မနက်ဖြန် ဇွန် ၃ ရက်နေ့ ညနေပိုင်း၌ သုဝဏ္ဏကွင်းအတွင်း ကျင်းပမည့် သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ AYA Tri Nations Cup 2026 အဖွင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီဟု မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်သစ် Mr. Mitsuo Katoh ပြောကြားသည်။ယနေ့ ကျင်းပပြုလုပ်သည့် ပွဲကြိုသတင်း စာရှင်းလင်းပွဲအတွင်း ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကာ ၊ အသင်းအား ရောက်ရှိသည်မှာ (၁၀)ရက်ဝန်းကျင်သာရှိသေးသော်လည်း ၎င်း၏ ယုံကြည်ချက်ကို ဖွင့်ဟ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
“အခုအချိန်မှာ ကစားသမားတိုင်းဟာ ကျွန်တော့်ရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ လို လားချက်တွေကို ပိုမိုနားလည်သဘော ပေါက်ပြီး ပိုမိုတက်ကြွလာအောင် ကြိုး စားနေကြပါတယ်။ ကစားသမားအားလုံးကလည်း ကျွန်တော့်ရဲ့ အတွေးအခေါ်တွေ၊ နည်းစနစ်ပိုင်းဆိုင်ရာ ပုံစံတွေကို နားလည်အောင် ကြိုးစားနေကြတယ်လို့ ထင်ပါတယ်။ မနက်ဖြန်ပွဲစဉ်ကတော့ အ သင်းအတွက် ကောင်းမွန်တဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာမှာပါ” ဟု ဆိုထားသည်။
အသင်းခေါင်းဆောင် ခင်မာလာထွန်းကလည်း’ ပရိသတ်တွေ အားပေးရကျိုးနပ်စေရမယ်” ဟု ကတိစကားဆိုထားသည်။
မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် အိမ်ကွင်း၌ရလဒ်ကောင်းရရန်အ တွက် တိုက်စစ်ပိုင်းကို အကောင်းဆုံး ပြင်ဆင်ထားကြောင်း သိရသည်။
ဧည့်သည် ဥဇဘက်အသင်းကလည်း လာမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အား စိုက်နေသည့်အသင်းဖြစ်သလို အသင်းကို မျိုးဆက်သစ်ကစားသမားများဖြစ်အားဖြည့်ပြင်ဆင်ထားကာ မြန်မာပရိ သတ်အတွက် ပွဲကောင်းတစ်ပွဲ ဖန်တီးပေးမည်ဟု နည်းပြချုပ် Kotryna Kul byte က ပြောကြားထားသည်။
မြန်မာ -ဥဇဘက်ကစ္စတန်အမျိုးသမီးအ သင်း အဖွင့်ပွဲစဉ်ကို ဇွန်လ (၃)ရက် (မ နက်ဖြန်)၊ ညနေ (၅)နာရီအချိန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ၊ မြန်မာ့လက် ရွေးစင် အမျိုးသမီးအသင်း နည်းပြသစ်လက်ထက်၌ ပထမဆုံး အောင်ပွဲကို မည် သို့ ပုံဖော်နိုင်ကစားသွားမည်ကို စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။
