Monday, February 9, 2026

ယခုနှစ်တွင် JLPT စာမေးပွဲ ထပ်တိုးစည်းကမ်းချက်များ...

စာဖြေခန်းသို့ရောက်ရှိချိန် သတ်မှတ်မှုများလည်း ပါဝင် ၂၀၂၆ ခုနှစ် JLPT စာမေးပွဲ၏ စာဖြေခန်းသို့ရောက်ရှိချိန် သတ်မှတ်မှု အပါအဝင် ထပ်တိုးစည်းကမ်းချက်နှင့် ပတ်သက်၍ ဂျပန်ဖောင်ဒေးရှင်း ရုံးချုပ်မှ...

အင်းလေးကန် မတိမ်ကောစေရေးနှင့် သဘာဝဝန်းကျင် ဂေဟစနစ်မပျ-က်သုဉ်းစေရေး...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် မတိမ်ကောစေ‌ရေးနှင့် သဘာဝဝန်းကျင် ဂေဟစနစ်မပျ-က်သုဉ်းစေရေး လုပ်ဆောင်ကြရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တိုက်တွန်းပြောကြားခဲ့သည်။ ထို့ကြောင့် အင်းလေးကန်မတိမ်ကောစေရန်...

ဂျပန်ရွေးကောက်ပွဲ ဆနားအဲတာကာအိချီ အပြ-တ်အသ-တ်အနိုင်ရ

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီ၏ အာဏာရညွန့်ပေါင်းအစိုးရသည် တနင်္ဂနွေနေ့က အောက်လွှတ်တော်ရွေးကောက်ပွဲတွင် အပြ-တ်အသ-တ်အနိုင်ရရှိခဲ့ပြီး အများစု အမတ်နေရာ သုံးပုံနှစ်ပုံကို ရရှိခဲ့သည်။ သူ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ)...

ကမ္ဘာအဆင့် (၁) ဆိုလာ အင်ဗာတာထုတ်လုပ်သည့်...

EO G2 off-grid inverter အသစ်ကိုတရားဝင်မိတ်ဆက်ခဲ့ ကမ္ဘာအဆင့် (၁) ဆိုလာ အင်ဗာတာထုတ်လုပ်သည့် GoodWe မှ 2026 Myanmar Power...
HomeCelebrities' Newsပရိသတ်တွေကို သီချင်းတစ်ပုဒ် လက်ဆောင်...

ပရိသတ်တွေကို သီချင်းတစ်ပုဒ် လက်ဆောင် ပေးလိုက်တဲ့ အေးဝတ်ရည်သောင်း

aye

အခုလတ်တလော ဖေ့စ်ဘုတ်(စ်) စာမျက်နှာပေါ်မှာ ပရိသတ် တွေ စိတ်ဝင်စားမှု များပြားနေပြီး ‘ မအေးသောင်း’ လို့ ချစ်စနိုး ခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် ‘အေးဝတ်ရည်သောင်း’က သူ့ရဲ့ ပရိ သတ်များအတွက် အင်တာနက် ပေါ်ကနေပြီး သီချင်းတစ်ပုဒ်ကို လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။ ဒီသီချင်းနာမည်ကတော့ ‘မောင့် ကဗျာသို့ လွမ်းချင်း’ ဖြစ်ပြီး တေးရေးလင်းထက်ကရေး သားထားပေးတာ ဖြစ်ပါတယ်။ အရင်က သီချင်းဆိုခဲ့ဖူးပေမယ့် အခု သီချင်းသီဆိုတဲ့အချိန်မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ ပတ် သက်ပြီး…

