ယနေ့ ဇူလိုင် ၅ ရက် ညနေပိုင်းတွင် ၂၀၂၆ အာရှဖလားဝင်ရောက်ခွင့် အုပ်စုအဆင့် နောက်ဆုံးခြေစမ်းပွဲကို ဘာရိန်းနှင့် မြန်မာလက်ရွေးစင်အသင်းတို့ ယှဉ် ပြိုင်ကစားကြရာ မြန်မာအမျိုးသမီးအသင်းမှာ ပထမပိုင်းပွဲချိန်တွင် သွင်းဂိုး ၃ ဂိုးဖြင့် ဦးဆောင်နေပြီဖြစ်သည်။
ပွဲစဉ်တွင် ကျောနံပါတ် ၁၉ ရွေရည်ထွန်းက သွင်းဂိုး၂ ဂိုးသွင်းယူခဲ့ပြီး၊ ကျောနံပါတ် ၁၀ ခင်မိုမိုထွန်းက သွင်းဂိုး ၁ ဂိုး သွင်းယူခဲ့ကြခြင်းဖြစ်သည်။
ယနေ့ ပထမပိုင်း ပွဲထွက်လူစာရင်းတွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း၊ ဂိုးသမား မျိုးမမငြိမ်း၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ စန်းသော်သော်၊ ခင်မိုမိုထွန်း၊ ဝင်းဝင်း၊ ရူပါခိုင်၊ မေထက်လူ၊ လင်းလဲ့ဦးနှင့် ရွှေရည်ထွန်းတို့ ပွဲထွက်ကစားခဲ့ကြသည်။
ယနေ့ ပွဲထွက်ကစားသည့် ကစားသမားစာရင်းအတိုင်း ဘင်္ဂလားဒေ့ရှ်အသင်းဖြင့်ယှဉ်ပြိုင်ကစားစဉ်က ပွဲထွက်လာရမည့် အခြေအနေဖြစ်သည်ဟု ပရိတ်သတ်အကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။
ဘာရိန်း-မြန်မာပွဲစဉ်အား မြန်မာပရိတ်သတ်အနေဖြင့် ကွင်းအတွင်း လာရောက်အားပေးမှု များပြားသည်ကိုလည်း တွေ့ရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၆ အာရှဖလားဝင်ရောက်ခွင့် အုပ်စုအဆင့် ခြေစမ်းပွဲ၌ တာ့ခ်မင့်နစ္စတန်အသင်းကို ၈ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။