အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ကေဘယ်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် MPT ၏ အင်တာနက်ဝန်ဆော င်မှုများ နှေးကွေးခဲ့မှုဖြစ်ပေါ်နေကြောင်း MPT မှ ကြေငြာထားသည်။
ယင်းကြောင့် ပြန်လည်ကောင်းမွန်ရေးအတွက် အမြန်ဆုံးပြုပြင် လျက်ရှိပြီး ဆက်ကြောင်းသစ်များကိုလည်း ထပ်မံတိုးချဲ့ချိတ်ဆက်ဆောင်ရွက်နေကြောင်းဆိုသည်။
ဧပြီလ (၂၀) ရက် ည သန်းခေါင် အချိန် (၁၂) နာရီ (၃၃) မိန စ်မှ စတင်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအတွက် အသုံးပြုလျက်ရှိသော SEA-ME-WE5 ရေအောက်ကေဘယ်လ် ဆက်ကြောင်းသည် အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ပြင်တွင် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သဖြင့် MPT မှ ပေးအပ်လျက်ရှိသည့် မိုဘိုင်း၊ FTTH နှင့် ဆက်စပ် အင်တာနက် ဝန် ဆောင်မှုများမှာ အမြန်နှုန်းများ နှေးကွေးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ချို့ယွင်းလျက်ရှိသည့် ပင်လယ်ရေအောက်ကေဘယ်လ်အား အမြန်ဆုံး ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ပြုပြင်နေစဉ်ကာလအတွင်း သုံးစွဲသူများ အဆင်ပြေစေရန်အတွက် MPT အနေဖြင့် ဆက်ကြောင်းသစ်များ ထပ်မံတိုးချဲ့ချိတ်ဆက်၍ အင်တာနက်မြန်နှုန်းများမြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး တိုးတက်မှု အခြေအနေများကို အချိန်နှင့် တပြေးညီ ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ် ကြောင်း သိရသည်။