Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeCelebrities' Newsပညာရေးဟာ တိုင်းပြည်တစ်ပြည်ကို တည်ဆောက်တဲ့အခါ...

ပညာရေးဟာ တိုင်းပြည်တစ်ပြည်ကို တည်ဆောက်တဲ့အခါ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ် အကယ်ဒမီ ပြေတီဦး

pto

နိုဝင်ဘာလ ၃ဝ ရက်နေ့မွေးနေ့ ရှင် အကယ်ဒမီ ပြေတီဦးဟာ ၂ဝ၁ဝ ခုနှစ်မှာ ပြေတီဦး ဖောင်ဒေးရှင်းဆို ပြီးတော့ ဆေးကျောင်းတက်ရောက် ပညာသင်ကြား ဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသူ ကျောင်းသားတွေကို ကျောင်းပညာသင်နှစ်ပြီးဆုံးတဲ့ အထိ ပညာသင် ထောက်ပံ့စရိတ် ပေးအပ်ဖို့ ပြုလုပ်ခဲ့ရာကနေ လက်ရှိ ၂ဝ၁၆ ခုနှစ်ကို ရောက်ရှိလာခဲ့တဲ့အခါမှာ တော့ ဆေးတက္ကသိုလ် ကျောင်းသား၊ သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် ကျောင်းသား၊ ဥပဒေဘာသာရပ် ကျောင်းသားတွေကိုတိုး မြှင့်ထောက်ပံ့ လာလိုက်တာဟာဆိုရင် ၇နှစ်အတွင်း ကျောင်းသားဦးရေ ၁၆၆ ဦးအထိကို ထောက်ပံ့စရိတ်ပေးအပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ပြေတီဦး ဖောင်ဒေးရှင်းဟာ ကနဦးဖွဲ့စည်းစဉ်အခါက ကျပ်သိန်း ၁ဝဝနဲ့သာ စတင်လည်ပတ်ခဲ့ပေမယ့်အခုအခါမှာတော့ ကျပ်သိန်း ၅၂၂၅ သိန်းအထိ ရန်ပုံငွေ ရှိလာခဲ့ပြီး အဲ့ဒီငွေတွေကို ဘဏ်မှာအပ်နှံထားကာ ရရှိလာတဲ့အတိုး နှုန်းတွေကိုတော့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လစဉ်ပညာသင် ထောက်ပံ့ကြေးကို ပေးအပ်နေခဲ့တာဖြစ်ပါတယ်။ အရင်နှစ်တွေတုန်းက ကျောင်းသား၊ ကျောင်းသူတစ်ဦးကို ကျပ် ၅ သောင်းပေးအပ်နေရာမှ လက်ရှိမှာတော့ကျပ် ၆ သောင်း အထိပေးအပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပြေတီဦးဖောင်ဒေးရှင်းအနေနဲ့ အခုနှစ် ၂ဝ၁၆-၂ဝ၁၇ခုနှစ် ပညာသင်နှစ်မှာတော့ ဆေးတက္ကသိုလ်၊ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၊ ဥပဒေ ဘာသာရပ် အသီးသီးကိုတက်ရောက်ကြမယ့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂ ဦးကို ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် သုခကမ္ဘာဆေးရုံမှ ၂ဝ၁၆/၁၇ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူ (၁ဝ)ဦးအား ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကိုတော့ နိုဝင်ဘာလ ၃ဝ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

pta-g

” အထူးသဖြင့် ကျွန်တော့်ရဲ့ မွေးနေ့မှာ အခုလို ပရဟိတကိုလုပ်ရတာ အင်မတန်ကို စိတ်ချမ်းသာပြီးဝမ်းသာတယ်။ ကလေးတွေနဲ့ တွေ့ရတာမို့လည်း တအားကို ပျော်ရတယ်။ ထုံးစံလို ဖြစ်နေပြီပေါ့။ ကျွန်တော့် မွေးနေ့မှာ အခုလို နှစ်ပတ်လည် အခမ်းအနားလုပ်တယ်။ ပြီးရင် ကလေးတွေနဲ့တွေ့ဆုံ စကားပြောတယ်။ ဆွေးနွေးတယ်။ ဒီလိုလုပ်တာက သူတို့တွေနဲ့ ကျွန်တော်တို့ ဖောင်ဒေးရှင်းက မန်ဘာတွေနဲ့ ရင်းနှီးမှုတွေလည်းရအောင်ပေါ့လေ။ ကျွန် တော့် မွေးနေ့မှာ အဲ့ဒီလိုပဲ အချိန်ပေး ဖြစ်တယ်။ ကျွန်တော်က မွေးနေ့တိုင်း မှာ မိသားစုနဲ့လည်း အတူမနေဖြစ်သလို မွေးနေ့ပွဲလည်း မလုပ်ဖြစ်တာ များပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းက ကျောင်းသား၊ကျောင်းသူတွေ အတွက်ပဲတစ်နေကုန် အချိန်ပေးထားပါတယ်။ အူဝဲဆိုရင်လည်း ကျွန်တော် သွားတဲ့နေရာကို လျှောက်လိုက်ရတော့တာပဲ။ မွေးနေ့ပွဲသတ်သတ်ကို မလုပ်ဖြစ်တော့တာပါ။ မွေးနေ့အမှတ်တရစကားပြောပေးကြတဲ့သူတွေ အကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်” လို့ ပြေတီဦး (ဥက္ကဋ္ဌ -ပြေတီဦး ပညာရေးဖောင်ဒေးရှင်း)က ပြောပြပေးပါတယ်။

