ပြည်တွင်းကလပ်များတွင်ကစားနေသော ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် ပဏာမမြန်မာ့လက်ရွေးစင်အသင်း နှင့် ဒဂုံစတားယူနိုက်တက်တို့ ယနေ့ ခြေစမ်းရာ သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့ (သြဂုတ် ၂၆ရက်) ညနေပိုင်းတွင် သုဝဏ္ဏဘောလုံးကွင်းအတွင်း Training Match ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ဂိုးမရှိသရေ ရလဒ်ဖြင့်ပွဲပြီးဆုံးခဲ့သည်။
ပဏာမမြန်မာ့လက်ရွေးစင်အသင်းသည် နီပေါလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲအတွက် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်ပြီး ပြည်ပကလပ်များတွင် ကစားနေသောလက်ရွေးစင်ကစားသမားများသည် စက်တင်ဘာလအစောပိုင်းတွင် အသင်းနှင့်လာရောက်ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။
Photo – MFF
![](https://www.popularmyanmar.com/wp-content/uploads/2023/08/IMG_20230826_193318_594.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/IMG_20230826_193318_416.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/IMG_20230826_193319_058.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/IMG_20230826_193319_126.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/IMG_20230826_193318_865.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/IMG_20230826_193318_540.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/IMG_20230826_193319_162.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/IMG_20230826_193319_191.jpg)