လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၏ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှဝန် ထမ်းများက ကျုံမငေးမြို့ရှိ စွယ်တော်ဘုရား၌ မြို့ခံများအား ပန်းခင်းစီမံချက်အဆင့်(၃)အနေဖြင့် သန်း ခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID နံပတ်ထုတ်ပေးခြင်းတို့ကို One Stop Service ဖြင့် ယနေ့ ဒီဇင်ဘာ ၂၄ ရက်ကပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ သန်းခေါင်စာရင်း၊ မှတ်ပုံတင် ပျက်စီး/ပျောက်ဆုံးသွားသူများနှင့် အသက် (၁၈)နှစ်ပြည့် မှတ်ပုံတင်လျှောက်ထားသူများ၊ မှတ်ပုံ တင်ရရှိပြီး e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ် ပေးနေမှုတို့ကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် လာရောက်ပြုလုပ်သည့် ဒေသခံများကို နှုတ် ဆက်စကားပြောကြားပြီးနောက် မှတ်ပုံတင်ကတ်ပြား အဆင်ပြေလွယ်ကူစွာရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးနေမှု၊ မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် မှတ်ပုံတင်ကိုင်ဆောင်မဲပေးရမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပြီးဖြစ်သည့် မှတ်ပုံတင်ကတ်ပြားများကို သက်ဆိုင်ရာ ကာယကံရှင်အသီးသီးထံပေးအပ်ခဲ့ကြောင်း သိရသည်။
