Tuesday, July 15, 2025

ငလျင်ဒဏ်သင့် ဥတ္တရသီရိရေလှောင်တမံအား ပြန် လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ ကျောက်အိုးချောင်းပေါ်ရှိ ဥတ္တရသီရိရေလှောင်တမံအား ပြန်လည်ပြုပြင်လျက်ရှိရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဇူလိုင် ၁၅...

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့...

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint...

ကချင်ပြည်နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းအား ယနေ့ ဇူလိုင် ၁၅ ရက်ကစတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ခဲ့သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးစက်များစနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေး၊ စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊...

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၆ လအတွင်း ပြည်တွင်းပြည်ပမှ...

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ်၏ပထမ ၆ လတာအတွင်းပြည်တွင်း၊ ပြည်ပမှဘုရားဖူးဧည့်သည် ၃ ဒသမ ၅ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း စေတီတော်ကြီး၏...
HomeArticlesပန်းရောင်ကောင်မလေး

ပန်းရောင်ကောင်မလေး

လေချွန်ဘိုင်စကယ်’ မိမိကိုယ် မိမိနာမည် သူဟာ ကျွန်တော် ‘ဝေ လီဝေလင်း စက်ဘီးလေး’ပေါ့။

ဘဝမှာ လေလေးချွန်ပြီး မနက် ၄ နာရီလောက် စက်ဘီးထစီးရတဲ့ အရသာဟာ ဘာနဲ့မှမတူပါဘူး။ သူ များတွေ အိပ်ကောင်းနေချိန် ကျွန် တော် စက်ဘီးစီးနေရတာကို အချို့ က ပင်ပန်းရှာမှာပဲလို့ ထင်တဲ့လူတွေ ရှိကောင်းရှိနိုင်ပေတဲ့ ကျွန်တော်က တော့ နိဗ္ဗာန်ကို ဖြစ်လို့။

ကျွန်တော်အောင်ပင်လယ်က နေ ပိုက်ကျုံးကို အလုပ်သွားလုပ်ရ တယ်။ နေ့တိုင်းမနက် ၄ နာရီအိပ် ရာက ထရတယ်။ စက်ဘီးနဲ့ ၆၂ လမ်းအတိုင်း လေချွန်တယ်။ ၆၂ လမ်းကနေ ကျုံးအရှေ့ထိ ဆက်လေ ချွန်တယ်။ ကျုံးအရှေ့ထိပ်ရောက် တော့ လေချွန်ရပ်ပြီး ကျုံးနဲ့ မန္တလေး တောင် ကြည့်ပြီး ထပ်လေချွန်တယ်။ပြီးတော့ သန့်ရှင်းတဲ့လေကို အဆုတ် ထဲ သွင်းတယ်။ ကတယ်။ အဲဒီနေရာ မှာကပါ များပြီး ပျင်းလာတော့ စက် ဘီးယူပြီး ကျုံးအနောက်ထိပ်ဆက် လေချွန်တယ်။ ဒီတော့ ကျုံးအနောက် ထိပ်က မီးရထားသံလမ်းနဲ့ တံတား ရောက်သွားတယ်။ အဲဒီတံတားရဲ့ တောင်ဘက်ထိပ်မှာ ဘီးတွဲကြီးတစ်ခု တွေ့ရတယ်။ အသက်တွေက ၅ဝ ကျော် ၆ဝ ဝန်းကျင် ပင်စင်စား ကြီး တွေနဲ့ ပင်စင် စားလေတဲ့ ဘီးကျဲတွေ၊ နောက် ဘောစိတွေ။

အဲဒီအုပ်စုက အတော်ပျော်စရာ ကောင်းတယ်။ အဲဒီအုပ်စုနဲ့ တွေ့ပြီး ကတည်းက ကျွန်တော်ကျုံးအရှေ့ ထိပ်မှာ လေ့ကျင့်ခန်းမလုပ်တော့ဘဲ၊ ဘီးကျဲကြီးရှိရာ အနောက်ဘက် ကျုံး ထိပ်မှာပဲ လေ့ကျင့်ခန်းလုပ်ပါတယ်။ ဒီဘီးကျဲကြီးတွေဆီက ကြားရတာ တွေကတော့ မနေ့က ဂေါက်ကွင်း အတွေ့အကြုံတွေ၊ ညက ကာရာအို ကေ ကောင်မလေးတွေရဲ့ အကြောင်း တွေ၊ စုံတယ်။ တဝါးဝါး တဟားဟား တွေချည်း ကျွန်တော်သူတို့နား နေရ တာ ပျော်လာတယ်။ ပြီးတော့ သူတို့ ဘယ်လောက် တဝါးဝါးတဟားဟား ရှိပေမယ့် မီးကိုရေနဲ့သတ်လိုက်သလို ငြိမ်သက်သွားတဲ့အချိန်ရှိတယ်ဆို တာ ကျွန်တော်သိလိုက်ရတယ်။ ပြောရဦးမယ်။ မီးကိုရေနဲ့သတ်လိုက် သလို ဖြစ်သွားချိန်က ‘ပန်းရောင် ကောင်မလေး’ ဒီနေရာကို ရောက်ရှိ လာချိန်ပါပဲ။

