(Unicode)
ပဋိပက္ခဖြစ်ပွားနေသော အရပ်ဒေသအသီးသီးတွင် အဖြေရှာ ကုသပြေငြိမ်းဖို့ ကာဒီနယ် ချားလ်စ်ဘို မြွတ်ကြား
ကြေကွဲမျက်ရည်များနှင့် ပဋိပက္ခဖြစ်ပွားနေသော အရပ်ဒေသ အသီးသီးတွင် အဖြေရှာ ကုသပြေငြိမ်းခြင်း၊ မျှော်လင့်ခြင်းသီချင်းများနှင့် ပြည့်ဝနိုင်ကြပါစေဟု ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် မြွတ်ကြားခဲ့သည်။
ဒီဇင်ဘာ၂၃ရက်က ရန်ကုန်ရှိ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးကျောင်းတိုက်တွင် တွေ့ဆုံစဉ် မြွတ်ကြားခဲ့ခြင်းဖြစ်ကာ မြန်မာပြည်သူပြည်သားများ မဆုတ်မနစ် မျှော်လင့်တောင်းတနေသော ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်း၊ ဝမ်းမြောက်ရွှင်လန်းခြင်း ချစ်ခြင်းမေတ္တာများဖြင့် ပြည့်ဝကြပါစေဟုလည်း အလေးအနက် ဆန္ဒပြုမေတ္တာပို့သပေးခဲ့သည်ဟုသိရသည်။
နစက ဥက္ကဋ္ဌ က ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မည်သို့မျှ ရှောင်လွှဲ၍ မရသည့် အခြေအနေဖြစ်ပေါ်လာသည့်အတွက် နိုင်ငံတော်၏တာဝန်များ ကို တပ်မတော်ကထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်းရှင်းပြပြီးခရစ္စမတ်အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များအားလုံး၊ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း၊ နှစ်သစ်အခါသမကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုတောင်းစကားပြောကြားခဲ့သည်။
(Zawgyi)
ပဋိပကၡျဖစ္ပြားေနေသာ အရပ္ေဒသအသီးသီးတြင္ အေျဖရွာ ကုသေျပၿငိမ္းဖို႔ ကာဒီနယ္ ခ်ားလ္စ္ဘို ႁမြတ္ၾကား
ေၾကကြဲမ်က္ရည္မ်ားႏွင့္ ပဋိပကၡျဖစ္ပြားေနေသာ အရပ္ေဒသ အသီးသီးတြင္ အေျဖရွာ ကုသေျပၿငိမ္းျခင္း၊ ေမွ်ာ္လင့္ျခင္းသီခ်င္းမ်ားႏွင့္ ျပည့္ဝႏိုင္ၾကပါေစဟု ရန္ကုန္ကက္သလစ္ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး ကာဒီနယ္ ခ်ားလ္စ္ဘိုက ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ေတြ႕ဆုံစဥ္ ႁမြတ္ၾကားခဲ့သည္။
ဒီဇင္ဘာ၂၃ရက္က ရန္ကုန္ရွိ ကက္သလစ္ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီးေက်ာင္းတိုက္တြင္ ေတြ႕ဆုံစဥ္ ႁမြတ္ၾကားခဲ့ျခင္းျဖစ္ကာ ျမန္မာျပည္သူျပည္သားမ်ား မဆုတ္မနစ္ ေမွ်ာ္လင့္ေတာင္းတေနေသာ ၿငိမ္းခ်မ္းျခင္း၊ သာယာဝေျပာျခင္း၊ ဝမ္းေျမာက္႐ႊင္လန္းျခင္း ခ်စ္ျခင္းေမတၱာမ်ားျဖင့္ ျပည့္ဝၾကပါေစဟုလည္း အေလးအနက္ ဆႏၵျပဳေမတၱာပို႔သေပးခဲ့သည္ဟုသိရသည္။
နစက ဥကၠ႒ က ၿပီးခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ မည္သို႔မွ် ေရွာင္လႊဲ၍ မရသည့္ အေျခအေနျဖစ္ေပၚလာသည့္အတြက္ ႏိုင္ငံေတာ္၏တာဝန္မ်ား ကို တပ္မေတာ္ကထမ္းေဆာင္ခဲ့ရျခင္းျဖစ္ေၾကာင္းရွင္းျပၿပီးခရစၥမတ္အခါသမယတြင္ ခရစ္ယာန္ဘာသာဝင္မ်ားအားလုံး၊ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားအားလုံး ေပ်ာ္႐ႊင္ခ်မ္းေျမ့ၾကပါေစေၾကာင္း၊ ႏွစ္သစ္အခါသမကို ေပ်ာ္႐ႊင္စြာ ျဖတ္သန္းႏိုင္ၾကပါေစေၾကာင္း ဆုေတာင္းစကားေျပာၾကားခဲ့သည္။