Friday, January 17, 2025

သုခဒဂုံအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀) ကျော်ကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ထို့ပြင် ပြီးခါးနီးအခန်းများ၏...

လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ...

ပြည်တွင်း၌ လိုအပ်သည့် လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြော င်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောသည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး...

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို...

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ်...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက...
HomeNewsLocal Newsပစိဖိတ်သမုဒ္ဒရာထဲ နှစ်လကျော်ကြာ မျောပါခဲ့တဲ့...

ပစိဖိတ်သမုဒ္ဒရာထဲ နှစ်လကျော်ကြာ မျောပါခဲ့တဲ့ သင်္ဘောသားနဲ့ ခွေးလေးကို ကယ်တင်နိုင်ခဲ့

ပစိဖိတ်သမုဒ္ဒရာမှာ နှစ်လကျော်ကြာ မျောပါနေချိန် မိုးရေနဲ့ ငါးအစိမ်းသာ စားသောက်ပြီး အသက်ဆက်နိုင်ခဲ့တဲ့ ဩစတြေးလျ သင်္ဘောသား တစ်ဦးနဲ့ သူ့ရဲ့ ခွေးလေးကို မကြာသေးမီကမှ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၅၄ နှစ်အရွယ် တင် ရှာဒစ်ခ်နဲ့ ခွေးမလေး ဘဲလာတို့ဟာ ဧပြီလနှောင်းပိုင်းမှာ မက္ကဆီကို ကနေ ပြင်သစ်ပိုလီနီးရှား နိုင်ငံဆီ နှစ်စင်းတွဲ ရွက်လှေလေးနဲ့ စတင် ခရီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူ့ရဲ့ ရွက်လှေလေးဟာ မုန်တိုင်းဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးသွားခဲ့ပါတယ်။ လှေနဲ့အတူ ဆက်သွယ်ရေးနဲ့ လျှပ်စစ် ပစ္စည်းတွေပါ ပျက်စီးသွားခဲ့တဲ့အတွက် ဘယ်သူ့ဆီမှ ဆက်သွယ်လို့ မရတော့တာပါ။

အဲဒီကတည်းက တင်နဲ့ ဘဲလာတို့ဟာ ကျယ်ပြန့်လွန်းတဲ့ ပစိဖိတ်သမုဒ္ဒရာထဲ ဦးတည်ရာမဲ့ မျောပါနေခဲ့ပါတယ်။ အဲဒီလို မျောပါနေတဲ့ နှစ်လကျော်ကြာ ကာလအတွင်း တင်ဟာ လှေအမိုးအောက်မှာ အရိပ်ခိုလိုက်၊ ချက်စရာ လျှပ်စစ်ပစ္စည်းတွေ မရှိတော့တဲ့အတွက် ငါးဖမ်းပြီးရင် အစိမ်းစားလိုက်၊ မိုးရေသောက်သုံးလိုက်နဲ့ အသက်ဆက်ခဲ့ပါတယ်။

“ပင်လယ်ထဲမှာ အရမ်း ခက်ခဲလွန်းတဲ့ ဒုက္ခသုက္ခတွေကို ဖြတ်ကျော်ခဲ့ပြီးပါပြီ။ အနားယူပြီး အစားကောင်းကောင်းစားရရင် ပြန်ကောင်းသွားမှာပါ” ဟု တင်က ကယ်ဆယ်ခံရပြီးနောက် ပြောလာခဲ့ပါတယ်။

တင်တို့ကို ရှာတွေ့ခဲ့တာကတော့ တူနာငါးဖမ်း သင်္ဘောနဲ့အတူ ပါလာတဲ့ ရဟတ်ယာဉ်ပဲ ဖြစ်ပါတယ်။ ရဟတ်ယာဉ်ဟာ တင်တို့ကို သတိထားမိသွားပြီးတဲ့နောက် လှေတစ်စင်းနဲ့အတူ ပြန်လာခေါ်ခဲ့ပါတယ်။ အဲဒီသင်္ဘောကို ပိုင်တဲ့ ကုမ္ပဏီရဲ့ အဆိုအရ တင်နဲ့ ဘဲလာကို ကုန်းမြေနဲ့ မိုင်ပေါင်း ၁၂၀၀ ဝေးတဲ့နေရာမှာ ရှာတွေ့ခဲ့တာပါ။

တင်က သူ့ကို ကယ်ပေးခဲ့တဲ့ သင်္ဘော ကပ္ပတိန်နဲ့ ငါးဖမ်း သင်္ဘောကုမ္ပဏီကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ဒီလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာတောင် တင်ကတော့ ရွက်လွင့်တာကို လက်မလျှော့ဘဲ သူဟာ သဘာဝကို ချစ်တဲ့သူပီပီ နောင်တစ်ချိန်ကျရင် ပြန်လည် ရွက်လွင့်သွားမှာ ဖြစ်ပါတယ်လို့ ပြောလာခဲ့ပါတယ်။

Source: OddityCentral

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သုခဒဂုံအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀)ကျော်ကို ထပ်မံငှားရမ်းမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀) ကျော်ကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ထို့ပြင် ပြီးခါးနီးအခန်းများ၏ လျှပ်စစ်မီတာများကို လျှောက်ရန်ပြင်ဆင်နေပြီး မီတာရရှိပါက ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း (၂၆၀၀)ကျော်နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် နေရေးအခက်အခဲရှိသည့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် အများပြည်သူများ နေထိုင်နိုင်ရေးအတွက် သက်သာသော အိမ်ခန်းငှားရမ်းခနှုန်းထားများဖြင့် နိုင်ငံတော်က စနစ်တကျတည်ဆောက်ပေးထားခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် (၁၁၆၈) ခန်း၊ ၂၀၂၄ ခုနှစ်တွင်...

လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဟုဆို

ပြည်တွင်း၌ လိုအပ်သည့် လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြော င်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောသည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲပြုလုပ်နိုင်ရေးအတွက် ပြခန်းများတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေးစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည်နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့် ပတ်သက်၍ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်စေရန် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ပြည်တွင်း၌ လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက်...

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ (၄၅၅) ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေ ယာဉ် (စကု)တို့ ဇန်နဝါရီ (၁၄)ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်။ အဆိုပါ ရေယာဉ်တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့တို့ လိုက်ပါလာပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071