Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeCelebrities' Newsပရိသတ်တွေကို လိမ်ညာပြီး စီးပွားရေး...

ပရိသတ်တွေကို လိမ်ညာပြီး စီးပွားရေး မလုပ်ပါဘူးဆိုတဲ့ စန္ဒီမြင့်လွင်

sml

စန္ဒီမြင့်လွင် ထုတ်လုပ်တဲ့ KoeKo Fashion အမှတ်တံဆိပ်ဖိနပ်ကို ဝယ်ယူတဲ့ customer တစ်ဦးမှ အွန်လိုင်းပေါ်မှာ ဝေဖန်ထားတာတွေ့ရ ပါတယ်။ ဒီလိုဝေဖန်မှုနဲ့ ပတ်သက်ပြီး စန္ဒီမြင့်လွင်ကအခုလိုဖြေရှင်းခဲ့ပါတယ်။

“အွန်လိုင်းမှာ ဖြစ်တဲ့ကိစ္စက ဒီးဒီထင် တာတော့ အဲဒီအစ်မတွေက သူတို့ စိတ်ထဲမှာ ပစ္စည်းကိုလည်း မကြိုက်ဘူး။ ဒီးဒီကိုလည်း မကြိုက်ဘူးပေါ့။ ပုံမှန်ဆိုရင်တော့ ဒီလိုပစ္စည်းမျိုးက သက်သက်မဲ့ကြီး ခွာဖို့ဆိုတာ မလွယ်ပါဘူး။ နောက် တစ်ခုက ဒီးဒီတို့က တံဆိပ်ကို အပေါ်က ပြန်ကပ်ထားတယ်ဆိုတာ ကုမ္ပဏီတစ်ခုတည်းကဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီက နေမှာပြီး ဒီတံဆိပ်ကို ဓာတ်ပုံရိုက်ဖို့အတွက်ရော နောက်ထပ် ကုန်ပစ္စည်းတွေမှာဖို့ ပစ္စည်းကြန့်ကြာ မယ် ဆိုတဲ့အတွက် ကြောင့်မို့ရော ကုမ္ပဏီတူတူပဲမို့လို့ သေချာပြန်ချုပ် လိုက်တာပါ။သို့သော် ဒီတံဆိပ်က သေသေချာချာဖျက်ချဖို့ ရည်ရွယ် ချက်လက် နက်တစ်ခုခု ပစ္စည်းတစ်ခုခုမပါဘဲ ဒီလိုပစ္စည်းမျိုး ကခွာလို့မရပါဘူး။

စက်ရုံက သေသေချာချာ လုပ်ထားတာပါ။ နောက် တစ်ခုကကျတော့ ဒီးဒီတို့ ကိုယ်တိုင် လုပ်ထားတဲ့ဟန်းမိတ်ပန်းပွင့်လေးတွေက ခွာလို့ရပါ တယ်။ ဟန်း မိတ်မို့လို့ပါ။ ခွာလို့ လွယ်ကူပါတယ်။ ကိုယ် မကြိုက်ရင် ခွာလိုက် ပေါ့။ ဒါပေမဲ့ စက်ရုံမှာ သေသေချာချာ လုပ် ထားတာပါ။ လက်နဲ့ ဖြန်းခနဲဆို ခွာလို့မရပါ ဘူး။ နောက် တစ်ခုက မာမာကြီးဖြစ်နေတဲ့ သားရေလို့ ပြောပါတယ်။ ဒေါက်ဖိနပ်ကို ဒီလိုမာမာ မလုပ် လို့ ဘယ်လိုလုပ်လဲ ဒီးဒီမသိဘူး။ ဒီးဒီ လည်း ဖိနပ် အကြောင်း အများကြီး မတတ်သလို မကျွမ်းကျင်ပါ ဘူး။ ဒေါက်ဖိနပ်ဆို တာ ဒီလိုပဲ မာရတာ ပဲလေ။ပျော့တဲ့ဒေါက်ဖိနပ် တော့ မတွေ့ဖူးဘူး။ စင်ဒရဲလားဖိနပ် တော့ မပြောတတ်ဘူး။ ပျော့မယ် ထင်တယ်။ (ရယ်လျက်)၊

အဲဒါတွေ ကတစ် ယောက်တည်းကပဲ ပြောခဲ့ တာပါ။ တခြား review တွေနဲ့ တခြား customer တွေ အများကြီး က တော့ သူတို့ဒီပစ္စည်းကို သူတို့ ယုံကြည်ကြတယ်။ ကြိုက်ကြ တယ်လို့ ပြန်ကြားရပါတယ်။ ဒီးဒီကို ချစ်လို့ပဲ ပြောသည်ဖြစ်စေ၊ ချစ်လို့ဝေဖန်တဲ့ အကြံပြုချက်မျိုး ဖြစ်ခဲ့လို့ ရှိရင်လည်း ကျေကျေနပ်နပ်ကြီးလက်ခံပါတယ်။ မုန်းလို့ ပြောခဲ့ရင်လည်း လက်ခံပါတယ်။ဘာဖြစ်လို့လဲဆိုရင် ဒီမှာက အွန် လိုင်း သဘာဝအရအားလုံးလိုလို ပြောခံနေရတာဆိုတော့ ဘာမှသိပ်ပြီး စိတ် ထဲမှာ စိတ်ဆိုးတာတို့မဖြစ်တော့ဘူး။ စိတ်မကောင်းတော့ ဖြစ်တယ်။ ကိုယ် ပထမဆုံး လုပ်တဲ့အလုပ်။ ဒီးဒီက စီးပွားရေး မကျွမ်းကျင်ဘူး။

