ကပ္ပလီပင်လယ်မြောက်ပိုင်း မြိတ်မြို့အနောက်ဘက်ပင်လယ်ပြင်တွင် ရေပြင်၊ ဝေဟင်၊ ရေအောက် စစ်လက်နက်ပ-စ်ခတ်မှု လေ့ကျင့်ခန်းများကို ငါးရက်တာ ပြုလုပ်သွားမည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
ပြုလုပ်မည့်နေ့ရက်သည် နိုဝင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ဖြစ်သည်။လေ့ကျင့်ခန်းဧရိယာသည် အမှတ် A မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ အမှတ် B မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ အမှတ် C မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ အမှတ် D မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်ဟု သိရသည်။
ထို့ပြင် ရေမိုင် ၆၀ ပတ်လည် အကျယ်အဝန်းရှိ ပင်လယ်ပြင်လေ့ကျင့်ခန်းဧရိယာသည် ကဘူဇာကျွန်းအနောက်ဘက် ၁၀ မိုင် အကွာမှစတင်သည်ဟု သိရသည်။
လေ့ကျင့်ခန်းပြုလုပ်စဉ် ယင်းဧရိယာ ၅ မိုင်ပတ်လည်တွင် သင်္ဘောများ၊ စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ ရပ်နားထားခြင်း၊ ငါးဖမ်းပစ္စည်းချထားခြင်းများ မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အထက်အမြင့်ပေ ၁ သောင်းခွဲအောက်မှ ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် သတိပေးထားသည်။
