Friday, February 14, 2025

အိန္ဒိယကဖိလစ်ပိုင်သို့ဒုံး-ကျည်ဒေါ်လာသန်း၂၀၀ကျော်ဖိုးရောင်းမည်

အိန္ဒိယနိုင်ငံအနေဖြင့် ဖိလစ်ပိုင် သို့ ယခုနှစ်အတွင်း ဒေါ်လာသန်း၂၀၀ကျော်ဖိုးတာတိုပစ် ဒုံး-ကျည်များ ရောင်းချပေးရန် မျှော်လင့်ထားသည်ဟု အိန္ဒိယသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ တရုတ်နှင့် တင်းမာမှုမြင့်မားနေချိန်တွင်...

ပူတင်နှင့်ထရမ့်ပ် ဆော်ဒီအာရေဗျ တွင် ပထမဆုံးအကြိမ်...

ဖေဖော်ဝါရီ၊ ၁၃ ရီပတ်ဘလစ်ကန်သမ္မတတက်လာပြီးနောက်ပိုင်း ပထမဆုံးတွေ့ဆုံမှုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဆော်ဒီအာရေဗျတွင် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ မော်စကိုက...

ပြင်သစ်ကအိန္ဒိယဒုံးပျံလောင်ချာစနစ်ကိုဝယ်ယူရန်ဆွေးနွေးနေ

ဘန်ဂလူရူ၊ဖေဖော်ဝါရီ ၁၂ ပြင်သစ်က အိန္ဒိယ၏ဒုံးပျံလောင်ချာစနစ်အားဝယ်ယူရန်ဆွေးနွေးနေပြီး စာချုပ်ချုပ်ဆိုဖြစ်ပါက နူးဒေလီအတွက် ဒုတိယအကြီးဆုံးလက်-နက်တင်ပို့သူဖြစ်သော ပြင်သစ်သည် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယထံမှလက်-နက်ဝယ်ယူသူဖြစ်လာမည်ဖြစ်သည်။ အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး လက်-နက်တင်သွင်းသူဖြစ်သလို ၎င်း၏ကာကွယ်ရေးလိုအပ်ချက်များ ပြည့်မီစေရန်...

နီပေါ လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ လက်ရွေးစင်အမျိုးသမီးအသင်း အပြီးသတ်...

နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့ရှိ Dasharath ကွင်းတွင် ဖေဖော်ဝါရီ (၁၇)ရက်မှ(၂၆) ရက်အထိ ကျင်းပမည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲ၌ ယှဉ်ပြိုင်မည့် အပြီးသတ်...
HomeNewsLocal Newsပင်လုံမြို့ရှိ နန်းကင်ပူ စေတီထီးတော်တင်ပွဲနှင့်...

ပင်လုံမြို့ရှိ နန်းကင်ပူ စေတီထီးတော်တင်ပွဲနှင့် တရားကျင်းပရန် မိုင်းဖုန်းဆရာတော် ကြွချီ

ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့ရှိ နန်းကင်ပူစေတီ ထီးတော်တင်ပွဲနှင့် တရားပွဲကျင်းပရန် ယနေ့ ဇန်နဝါရီ(၁၇)ရက်၌ မိုင်းဖုန်းဆရာတော် ကြွချီသွားကြောင်း ဆရာတော်၏ တပည့်သာဝကများထံက သိရသည်။

ယခုကြွချီသည့်ခရီးစဉ်အတွင်း ဆရာတော်အနေဖြင့် ပင်လုံမြို့ရှိ နန်းကင်ပူစေတီ ထီးတော်တင်ဆက်ကပ်တင်လှူပွဲအပြင် ပင်လုံမွေတော်ကျောင်း၊ နောင်လှိုင်အထွက် ပန်ကန်ရွာတို့ ရှိ စေတီများကိုလည်း ထီးတော်တင်လှူသွားရန်ရှိကြောင်းနှင့် ဒေသခံများကိုလည်း တရားဟောကြားသွားရန်ရှိကြောင်း သိရသည်။

