ကျော်သူ ပါဝင်သရုပ်ဆောင် ထားတဲ့ ‘ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ’ ရုပ်ရှင်ဇာတ်ကား ကြီးလည်း ဒီဇင် ဘာလ ၂၃ ရက်နေ့မှာ ရုံတင်ပြသ တော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဆိတ်ဖွားကာ ရိုက်တာအဖြစ်သရုပ်ဆောင်ထားတဲ့ကျော်သူက ဇာတ်ကားနဲ့ ပတ် သက်ပြီး..
“ဆရာကြီး မင်းသိင်္ခရဲ့ ဒဿန တွေက ထူးခြားမှုမဟုတ် ဘူး။ အမှန်က ပြည်သူလူထုတွေ ခံစားနေရတဲ့ စကားလုံး တွေပဲ။ ကျွန်တော်လည်း ပရဟိတလုပ်တော့ ပြည်သူလူထု နှလုံးသားနဲ့ တစ်ထပ်တည်းလုပ်နေ ရတာ။ ပြည်သူလူထု ခံစားရင် ကျွန်တော်လည်း ခံစားတယ်။ ပြည်သူ လူထုပျော်ရင် ကျွန်တော်လည်း ပျော်တယ်။ ဒီဇာတ်ကားမှာ ကျွန်တော့် အတွက် တအားကြီး Mood သွင်းစရာတော့မလိုဘူး။ ဆရာကြီးရဲ့ စကားလုံးကို ခေါင်းထဲမှာမှတ်ပြီးတော့ မှန်မှန်ကန်ကန်ပြောဖို့ပဲ အရေးကြီးတယ်။ ဒီဇာတ်ကားမှာ တချို့ဇာတ်ဝင်ခန်းတွေ နည်းနည်းအိုင်သွားတယ်။ ပရိ သတ် ကြည့်ပြီး ဘယ်သူတွေ ဘာလုပ်လဲဆိုတာတော့ သိကြမှာပဲ။ ဒါပေမဲ့ ဆားပုလင်းနှင်းမောင်က တရားခံ ကိုစစ်တဲ့ အခန်းမှာ နည်းနည်းအိုင်ချင်တယ်လို့ ကျွန်တော် ထင်တယ်” လို့ ပြောပါတယ်။ အနုပညာလောကကို ၈ နှစ် ကြာမှ ပြန် ဝင်လာပြီး ပထမဦးဆုံး ရိုက်ကူးခဲ့တဲ့ ‘ပရော် ဖက်ဆာ ဒေါက်တာဆိတ်ဖွား’ ဇာတ်ကားကြီး နဲ့ အခု မကြာခင်ရုံတင်တော့မယ့် ‘ပရော်ဖက် ဆာဒေါက်တာ ဆိတ်ဖွား နဲ့ မြိုင်ရာဇာတာတေ’ ဇာတ်ကားကြီး နှစ်ကား အပေါ်ကျော်သူရဲ့ ကျေနပ် အားရမှုကို မေးကြည့်တော့..
“ပထမဆိတ်ဖွားကတော့ ၈ နှစ် အပိတ်ခံထား ပြီးတော့မှ ပထမ ဦးဆုံး ကျွန်တော် ပြန်ရိုက်ကူးရတဲ့ ဇာတ်ကား။ ပထမဆိတ်ဖွားက စိတ်ကို ပိုလှုပ်ရှား စေတယ်။ ရုပ်ရှင် လောကက အရင်လို လက်တွဲခေါ်ပါ့ မလားဆိုပြီး စိတ်ခံစားမှုရှိခဲ့တယ်။ ဒါပေမဲ့ ရိုက်ကူး တဲ့အချိန် မှာလည်း အားလုံး စည်းစည်းလုံးလုံးနဲ့ လက်တွဲ မဖြုတ်ချီတက်ခဲ့ကြတဲ့အတွက် အလုပ်လုပ်လို့ ကောင်းတယ်။ အရင်ဆိတ်ဖွားနဲ့ ဒီဆိတ် ဖွားက တစ် မျိုးစီ။ ပေးတဲ့မက်ဆေ့ခ်ျလည်း မတူဘူး” လို့ ပြောပါ တယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ၁၆ နှစ် ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ မဂ္ဂဇင်း လည်းထုတ်ဝေဖို့ရှိကြောင်း ကျော်သူကပြောပါတယ်။
“ကျွန်တော်တို့ မဂ္ဂဇင်းက အနိစ္စတရားကို အဓိကပြရမှာပေါ့။ သေခြင်းတရားလည်း ပါမယ်။ နာရေး၊ ပညာရေး၊ လက်တွေ့ကိုယ်တွေ့ အပြင် မှာတွေ့မယ့် အရာတွေကို ဖြစ်ရပ်မှန်တွေ ရေးတာ များမယ်။ ဆောင်းပါး၊ ကာတွန်း၊ ကဗျာတွေလည်း ပါမယ်။ ဒီမဂ္ဂဇင်းက ဇန်နဝါရီ လဆန်းမှာ ဖြန့်မယ်” လို့ ပြောပါတယ်။
တွယ်တာ