သူငယ်ချင်းနဲ့ ပေါင်းပြီး တော့လုပ်ရတယ်။ အမှန်အတိုင်းပြောရရင် ဒီးဒီက သီချင်းလေးပဲ အေးအေး ဆေးဆေးသွားဆို ‘အခွေထုတ်’ အဲဒီဘဝနဲ့ပဲနေလာတာ တော်တော်ကြာပြီ။ အဲဒီအပေါ်မှာပိုပြီးအသားကျသလို ကိုယ့်ကိုယ်ကိုယ်လည်း ဘယ်လောက်တန် လဲဆိုတာလည်းမသိဘူး။ ကိုယ်သတ်မှတ်ထားတဲ့ ပမာဏ ရရင်ကျေနပ်တယ်။ စင်ပေါ်မှာကိုယ်နဲ့ ပရိသတ်အဆင် ပြေရင် ပြီး ရော။ အဲဒီလိုဘဝနဲ့ပဲ နေလာခဲ့ တော့ အခုအချိန်မှာ အသက်အရွယ်တစ်ခုလည်း ရလာပြီဆိုတော့ စီးပွားရေး လုပ်ဖို့ စဉ်းစားတဲ့ အချိန်မှာ မန္တလေးက သူငယ်ချင်းနဲ့ တွေ့ပြီး သူနဲ့ နှစ်ယောက် ပေါင်းပြီး ဒီစီးပွားရေးလုပ်မယ်ဆိုပြီးကြံစည်ဖြစ်တာပေါ့။

အမှန်အတိုင်းပြောရရင် ဒီလိုမျိုးရှင်းပြရတဲ့ကိစ္စတွေကို ဘာမှမလုပ်ချင်ပါဘူး။ ဒါပေမဲ့ မဖြေရှင်းလို့ မရတဲ့အနေအထားလေးတွေရှိတယ်။ အားလုံးကလည်း ဒီးဒီဖြေရှင်းမှဖြစ် မယ်ဆိုပြီးတောင်းဆိုကြတယ်။ နောက်တစ်ခုကဒီးဒီတို့ ဖိနပ်တွေကို ၁ရက်နေ့ကနေ preorder စကောက်တဲ့ နေ့ကစပြီး ၁ဝရက်နေ့ လူ၁ဝယောက် စပို့တဲ့ အချိန်ထိ order တွေ တအားများတယ်။ နယ်ကိုယ်စားလှယ်တွေ အများကြီးရှိတယ်။ အဲဒီယုံကြည်မှုကို မပျောက်စေချင်ဘူး။ သူတို့တွေက ဒီးဒီ တို့ဆီက ငွေကုန်ကြေးကျခံပြီး ယူထားရတာ။ သူတို့ကိုလည်း မထိခိုက်စေချင် ဘူး။ ဒါ့ကြောင့်မို့လို့ ရှင်းပြရတာပါ။

ဒီးဒီက ဒီအလုပ်ကို စပြီးလုပ်ကိုင်ကတည်းက စိတ်လည်း ဝင်စားတယ်။ အရမ်းလည်းပျော်တယ်။ စိတ်ရောလူရော အကုန် လုံးနှစ်ထားတယ်။ သေသေချာချာအားလုံးကိုယ်တိုင်ကိုယ်ကျလုပ်ခဲ့ တယ်။ စေတနာလည်း အများကြီးထည့်ထားတယ်။ တကယ်လို့ ဒီးဒီတို့လုပ်တဲ့ ဖိနပ်လုပ်ငန်းကြောင့် အဆင်မပြေမှု တစ်စုံတစ်ရာရှိခဲ့ရင်စလုပ်လုပ်ချင်းမှာအမှားဖြစ်သွားတယ်အော်ဒါ မှာတာတွေ နောက်ကျတယ်ဆိုတဲ့ စကားမျိုးတွေ ကြားရရင် ဒီနေရာကနေ request လုပ်ပါတယ်။ဒီးဒီတို့ကိုအကြံပေးတဲ့အကြောင်းအရာတွေရောထောက်ပြတဲ့ အကြောင်းအရာတွေကိုရော ဒီ့ထက်ပို ကောင်းအောင် ပြင်ဆင်သွားပါ့မယ်။

နောက်ကို အမှားနည်း နိုင်သမျှနည်းအောင် ကြိုးစားသွားပါ့မယ်။ နောက်ဆုံး ပြောချင်တာက ဒီးဒီက ပရိသတ်ကို ညာ မရောင်းပါဘူး။ လိမ်မရောင်း ပါဘူး။ ဂျင်း လည်းမထည့်ပါဘူး။ ဒီးဒီရဲ့ သမိုင်း ကြောင်းမှာလည်း ဒီးဒီနဲ့ပေါင်း ဖူးတဲ့လူတိုင်း သိပါတယ်။ ဘယ်သူ့ကိုမှလည်း လိမ်ညာမဆက်ဆံဘူးသလို၊ ဘယ်သူ့ဆီကမှလည်း လိမ်ညာ မယူခဲ့ဖူးပါဘူး။ စီးပွားရေးကို စီးပွားရေး ဆန်ဆန်မဟုတ်ဘဲ၊ နူးညံတဲ့ စီးပွား ရေးပုံစံပဲ လုပ်ချင် ပါတယ်။ လူတွေကို ဂျင်းထည့်တဲ့ စီးပွားရေးပုံစံ မလုပ်ပါဘူး။ ဒီးဒီက ဗုဒ္ဓ ဘာသာဝင်တစ်ယောက် ဖြစ်နေလို့ပါ”

ခိုင်ဝေလွင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071