော့်အနေနဲ့ အများကြီးလည်း ကျေးဇူးတင်တယ်။ ကိုယ်မွေးတဲ့ မိဘကပဲ ပေးနိုင်တဲ့ မေတ္တာတစ်ခုကို အားလုံးက ပေးကြ တဲ့အတွက် ကျွန်တော့်အနေနဲ့လူတွေ အပေါ်ထားတဲ့ မေတ္တာလို့ပဲ ကိုယ့် ကိုယ်ကိုယ်ပြန်တွေးမိပါတယ်။ ဒီ ထက် စိတ်ထားကောင်းကောင်း လေးပိုထားရမယ်လို့တွေးမိပါတယ်။ ပရိသတ်တွေအနေနဲ့ အနုပညာအ လုပ်မှာအထစ်အငေါ့လေးရှိရင် ကျွန် တော့်ကို နားလည်ပေးပါ။ ခွင့် လွှတ်ပေးပါ။ သူတို့ကလည်း ချစ်ခြင်း မေတ္တာနဲ့တော့ ခွင့်လွှတ်ပေးကြမှာပါ။ ရွှေမန်းကို ထိန်းသိမ်းပေးတဲ့လူငယ် တစ်ယောက်အနေနဲ့ရော ရွှေမန်းကို ချစ်တဲ့ပရိသတ်များအားလုံးရော စိတ်တူကိုယ်တူလေးနဲ့ လက်ခုပ်သံ ချင်းတူပေးကြပါလို့။ တစ်ယောက် တည်း ရုန်းရတာဖြစ်တဲ့အတွက် အမှားအယွင်းများရှိခဲ့ရင် ရွှေမန်း ဂုဏ်ကိုလည်း ထိခိုက်မှာ ကျွန်တော် တအားကြောက်တယ်။ ဒါကြောင့် ကျွန်တော့်အပေါ်မှာနားလည်ပေးကြပါလို့ ပြောချင်ပါတယ်”လို့ တင်မောင် ဆန်းမင်းဝင်းက သူ့ရဲ့ပရိသတ်တွေ ကို စကားဆိုပါတယ်။
လင်းအက္ခရာ၊
ဓာတ်ပုံ-အောင်ဇော်မင်း