တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာ၍ စစ်ပွဲပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်သဖြင့် ပြည်သူများသည် တောင်ဆူဒန်နယ်စပ်တစ်လျှောက် အစုလိုက်အပြုံလိုက် ထွက်ခွာလာခဲ့သည်။
ပြိုင်ဘက်များအကြား လက်နက်ကိုင်ပဋိပက္ခသည် ပြည်တွင်းစစ်ကိုဖြစ်လာစေမည့် အန္တရာယ်ရှိနေသဖြင့် တောင်ဆူဒန်တွင် ၂၀၂၅ ခုနှစ် ယခု အချိန်အထိ လူ ၃၀၀,၀၀၀ ခန့် သည်ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
တောင်ဆူဒန်ရှိ ကုလသမဂ္ဂ လု့အခွင့်အရေးကော်မရှင်က တနင်္လာနေ့မှာ သမ္မတ ဆာလ်ဗာကီးယား နှင့် ရာထူးချထားသည့် ပထမဒုတိယသမ္မတ ရိမာချာတို့ကြား ပဋိပက္ခသည် စစ်ပွဲတစ်ခုလုံး ကို ပြန်ဖြစ်လာနိုင်သည့် အန္တရာယ်ရှိကြောင်း သတိပေးထားသည်။
ကော်မရှင်၏ အစီရင်ခံစာတွင် တိုင်းပြည်၏ ကြေကွဲဖွယ်ဖြစ်ရပ်သို့ မကျ ရောက်ရအောင် ကာကွယ်ရန် ဒေသတွင်း ၌ အမြန် ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။
တောင်ဆူဒန်သည် ၂၀၁၁ ခုနှစ်တွင် ဆူဒန်ထံမှ လွတ်လပ်ရေးရရှိပြီးကတည်းက နိုင်ငံရေးမတည်ငြိမ်မှုများနှင့် လူမျိုးရေးအကြမ်းဖက်မှုများ နှင် ကြုံထားသည်။
မာချာ ကို ဒုသမ္မတအဖြစ်မှ ကားက ထုတ်ပယ်လိုက်သော အခါ ၂၀၁၃ ခုနှစ်တွင် တိုင်းပြည်သည် ပြည်တွင်းစစ်ထဲသို့ ကျ ရောက်သွားသည်။ ၎င်းတို့နှစ်ဦးသည် ၂၀၁၇ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသော်လည်း ၎င်းတို့၏ အာဏာခွဲဝေမှု သဘောတူညီချက်ကို လအတော်ကြာ အတည်မပြုနိုင်သေးဘဲ တဦးနှင့်တဦး သစ္စာခံသည့် တပ်ဖွဲ့များကြား အကြမ်းဖက်မှုများ ဖြစ်ပွားနေကာ ပြီးခဲ့သည့်လက ဆိုင်းငံ့ခဲ့သည်။
အရှေ့မြောက်ပိုင်း နာစာ မြို့၌ စစ်တပ်နှင့် လူမျိုးစုနုအာ ပြည်သူ့စစ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မတ်လတွင် မာချာကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့ပြီးနောက် လူပေါင်း ၈၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
Ref: အယ်လ်ဂျာဇီးယား