ပန်းရောင်ကောင်မလေးရောက် လာရင် သူမက တံတားရဲ့ မြောက် ဘက်ထိပ်မှာ လေ့ကျင့်ခန်းစလုပ်ပါ တယ်။ ဒီအချိန်ဆို ဘီးကျဲကြီးတွေ အငြိမ်ပဲ။ ဂေါက်ကွင်းလည်း မရှိ တော့ဘူး။ ကာရာအိုကေလည်း နိုးပဲ။ အငြိမ်။ ပန်းရောင်လေးရဲ့ ရှိုက်ဖိုကြီး ငယ်တွေကို အတိုချုန်းပြောရရင် သူ မက ကြီးရမယ့်နေရာ အတော်ကြီးပြီး၊ ငယ်ရမယ့်နေရာမှာ အတော်ငယ် တယ်လို့ ပြောရင် လုံလောက်မယ်ထင် ပါတယ်။ သူမရဲ့ မပြောင်းလဲဝတ်စုံ ကလည်း ပန်းရောင်တီရှပ်၊ ဘောင်း ဘီတိုအဖြူ၊ ဖိနပ်ကလည်း ပန်း ရောင်ဖိနပ်၊ ခြေအိတ်က အဖြူ၊ ပြီး တော့ ပခုံးပေါ်မှာ ‘ပန်းရောင်တ ဘက်ကလေး’လည်း အမြဲပါတယ်။ အဲဒါကြောင့်လားမသိဘူး။ တံတား တောင်ဘက်ထိပ်က ဘီးကျဲကြီးတွေ ‘ပန်းရောင်ကောင်မလေး၊ ပန်းရောင် ကောင်မလေး’ဖြစ်နေကြတာ။

ဒီပန်းရောင်ကောင်မလေးက တရုတ်တန်းလမ်း ၈ဝ ဘက် အမြဲ လာတာ။ ဒီပန်းရောင်ကောင်မလေး ကို စမြင်တယ်ဆိုရင်ပဲ ဘီးကျဲကြီး တွေ၊ အလုပ်ရှုပ်ကုန်တော့တာပဲ။ ဥပမာ ပန်းရောင်ကောင်မလေးများ လမ်းမကူးမီ အမျိုးသမီးကြီးအသိ တစ်ယောက်တွေ့ပြီး စကားပြောနေ တယ်ဆိုတာနဲ့ ဘီးကျဲကြီးအုပ်စုထဲက အမျိုးသမီးကြီးကို ရည်ရွယ်ပြီး ”အဲဒါ ငါ့ယောက္ခမပေါ့”၊ ”မေမေလေ” စ သဖြင့် ပြော၍ ရယ်ကြတာ။ တကယ် လို့ ပန်းရောင်ကောင်မလေး သူနဲ့ ရွယ်တူကောင်လေးတစ်ယောက် ယောက်စကားပြောတာမြင်ရင် ”ခွေး သတောင်းစားရုပ်ကိုက…

”တဲ့ ”ဒီ မှာ လင်ကြီးရှိနေတာ ဒီကောင်မသိ ဘူးလား” ဘာညာတွေ။ အဲ ပန်း ရောင်ကောင်မလေးက သူတို့အသက် အရွယ်မျိုး ဘီးကျဲတစ်ယောက်နဲ့ ရပ် စကားပြောနေတယ်ဆိုရင် သူတို့က ”ဒီသေခါနီးကြီးကိုများ” လုပ်တော့ တာ။ သူတို့က ဒီပန်းရောင်ကောင် မလေးနဲ့ ပတ်သက်တဲ့လူဆိုရင် ဘာ မှ ချမ်းသာမပေးဘူး။

တစ်ရက်ကတော့ ကျွန်တော် အိပ်ရာထနောက်ကျပြီ။ ၅ နာရီ လောက်မှာ အိမ်က ထွက်လာပြီး စက်ဘီးကို အသေနင်းလာရတာ။ လေတောင် မချွန်နိုင်ဘူး။

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့် စက်ဘီး ကျူံးအနောက်ထိပ်ရောက် တော့ ဘီးကျဲကြီးတွေ အုပ်စု တံတား ထိပ်ရောက်နေပြီး ပန်းရောင်ကောင် မလေးရောက်မလာသေးတာ ကျွန် တော်တွေ့လိုက်ရတယ်။ ကျွန်တော် လည်း နောက်ကျတော့ လေ့ကျင့် ခန်းမလုပ်နိုင်ဘူး။ အချိန်ကလည်း ၆ နာရီလောက်ရှိပြီဆိုတော့ လမ်းပေါ် မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ စက် ဘီးတွေ ရှုပ်နေပြီပေါ့။

