Thursday, December 5, 2024

တရုတ်တက္ကသိုလ်များ၌ ချစ်မှုရေးရာသင်ခန်းစာများသင်ကြားရန်တောင်းဆို

နိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းနေမှုကို မြှင့်တင်နိုင်ရေးကြိုးပမ်းချက်အဖြစ် လက်ထပ်ထိမ်းမြားခြင်း၊ ချစ်ချင်းမေတ္တာ၊ မျိုးပွားခြင်း နှင့် မိသားစု တို့နှင့်ပတ်သက်၍ အပေါင်းလက္ခဏာဆောင်သော အမြင်များကို အလေးပေးစေရေးအတွက် တက္ကသိုလ်၊...

အမေရိကအစိုးရသစ်ကနှစ်နိုင်ငံပြေလည်‌စေမည်ဟုယုံကြည်–ဝမ်ယိ

ပေကျင်း၊ဒီဇင်ဘာ ၄ နောက်တက်မည့်အမေရိကန်အစိုးရသစ်သည် တရုတ် - အမေရိကန်ဆက်ဆံရေးကို တည်ငြိမ်အောင် ကိုင်တွယ်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိသည် သမ္မတနှင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ...

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး နှုတ်ထွက်စာတင်

ဆိုးလ်၊ဒီဇင်ဘာ ၄ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်မ်ယိုဟန်က နိုင်ငံသားများကိုတောင်းပန်ခဲ့ပြီး သမ္မတယွန်းထံ နုတ်ထွက်စာတင်ထားသည်ဟု ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနကဖော်ပြခဲ့သည်။ အာဏာရပါတီ၏ အဓိကအတိုက်အခံဖြစ်သည့် ဒီမိုကရက်တစ်ပါတီက ကာကွယ်ရေး ဝန်ကြီးကို အရေးပေါ်...

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နစက ဥက္ကဋ္ဌမှ...
HomeCelebrities' Newsပရိသတ်အတွက် အမြဲတမ်းအကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်လို့...

ပရိသတ်အတွက် အမြဲတမ်းအကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်လို့ ကတိပေးခဲ့တဲ့ ဇဏ်ခီ

‘မုဒြာရဲ့ခေါ်သံ’ရုပ်ရှင်ဇာတ်ကားကို နိုင်ငံပေါင်း ၉ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရုပ်ရှင်ပွဲတော်တွေမှာ သွားရောက်ယှဉ်ပြိုင် ထားခဲ့ဖူးပြီး ထူးချွန်ဆု ၂ ဆု ရရှိထားခဲ့ပါတယ်။ ဒါ့အပြင် ‘မုဒြာရဲ့ခေါ်သံ’ရုပ်ရှင်ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် ဇဏ်ခီကတော့ မကြာခင်က ရုံတင်ပြသသွားခဲ့တဲ့ ‘ဥပါယ်တံမျဉ်’ရုပ်ရှင်နဲ့ ‘မုဒြာရဲ့ခေါ်သံ’ ဇာတ်ကားနှစ်ကားရဲ့ပုံစံဟာ ကွဲပြားခြားနားတယ်လို့ဆိုပါတယ်။

“မတူညီတဲ့ ဟင်းလျာနှစ်မျိုးပါ။ မုဒြာရဲ့ခေါ်သံရဲ့ အရသာက တစ်မျိုးပါ။ ကျွန်တော့်ကို အဲ့ဒီဇာတ်ကားနှစ်ခု ထဲက ကာရိုက်တာတစ်မျိုးစီမှာ ဘယ်လိုဇာတ်ကောင်ကို ပိုကြိုက်လဲမေးကြပါတယ်။ တစ်မျိုးစီပေါ့။ ကျွန်တော်ကတော့ နှစ်ခုလုံးကြိုက်ပါတယ်။ ဥပမာဗျာ ဟမ်ဘာဂါနဲ့ နန်းကြီးသုပ်ကို မယှဉ်သင့် သလိုမျိုးပေါ့။ သူတို့နှစ်ခုက တစ်မျိုးစီကောင်းတယ်လေ။ အဲ့ဒါကြောင့် တစ်မျိုးစီပဲ ခံစားတယ်။ ဇာတ်ကောင်ပေါ်ကိုပဲ စီးမျောပါတယ်”လို့ ဇဏ်ခီက ပြောပြပေးပါတယ်။

နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကားNow and Ever အတွက်ကိုတော့ အခုမှစတင်ပြင်ဆင် နေကြတာမို့ ဘယ်ကာလမှာ စတင်ရိုက်ကူးဖြစ်ကြမယ်ဆိုတာ မသိသေးတဲ့အတွက် ကြိုမပြောပြချင်သေးဘူးလို့ဆိုပါတယ်။ ဇဏ်ခီကတော့ မြန်မာ့အကယ်ဒမီပေးပွဲကို တစ်ခါမှတက်ရောက်ဖူးခြင်း မရှိသေးသော်လည်း အခုနှစ်မှာတော့ ‘မုဒြာရဲ့ခေါ်သံ’ရုပ်ရှင်ဇာတ်ကားပရိုမိုရှင်းနဲ့ နယ်ဘက်ရောက်ရှိ နေမှာဖြစ်တဲ့အတွက် ဖိတ်ကြားခံခဲ့ရရင်တောင်မှတက်ဖြစ်ဖို့ မသေချာပါဘူးလို့ ဆိုပါတယ်။

“တစ်နှစ်မှတော့ ဖိတ်ကြားခံရတာမျိုးမရှိဘူး။ ဖိတ်စာမရောက်ဘူးပေါ့။ ဒါပေမဲ့ တစ်ခုသိထားရတာတော့ ဖိတ်စာက ပို့ပေးတာမျိုးမဟုတ်ဘူးလို့တော့ ပြောတယ်။ အဲဒါက တစ်ချက်ပေါ့။ နယ်ဘက်မှာ ပရိုမိုရှင်းလည်း ရှိနေ တော့ အကယ် ဒမီပွဲကို ဖိတ်ကြားခံရရင်တောင် မတက်ဖြစ်နိုင်ဖို့များပါတယ်။

ဒါပေမယ့်လည်း အကယ်ဒမီကို ထူးချွန်တဲ့လူတွေ တကယ်ကြိုးစားနေတဲ့ သူတွေကို ပေးစေချင်ပါတယ်။ တကယ့်ကို အချိန်ယူပြီးတော့ လုပ်ထား တဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရှိပါတယ်။ ဥပမာဦးစင်ရော်မောင် မောင်တို့ဆိုရင် ‘ထာဝရ အမေ’ရုပ်ရှင်ဇာတ်ကားကို သေချာအချိန်ယူ ပြီး လုပ်ထားတာဖြစ်တယ်။ Production Level တကယ်ကောင်းတယ်။ နောက်ပြီးတော့ ‘ည’ရုပ်ရှင်ဇာတ်ကားဆိုရင်လည်း လူငယ်တွေ စုစည်းပြီး တစ်တပ်တစ်အား ကြိုးစားထားကြတယ်။ ပရိသတ်တွေ လည်း လက်ခံခဲ့ကြတယ်။ အဲ့ဒီလို ရုပ်ရှင်ဇာတ်ကား မျိုးတွေကို ဆုတစ် ခုခုတော့ ပေးသင့်တယ်လို့ ထင်ပါတယ်”လို့ ဇဏ်ခီ ပြောပြပေးပါတယ်။

ဇဏ်ခီကတော့ ဘယ်လိုကာရိုက်တာမျိုးကိုပဲလုပ်လုပ် အပြည့်အဝ လုပ်ပြချင်ပြီး ပရိသတ်တွေအနေနဲ့ ရုပ်ရှင်ရုံထဲကနေပြီး အိမ်ပြန်သွားတဲ့ အချိန် ထိ တစ်ခုခုပါရှိသွားစေချင်တယ်လို့ ဆိုပါတယ်။

“နောက်ပိုင်းမှာ တသသမှတ်မိနေမယ့် ရုပ်ရှင်ဇာတ်ကားမျိုးတွေပေါ့။ ကျွန်တော်တို့production ကနေလည်းLevel ကို တဖြည်းဖြည်းချင်း မြှင့်သွားမှာဖြစ်တဲ့အတွက် ပရိသတ်အတွက် အမြဲတမ်းအကောင်းဆုံးဖြစ်အောင် ကြိုးစား သွားပါ့မယ်လို့ ကတိပေးပါတယ်”လို့ ဇဏ်ခီက ပြောခဲ့ပါတယ်။

ထက်လူ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071