ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ ပဏာမမြန်မာ့လက်ရွေးစင် ယူ-၁၆ နှင့်ယူ-၁၉ ဖူဆယ်အသင်း လူရွေးပွဲစတင်ပြုလုပ်လျက်ရှိတယ်လို့ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းထံက သိရသည်။
အဆိုပါ သက်တမ်းအလိုက် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံ
ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဖွဲ့စည်းမည့်ပဏာမ မြန်မာ့လက်ရွေးစင်အသင်းများဖြစ်ကြောင်း သိရသည်။
အဆိုပါသက်တမ်းအလိုက် လူရွေးပွဲတွင်ပါဝင်လျက်ရှိသော ကစာသမားများမှာကျင်းပပြီးစီးခဲ့သည့် FIFA/ MFF U16 Futsal Youth League 2025 ပြိုင်ပွဲမှ ကစားသမားဖြစ်ကြပြီး ကစားသမား ၃၉ ဦးလာရောက်ရွေးချယ်ခံလျက်ရှိသည်ဟု အသိပေးထားသည်။
ထို ကစားသမားများနှင့် ကစားသမား ၂၅ ဦးရွေးချယ်ပြီး ပဏာမ လက်ရွေးစင် ယူ-၁၆ နှင့် ယူ၁၉ အသင်းကို ဖွဲ့စည်းကာ စခန်းသွင်းလေ့ကျင့်မှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပုံစာ- ယနေ့ ယူ-၁၆နှင့် ယူ-၁၉ ပဏာမ လက်ရွေးစင်ကစားသမားများရွေးချယ်နေသည့် မြင်ကွင်းပုံရိပ်