“ဆရာတော် ပင်လုံဘက်သွားမယ့် ခရီးစဉ်ရှိတာတော့ကြားထားတယ်။ ဘယ်လိုကြွမလဲဆိုတာတော့မသိရသေးဘူး။ ဆရာတော်ကို ဖူးချင်တဲ့သူတွေ စောင့်ပြီးဖူးကြမယ်လို့တော့ကြားထားပါတယ်”ဟု တောင်ကြီး‌မြို့ ဒေသခံတစ်ဦးက ပြောသည်။

ဆရာတော်အနေဖြင့် ဇန်နဝါရီ (၁၅)ရက်နှင့် (၁၆) ရက်တို့၌ တောင်ကြီး မြို့၊ ဟိုပုံးလမ်းမကြီးအထွက်ရှိ (၂) မိုင်ချယ်ရီ အိမ်ယာဝင်းအတွင်း တည်ထားသောဆုတောင်းပြည့်စေတီ တစ်ဆူကိုလည်း ထီးတော်နှင့် စိန်ဖူးတော်ဆက်ကပ်တင်လှူခဲ့သေးကြောင်း သိရသည်။

ထို့အပြင် ဆရာတော်သည် ဇန်နဝါရီ (၁၄) ရက်၌ လွိုင်လင်မြို့ဆု‌တောင်းပြည့်ရတနာမာရ်အောင် မင်္ဂလာစုမ့်မိန်း စေတီတော်မြတ်ကို ထီးတော် စိန်ဖူးတော် ဆက်ကပ်တင်လှူခဲ့သလို ဇန်နဝါရီ (၁၂) ရက်၌လည်း မိုင်းဆတ်မြို့ ဗုဒ္ဓကောလိ ပ်-ပရိယတ္တိစာသင်တိုက် စေတီတော်ကိုလည်း ထီးတော်ဆက်ကပ်တင်လှူခဲ့သေးသည်။

ထို့အတူ ဇန်နဝါရီ(၃)ရက်တွင်လည်း ပူတာအိုမြို့ရှိ စေတီတော်တစ်ဆူအား ထီးတော်တင်လှူပေးတော်မူခဲ့ပြီး မေတ္တာဘာဝနာများ ရွတ်ဖတ်ပူဇော်ပေးခဲ့‌သေးကြောင်း သိရသည်။

မိုင်ဖုန်းဆရာတော်ကြီးအနေဖြင့် ယခု ဇန်နဝါရီလအတွင်း အနယ်နယ်အရပ်ရပ်ရှိ စေတီတော်များ ထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်များကို ဆက်တိုက် ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယကဖိလစ်ပိုင်သို့ဒုံး-ကျည်ဒေါ်လာသန်း၂၀၀ကျော်ဖိုးရောင်းမည်

အိန္ဒိယနိုင်ငံအနေဖြင့် ဖိလစ်ပိုင် သို့ ယခုနှစ်အတွင်း ဒေါ်လာသန်း၂၀၀ကျော်ဖိုးတာတိုပစ် ဒုံး-ကျည်များ ရောင်းချပေးရန် မျှော်လင့်ထားသည်ဟု အိန္ဒိယသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ တရုတ်နှင့် တင်းမာမှုမြင့်မားနေချိန်တွင် နူးဒေလီ၏ မနီလာနှင့် ဒုတိယမြောက် ကာကွယ်ရေးပို့ကုန်ဆိုင်ရာ သဘောတူညီချက်ဖြစ်သည်။ အိန္ဒိယ၏ ကာကွယ်ရေးသုတေသနဌာနက ဖန်တီး ထုတ်လုပ်သည့် Akash ဒုံး-ကျည်စနစ်ကို ဖိလစ်ကိုင်က စိတ်ဝင်စားခဲ့ပြီး ဧပြီလတွင် စတင်မည့် ဘဏ္ဍာရေးနှစ်တွင် ယင်းဒုံး-ကျည်များကို မှာယူသွားမည်ဟု နူးဒေလီကို ပြောဆိုထားကြောင်း သတင်းရင်းမြစ် သုံးခုက ပြောခဲ့သည်။ အဆိုပါကိစ္စသည် အတိမ်းအစောင်းမခံသော အကြောင်းအရာဖြစ်၍ သတင်းရင်းမြစ်အားလုံးက အမည်မဖော်ပြစေလိုခြင်းဖြစ်သည်။ အကွာအဝေး...