ပြေတီဦး ပြောပြလာတာက တော့ တိုင်းပြည်တစ်ပြည် တည်ဆောက်တဲ့အခါမှာ ပညာရေးဆိုတာက ထိပ်ဆုံးကနေပြီး အရေးကြီးတဲ့
အခန်းကဏ္ဍအဖြစ်ပါဝင်နေပါတယ်လို့ ဆိုပါတယ်။

” ကျွန်တော်တို့ တိုင်းပြည်က ဘာလို့ သူတစ်ပါး တိုင်းပြည်တွေရဲ့ နောက်ကို ရောက်နေရသလဲဆိုတဲ့အရာကို အကြမ်းဖျင်းအားဖြင့် ပြောရရင် လုံ လောက်တဲ့ ပညာတတ်တွေ၊ ပညာရှင်တွေ ကျွန်တော်တို့မှာ အားနည်းနေလို့ ဖြစ်ပါတယ်။ ပညာရေးဟာ တိုင်းပြည်တစ်ပြည်ကို တည် ဆောက်တဲ့အခါ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ အဲ့ဒါကြောင့်လည်း ကျွန်တော့် ပြေတီဦးဖောင်ဒေးရှင်းက ကျောင်းသား ကျောင်းသူတွေကို ထောက်ပံ့ ပေးဖို့အတွက်ကိုရွေးချယ်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ အခုလည်း ဖောင် ဒေးရှင်းရဲ့ ဆုံးဖြတ်ချက်တွေအနေနဲ့ အကြမ်းဖျင်း စဉ်းစားထားတာကတော့ ကျွန်တော်တို့လက်ရှိထောက်ပံ့ပေးနေတဲ့ ပမာဏထက် ပိုပြီးထောက်ပံ့နိုင် အောင်ကြိုးစားမယ်။

ကျွန်တော်တို့လိုပဲ တခြားဖောင်ဒေးရှင်းအဖွဲ့တွေရှိမယ်။ တခြားလိုအပ်တဲ့ မိဘမဲ့ဂေဟာတို့ ကျောင်းတို့ စသည် ဖြင့်ပေါ့လေ။ လိုအပ်နေတဲ့နေရာ တွေမှာ ကျွန်တော်တို့ ဖောင်ဒေးရှင်း အနေနဲ့ လှူဒါန်းသွားနိုင်အောင် ကြိုးစားမယ်ဆိုပြီး ဆုံးဖြတ်ထားတာတွေ ရှိပါတယ်။ အရင်တုန်းကတော့ ကျွန်တော်တို့ ဖောင်ဒေး ရှင်းရဲ့ စည်းမျဉ်းစည်းကမ်းထဲမှာ ကျောင်းသား တွေကို ကျောင်းထားပေးသော အလုပ်ကလွဲရင် တခြားအလုပ်တွေ မလုပ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ရှိခဲ့ပါတယ်။ အဲ့ဒါကလည်း အဲ့ဒီတုန်းက ရန်ပုံငွေအနေအထားကြောင့်ပါ။ ရန်ပုံငွေအင်အား နည်းနေချိန်မှာ တခြားနေရာကို ကျွန်တော်တို့ သွားလှူဖို့ဆိုတာ နည်းနည်း အခက်အခဲရှိပါတယ်။ အဲ့ဒါကြောင့် အခု ရန်ပုံငွေ လေးအဆင်ပြေလာတဲ့ အချိန်မှာ ထပ်တိုးပြီး အခြားနေရာတွေကိုလှူဒါန်း ဖို့စီစဉ်နေတာဖြစ်ပါတယ်” လို့ ပြေတီဦး (ဥက္ကဋ္ဌ-ပြေတီဦးပညာရေးဖောင်ဒေးရှင်း)က ပြောပြပေးပါတယ်။ ပြေတီဦးဖောင်ဒေးရှင်း ရန်ပုံငွေ ဖျော်ဖြေပွဲကိုတော့ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ပြုလုပ်သွားနိုင်ဖို့စီစဉ်နေကြောင်း သိရပါတယ်။

ထက်လူ၊
ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071