မြန်မာနိုင်ငံအနှံ့ လှည့်လည် ကပြနေရတဲ့ ဇာတ်အဖွဲ့တွေအနေနဲ့ ပရိသတ်ပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံ နေရပါတယ်။ အဲဒီအခါမှာပရိသတ်တွေနဲ့ ဇာတ်သဘင်အနုပညာရှင်များ အချင်းချင်း အဆင်ပြေချောမွေ့ရ အောင် ဘယ်လိုနေထိုင် ရမလဲဆိုတာကို ရွှေမန်းသဘင်က တင်မောင်ဆန်း မင်းဝင်းက အခုလိုအကြံပြုစကား ပြောပြခဲ့တာက …
”ပွဲတွေမှာ လုံခြုံရေးကောင်း ကောင်းကတော့ ရှိသင့်တယ်လို့ ပြော ရမှာပါ။ ကိုယ့်ဘက်ခြမ်း သူ့ဘက်ခြမ်း မှာလည်း မမြင်ရတဲ့အရာတစ်ခုဆိုရင် တော့ စစချင်းမှာ အနုပညာသမား က ရပ်ရွာကို မေတ္တာပို့ထားရမယ်။ အဲဒီအခါရပ်ရွာကလည်း မေတ္တာပြန် လာလိမ့်မယ်လို့ ယုံကြည်တယ်။ မြန် မာဗုဒ္ဓဘာသာအယူအရ ပြောမယ် ဆိုရင်ပေါ့။ တကယ်လို့များပြဿနာ ဖြစ်လာခဲ့ရင်လည်း ဒီရပ်ရွာကိုကြီး မှူးတဲ့ အုပ်ချုပ်သူတွေနဲ့ တိုင်ပင်ပြီးတော့ သူ့ဘက်ကိုယ့်ဘက်သာတယ် နာတယ် မလုပ်ဘဲနဲ့ ညှိတဲ့အခါကျရင် သူတို့ကလည်း မစောင့်ရှောက်ဘူးရယ်လို့တော့ မရှိပါဘူး။ ဇာတ်ကလည်း တတ်နိုင်သလောက် ထိန်းရမယ်။ ကျွန်တော် ကတော့ ကြားနေ ဝါဒနဲ့ပဲပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လည်း အဲဒီလိုပဲနေထိုင်တာဖြစ် တဲ့အတွက်လေ။ အမှန်တော့ အနုပညာသမားလည်း ဒေါသမရှိသင့်ဘူး။ ပရိသတ်ကလည်း ကိုယ့်ရပ်ရွာ ကိုလာတဲ့အနုပညာအဖွဲ့ကို လုပ်လိုက်မယ်ဆို တာမျိုး လည်းခေတ်နဲ့ယှဉ်ရင်တော့ ဒါမရှိသင့် တော့ဘူး။ အားလုံးကလည်း ပွင့်လင်းနေကြပြီဆိုတော့လေ။ အနုပညာသမားဘက်ကလည်း အများ ဆုံးသည်း ညည်းခံပေးပါပေါ့။ လူဆို တာတော့ ပုထုဇဉ်ဖြစ်တဲ့အတွက် ကြောင့် ဒေါသတော့ရှိကြတာပေါ့ လေ။ တစ်ဖက်နဲ့တစ်ဖက်မေတ္တာထား ကြဖို့ပေါ့။ ဒါမှလည်း အနုပညာ သမား တွေဘက်က သဘင်ကို နေရာအနှံ့ ကပြလို့ရမယ်။ပြည်သူ့ဘက် ကကြည့်မယ်ဆိုရင်လည်း တစ်နှစ် လုံးစီးပွားရေးတွေလုပ်နေရလို့ ပင်ပန်းခဲ့သမျှကို ဘုရားပွဲမှာ ပျော်ရမယ်” ပြောပါတယ်။
တင်မောင်ဆန်းမင်းဝင်းက မျှော်စင်ကျွန်းပွဲပြီး တဲ့နောက်မှာ တော့ မြန်မာပြည်အနှံ့ကပြဖို့ စီစဉ်နေပါတယ်။
လင်းအက္ခရာ
ဓာတ်ပုံ-မင်းမင်းထွန်း