ပူတင်နှင့်ထရမ့်ပ် ဆော်ဒီအာရေဗျ တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည်

ဖေဖော်ဝါရီ၊ ၁၃ ရီပတ်ဘလစ်ကန်သမ္မတတက်လာပြီးနောက်ပိုင်း ပထမဆုံးတွေ့ဆုံမှုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဆော်ဒီအာရေဗျတွင် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ မော်စကိုက ယူကရိန်းကို ကျူးကျော်မှု အဆုံးသတ်ရေး အတွက်ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့သည့် မိနစ် ၉၀ နီးပါးကြာ ဖုန်းပြောဆိုမှုအပြီးတွင် ထရမ့် က ထိုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ “နောက်ဆုံးမှာ ကျွန်တော်တို့ တွေ့ဆုံဖို့ မျှော်လင့်တယ်။ တကယ်တော့၊ သူဒီကိုလာမယ်လို့မျှော်လင့်တယ်၊ ကျွန်တော်လဲအဲဒီကိုသွားမယ်၊ ဆော်ဒီအာရေးဗျမှာပထမဆုံးအကြိမ်တွေ့ဆုံဖို့မျှော်လင့်ပါတယ်၊ တစ်ခုခုလုပ်ဆောင်နိုင်မလားဆိုတာကြည့်ကြမယ်” ဟု ထရမ့်ပ် က ဘဲဥပုံ ရုံးခန်း...

ပြင်သစ်ကအိန္ဒိယဒုံးပျံလောင်ချာစနစ်ကိုဝယ်ယူရန်ဆွေးနွေးနေ

ဘန်ဂလူရူ၊ဖေဖော်ဝါရီ ၁၂ ပြင်သစ်က အိန္ဒိယ၏ဒုံးပျံလောင်ချာစနစ်အားဝယ်ယူရန်ဆွေးနွေးနေပြီး စာချုပ်ချုပ်ဆိုဖြစ်ပါက နူးဒေလီအတွက် ဒုတိယအကြီးဆုံးလက်-နက်တင်ပို့သူဖြစ်သော ပြင်သစ်သည် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယထံမှလက်-နက်ဝယ်ယူသူဖြစ်လာမည်ဖြစ်သည်။ အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး လက်-နက်တင်သွင်းသူဖြစ်သလို ၎င်း၏ကာကွယ်ရေးလိုအပ်ချက်များ ပြည့်မီစေရန် ပြည်တွင်းထုတ်လုပ်မှုကိုပါမြှင့်တင်ရန် ကြိုးပမ်းနေပြီး ကာကွယ်ရေးပစ္စည်းများတင်ပို့မှုကိုလည်း ဆက်တိုက်မြှင့်တင်လျက်ရှိသည်။ အကွာအဝေး ၉၀ ကီလိုမီတာ (၅၆ မိုင်) ထိရောက်သော အိန္ဒိယပြည်တွင်းလုပ် Pinaka ဒုံးပျံစနစ်ကို လွန်ခဲ့သည့်သုံးလခန့်က အိန္ဒိယရှိ ပြင်သစ်ကိုယ်စားလှယ်အဖွဲ့အား စမ်းသပ်ပြသခဲ့ရာ ပြင်သစ်ဘက်ကသဘောကျဖွယ်ရှိသည်ဟု အမည်မဖော်လိုသူအရာရှိတစ်ဦးကပြောကြားခဲ့သည်။ "လက်ရှိအချိန်မှာ ဝယ်ယူဖို့အထိအတည်မပြုရသေးပေမဲ့ ဆွေးနွေးမှုတွေတော့ဆက်လုပ်နေပါတယ်" ဟုလည်းတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ Source : အာရပ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071