အဲဒီအချိန်မှာ ကျွန်တော့်ရှေ့ ဓာတ်တိုင်နှစ်တိုင်စာ အကွာအဝေး လောက်မှာ လမ်းကူးလာတဲ့ ပန်း ရောင်ကောင်မလေး ဖျတ်ခနဲပေါ် လာတယ်။ ကျွန်တော်လည်း ယောင် ယမ်းပြီး စက်ဘီးလက်ကိုင်က ဘရိတ် ကို လန့်ဆွဲလိုက်တယ်။ လမ်းကူးဖို့ ပန်းရောင်ကောင်မလေးက လမ်းရှင်း အောင် စောင့်နေတယ်။ ကျွန်တော် ဘီးကျဲကြီးတွေကို လှမ်းကြည့်လိုက် တော့ သူတို့မျက်လုံးတွေ အကုန်လုံး ကောင်မလေးဆီ ရောက်နေတယ်။ ပန်းရောင်ကောင်မလေး လမ်းရှုပ်ရှုပ် ပေါ် ဘယ်လိုဖြတ်ကူးမလဲဆိုတာ သူ တို့က ရင်တထိတ်ထိတ်ကြည့်နေကြ တဲ့ ပုံစံ၊ ကျွန်တော်လည်း ပန်းရောင် ကောင်မလေးရော၊ ဘီးကျဲကြီးတွေ အုပ်စုရော ကြည့်ရင်း သူတို့အစား ရယ်ချင်နေတယ်။

ဒီအချိန်မှာ ကားနည်းနည်းရှင်း တာနဲ့ ပန်းရောင်ကောင်မလေး ကား လမ်းကို အမြန်ကူးချသွားတယ်။ အဲဒီ အချိန်မှာ ပန်းရောင်ကောင်မလေး ပခုံးပေါ်မှာ အမြဲတင်ထားတဲ့ ‘ပန်း ရောင်တဘက်ကလေး’ကားလမ်းပေါ် ကျသွားတယ်။ ကားတွေက အသွား အလာပြန်များလာတော့ ပန်းရောင် ကောင်မလေး သူ့တဘက်ကို ပြန်မ ကောက်နိုင်တော့ဘူး။ ကောင်မလေး က လမ်းတစ်ဘက်ရောက်သွားပြီဆို တော့ တဘက်ပြန်ကောက်ဖို့ ကား ရှင်းအောင် ပြန်စောင့်နေတယ်။ ကားကတော်တော်နဲ့ မရှင်းပြန်ဘူး။ ဘီးကျဲကြီးတွေကလည်း စိတ်ဝင်တ စား။ သူတို့အထဲမှာ ပန်းရောင်တ ဘက်လေး ပြေးကောက်ပေးချင်သူ ဘယ်နှယောက်ရှိမလဲ။ ကျွန်တော် စဉ်းစားကြည့်တယ်။

ကျွန်တော့်စက်ဘီးလေးက လည်း ပန်းရောင်တဘက်လေးရှိရာ ဖြည်းဖြည်းလှိမ့်နေဆဲ။ ဘီးကျဲကြီး တွေ စိတ်ထဲမှာတော့ ”ဟို စက်ဘီး စုတ်နဲ့ အကောင် ပန်းရောင်တဘက် လေး ရသွားရင်တော့ ဒီကောင်ဇာတ် လမ်းလုပ်မှာ ကြောက်ရတယ်”လို့ တွေးချင်တွေးနေကြမယ်ပေါ့။ ကျွန် တော့်စက်ဘီးမမြန်သေးဘူး။ ကျွန် တော့်စက်ဘီး တဘက်လေးနား ရောက်ရင် ဆင်းကောက်မှဖြစ်မယ်။ မကောက်ဘဲ ကျော်သွားရင် လူမှုရေး ညံ့ရာ ကျနိုင်တယ်လို့ ကျွန်တော်တွေး ထားတယ်။ ဒါပေမဲ့ စက်ဘီးကိုတော့ တဘက်လေးနားမရောက်အောင် အတော့်ကို နင်းနေရတယ်။ ဖော့နင်း နေရတယ်။

