Wednesday, March 19, 2025

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ...

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့်...

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင်...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ...

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ...
HomeCelebrities' Newsပန်းသီးလေး ရဲ့ စိတ်ကူးပျော်ရာ...

ပန်းသီးလေး ရဲ့ စိတ်ကူးပျော်ရာ Star War ထဲမှ ဇာတ်ကောင်များ

apple

ကလေးတိုင်း ကလေးတိုင်းမှာ သူတို့ စိတ်အားထက်သန် စွဲမက်နှစ်ခြိုက်ဇာတ်ကောင် Hero ကိုယ်စီရှိကြပါတယ်။ ရုပ်ရှင်တွေ၊ ကာတွန်းတွေထဲက တစ်ဆင့်သူတို့ မြင်ဖူးတဲ့ ဇာတ်ရုပ်တွေဟာ သူတို့ငယ်ဘဝရဲ့အမှတ်အသား ဖြစ်တတ်ကြပါတယ်။ အဆိုတော် သားစိုးနဲ့ ဇနီးမငယ်တို့ရဲ့သားလေးဖြစ်တဲ့ ပန်းသီးလေးကတော့ Comic တွေအများကြီးထဲကမှ Star War ဇာတ်ကောင်တွေကို အထူးသဘောကျ နှစ်ခြိုက်သူဖြစ်ပါတယ်။ အသက် ၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပန်းသီးလေးက ငယ်စဉ် နှစ်နှစ်သားလောက်ကတည်းက Star War ဇာတ်ကောင်တွေနဲ့ ရင်းနှီးခဲ့ပြီး ဖခင်ဖြစ်သူ ကြည့်ရှုလေ့ရှိတဲ့ Star War ဇာတ်လမ်းတွဲတွေကို လိုက်လံကြည့်ရှုရင်း Star War ဇာတ်လမ်းကို ခုချိန်ထိ အရူးအမူးစွဲလမ်းဆဲပဲ ဖြစ်ပါတယ်။

apple2

” ကျွန်တော်ကလည်း Star War စီးရီးတွေ ကြည့်တာများတယ်။ သူလည်း လိုက်ကြည့်တယ်။ သူဒီလောက်စွဲလမ်းသွားမယ်လို့ ထင်မထားဘူး။ ကျွန်တော်က Star War ကာတွန်းရော ရုပ်ရှင်ဇာတ်လမ်းတွေရောကြည့်တယ်။ သူက ကျွန်တော်နဲ့တူတယ်ပဲ ပြောရမှာပေါ့။ တကယ်တမ်း Star War ဇာတ်လမ်းတွဲတွေက ကြည့်ရတာတကယ်ကောင်းပါတယ်။ သူက နိုင်ငံရေးရောလူမှုရေးရော၊ လူ့ လောကအကြောင်းအရာတွေပါတယ်။ ကလေးတွေအနေနဲ့လည်း လူ့လောက အကြောင်းတွေကို ငယ်ငယ်နဲ့ သိနိုင်တယ်။ သူက Dark Side နဲ့ light Side ခွဲထားတဲ့အတွက် လူဆိုးနဲ့ လူကောင်းကို ခွဲခြားသိနိုင်မယ်။ ကျွန်တော်ကလည်း ကြည့်ရင်းနဲ့သူ့ကို ရှင်းပြတာပေါ့။ သူ့အနေနဲ့လည်း ဒါကိုကြည့်တဲ့အတွက် သူ့ရဲ့ English Skill တွေရော။ တခြားအပိုင်းတွေပါတိုးတက်လာတယ်” လို့ ဖခင်ဖြစ်တဲ့ သားစိုးက ပြောပါတယ်။

ပန်းသီးလေးရဲ့ ကစားစရာပစ္စည်းထဲမှာလည်း Star War နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေပဲများပြီး ဖခင်ဖြစ်သူ ပြည်ပခရီးတွေသွားတိုင်းမှာလည်း Star Warပစ္စည်းတွေ ဝယ်လာပေးဖြစ်သလို ဆွေမျိုးတွေကလည်း ကစားစရာလက်ဆောင်ဆို Star War ပစ္စည်းတွေပဲ လက်ဆောင်ပေးကြတယ်လို့ သိရပါတယ်။

apple3

” သူကကြိုက်တာနဲ့ကျွန်တော်အပြင် မိန်းမဘက်က အမျိုးတွေက အမေရိကမှာနေတော့ အဲ့ဒီကလည်း ပို့ကြတယ်။ သူက မြေးဦးဆိုတော့ အဘိုးအဘွားတွေကလည်း ဒါတွေပဲ ဝယ်ပေးတယ်။ အိမ်မှာဆို တောင်ပုံရာပုံပဲ။ Star War ပစ္စည်းတွေ။ သူကလည်း အဲ့ဒါတွေနဲ့ပဲ ဆော့တယ်” လို့ ဖခင်ဖြစ်သူ သားစိုးက ရှင်းပြပါတယ်။

သားစိုးရဲ့သား ပန်းသီးလေးရဲ့ မွေ့ပျော်ရာကစားစရာ ဇာတ်ကောင်အကြောင်း ဓာတ်ပုံရိုက်ကူးမှုအတွက် သားစိုးတို့အိမ်မှာ ရိုက်ကူးတဲ့အခါမှာလည်း သာမန်လူကြီးတစ်ဦးတောင် အမျိုးအမည်မသိနိုင်တဲ့ Star War ပစ္စည်းမျိုးစုံကို တွေ့ရတာကြောင့် ပန်းသီးလေးရဲ့ Star War အပေါ် ရူးသွပ်မှုကို တွေ့ရပါတယ်။ Star War ဇာတ်ကောင်တို့ရဲ့ အိုက်တင်နဲ့အတူ ပန်းသီးလေးရဲ့ ချစ်စဖွယ်ဟန်ပန် တချို့ကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

P-054
ဓာတ်ပုံ -အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071