ရုပ်ရှင်လောကရဲ့ အထင်ကရ ဆုကြီးတွေဖြစ်တဲ့ Golden Globe, Emmy Award အစရှိတဲ့ ချီးမြှင့် ဂုဏ်ပြုတဲ့ဆုတွေ တစ်သီကြီးရခဲ့တဲ့ Downtown Abbey ရုပ်သံဇာတ် လမ်းတွဲကြီးကို ရုပ်ရှင်ဇာတ်ကားအ ဖြစ် မကြာမီကြည့်ရှုရတော့မှာ ဖြစ်ပါ တယ်။ ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှာ မြောက်အမေရိကမှာ ပြသမယ်လို့ သိရပါတယ်။
ဇာတ်လမ်းကျောရိုးက ဗြိတိန် နိုင်ငံရဲ့ သမိုင်းဝင်အချစ်၊ အလွမ်း ရသတွေနဲ့ Julian Fellowers က ရေးသားဖော်ကျူးထားတာပါ။ ဒါရိုက်တာအဖြစ် Michael Engler က တာဝန်ယူရိုက်ကူးပေးထားတာ ဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲအဖြစ် ၂ဝ၁ဝ ခုနှစ်ကနေ ၂ဝ၁၅ ခုနှစ် အထိ ၅ နှစ်တိုင်တိုင် ပြသခဲ့ရာ တအားကိုအောင်မြင်ကျော်ကြားခဲ့ပါ တယ်။
ဗြိတိန်နိုင်ငံက လူချမ်းသာ မိသားစုကြီးတစ်စုနဲ့ သူတို့နေတဲ့ အိမ် ကြီးမှာ အလုပ်လုပ်တဲ့ အကူဝန်ထမ်း တွေ အများကြီးပါ ဆက်နွှယ်ရော ယှက်နေတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေ နဲ့ တခမ်းတနား ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Ref:LNN