တကယ်လို့ ကျွန်တော်ကလည်း တဘက်လေးနားအရောက်၊ ဟိုပန်း ရောင်ကောင်မလေးကလည်း ကား ရှင်းလို့ ကူးလာပြီး တဘက်လေးနား အရောက်၊ ပြိုင်တူကောက်မိသလို ဖြစ်ကုန်ရင် ဘယ်လိုလုပ်ရမလဲ။ ကျွန်တော်မလုပ်တတ်ဘူး။ ကူညီ ကောက်ပေးတာကို သဘောမပေါက် ဘဲ သူ့တဘက်လာလုပါတယ် ထင် ရင် ပြဿနာတက်ပြီ။ ပြဿနာတက် ရင် ဟို စောင့်ကြည့်နေကြတဲ့ ဘီးကျဲ ကြီးတွေရဲ့ အဟားခံရပြီသာ မှတ် တော့။

ကျွန်တော်တော့ အခြေအနေ အရပ်ရပ် ဒီအတိုင်းသာ ရပ်ထားချင် နေတော့တယ်။ ဒါဆို လမ်းကလည်း တော်တော်နဲ့ မရှင်းသေးတော့၊ ပန်း ရောင်ကောင်မလေးလည်း ဒီဘက် လမ်းကူးပြီး သူ့တဘက်ပန်းရောင် လေးလည်း မကောက်နိုင်သေးဘူး။

ဒါဆို ကျွန်တော့်စက်ဘီးက လည်း ရှေ့မတိုးအောင် နင်းလို့။ ဘီး ကျဲကြီးတွေကလည်း ပါးစပ်ကြီးတွေ ဟလို့။ မျက်လုံးနီကြီးတွေလည်း ဟ လို့။ ။

ကိုငြိမ်း (မန္တလေး)

Ads Space Available


Continue reading

ငလျင်ဒဏ်သင့် ဥတ္တရသီရိရေလှောင်တမံအား ပြန် လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ ကျောက်အိုးချောင်းပေါ်ရှိ ဥတ္တရသီရိရေလှောင်တမံအား ပြန်လည်ပြုပြင်လျက်ရှိရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဇူလိုင် ၁၅ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဆည်အတွင်းရေဝင်ရောက်ရာလမ်းကြောင်းများ၊ တမံပြန်လည်ပြုပြင်ရန် ဘူမိဗေဒတိုင်းတာခြင်း၊ မြေစမ်းသပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ရေလှောင်တ မံရေထုတ်ပြွန်မှရေယိုစိမ့်မှုနှင့် မြေသားတမံ၏ ဖို့မြေထိခို-က်ပျ-က်စီးမှုများကို ပြန်လည်ပြုပြင်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုတို့ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် နစက ဒု-ဥက္ကဋ္ဌမှ ရေလှောင်တမံအတွင်းရှိ ငလျင်ဒဏ်ကြောင့်ထိခို-က်ပျက်စီးခဲ့သည့် ရေလယ်အဆောက်အအုံအား ဖယ်ရှားရှင်းလင်းနေမှု၊ အရန်အရေးပေါ်ရေပိုလွှဲအား ရေတံခါးတပ်ဆင်၍ ရေလွှဲပေါက်တစ်ခုအဖြစ် ဆောင်ရွက်နေမှုတို့ကို...

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့ ပြန်လည်ရောက်ရှိ

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) တွင် ရွှေတံဆိပ်(၁၀)ဆွတ်ခူးပေးခဲ့သည့် မြန်မာလှေလှော်အဖွဲ့ သည် ယမန် နေ့ ည(၁၀)နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာလှေလှော်အဖွဲ့ သည် ရွှေတံဆိပ် (၁၀)အပြင် ငွေတံဆိပ်(၁)ခု ၊ ကြေးတံဆိပ်(၄)ခု စုစုပေါင်း ဆုတံဆိပ် (၁၅)ခုကို ထိုက်ထိုက်တန်တန် ရယူပေးနိုင်ခဲ့သည်။ အဆိုပါ အောင်ပွဲရအားကစားအဖွဲ့မှ အဖွဲ့ခေါင်းဆောင်း ဒေါက်တာကျော်ရဲဟိန်း...

ကချင်ပြည်နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းအား ယနေ့ ဇူလိုင် ၁၅ ရက်ကစတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ခဲ့သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးစက်များစနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေး၊ စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊ လုံခြုံရေးလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီပေးလျက်ရှိသည်ဟု ပြောသည်။ မဲပေးစက်(MEVM)သည် ရိုးရှင်း၍ လုံခြုံစိတ်ချရသော စနစ်ဖြင့်တည်ဆောက်ထားပြီး မဲပေးရာတွင် မြန်ဆန်လွယ်ကူပြီး ပယ်မဲမရှိဘဲ အချိန်တိုအတွင်း တိကျသော မဲရလဒ်များရရှိနိုင်မည်ဖြစ်၍ တရားမျှတပြီး သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်စေမည် ဖြစ်ကာ ယင်းသို့ မဲပေးစက်ဖြင့် မဲပေးခြင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပဆောင်ရွက်ခြင်းဖြစ်ရာ မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးမှာ အဓိကကျသည်ဟုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071