” သီချင်းဆိုတာပေါက်စီ တအားကျွမ်းကျင်တဲ့ အရာ တစ်ခုတော့ မဟုတ်ပါဘူး။ မဆိုတတ် ဆိုတတ်နဲ့ပဲ ဆိုခဲ့တာပါ။ ဒီသီချင်းလေးကလင်းထက်ကနေ ပေါက်စီကို လက်ဆောင် ပေးတယ်။ ပေါက်စီလည်း တအားကြိုက်လို့ ဆိုဖြစ်တာပါ။ အရင်ကတော့ ဆိုဖူးတယ်။ ဒါပေမဲ့ ကြာမှပြန်ဆိုတာ အခု ပထမဆုံးပါပဲ။ ဒီသီချင်းလေး အသံသွင်းတော့ Studio မှာ Mood ရအောင်ရော၊ အိုက်တင်တွေပါ သင်ပေးနေရ တယ်။ တော်တော်လေး ကြိုးစားလိုက်ရတယ်။ ဆိုးဆိုး ရွားရွား အခက်အခဲ မရှိပေမယ့် Mood ရအောင်တော့ တော်တော်လေးဆိုရတယ်။ ဒါက အမှတ်တရ ဖြစ်အောင် ရယ်၊ ပရိသတ်ကို လက်ဆောင်ပေးတဲ့ သဘောနဲ့ပဲ ဆို တာပါ။ သီချင်းတွေ၊ ဘာတွေ ဆက်ဆိုဖို့တော့ မရှိပါဘူး” လို့ ပြောပြပါတယ်။

” မောင့်ကဗျာသို့ လွမ်းချင်း” သီချင်းရဲ့ MTV လေးမှာတော့ အေးဝတ်ရည်သောင်းက နေတိုးနဲ့ အတူ ၁၉၉ဝ ခုနှစ်ဝန်းကျင်က ပုံစံရိုက်ကူးထားတာကို တွေ့ရ ပါတယ်။ သီချင်း MTV လေး ဖန်တီးရိုက်ကူး ဖြစ်တဲ့ အိုင်ဒီယာလေးနဲ့ ဒီသီချင်းအပေါ် ပရိသတ်တွေရဲ့ တုံ့ပြန်မှု အကြောင်းကိုတော့ …

“MTVက ပေါက်စီတို့ (၉ဝ)ခုနှစ် ဝန်းကျင်က ပုံစံ လေးတွေ အခြေခံပြီး စာအုပ်ဆိုင် ခေတ်လေးကို အမှတ်ရ တဲ့အတွက် ရိုက်ထားတာပါ။ အဲဒီခေတ်က အင်တာနက် လည်း မပေါ်သေးပဲနဲ့ စာအုပ်ဆိုင်၊ ဗီဒီယို အငှားဆိုင်၊ ကတ်ဆက်အခွေငှားဆိုင် လေးတွေပဲ ရှိတယ်။ အဲဒီပုံစံ လေးတွေဆိုရင် ပိုပြီး ချစ်ဖို့ကောင်းမယ်။ ပေါက်စီနဲ့လည်း လိုက်မယ် ဆိုပြီး ပုံဖော်လိုက်တယ်။ သီချင်းလေး တင် လိုက်တော့ MTV လေးကို ကြိုက်ကြတယ်လို့ ကြားရတယ်။ သီချင်းပိုင်းကတော့ ပေါက်စီရဲ့ အသံကောင်းတယ်ဆိုတာ ထက် ၊ နားထောင်လို့ရတယ်လောက် ပြောကြတာတွေ လည်းရှိတယ်။ တချို့ကျတော့ ဇာတ်ကားထဲကဖြတ်၊ ညှပ်၊ ကပ် လုပ်ထားလားဆိုပြီး မေးကြတယ်။ ပရိသတ်ရဲ့ Feed Back ကတော့ အစ်မကျေနပ်တယ်။ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ပရိသတ်ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့ရင် ရပါပြီ” လို့ အေးဝတ်ရည်သောင်းက ပြော ပါတယ်။

လတ်တလောမှာ အေးဝတ်ရည်သောင်းကဒါရိုက် တာ သြရသ ရိုက်ကူးတဲ့ “မင်္ဂလာရှိသော အရပ်” ဇာတ် လမ်းတွဲကို ပြင်ဦးလွင်မှာ မြင့်မြတ်၊ Kelvin Kate ၊ နွယ်ဒါ လီထွန်း တို့နဲ့အတူ ရိုက်ကူးလျက် ရှိပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-ကောင်းစွမ်းသာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071