ပခုက္ကူ ကုန်စည်ဒိုင် ကို မနက်ဖြန် ဖွင့်မည်
ကိုဗစ်-၁၉ ကြောင့် ပိတ်ထားခဲ့ရသော မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများ အသင်း (ကုန်စည်ဒိုင်) နိုဝင်ဘာလ ၄ ရက်တွင် ပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရသည်။
ပခုက္ကူမြို့တွင် ထုတ်ပြန်ထားခဲ့သော နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ အိမ်အပြင်မထွက်ရ အမိန့်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်ကစ၍ ပြန်ရုပ်သိမ်းထားပြီးနောက် ကုန်စည်ဒိုင်ကို ပြန်လည် ဖွင့်လှစ်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“ကုန်စည်ဒိုင်ကို မနက် ၆ နာရီကနေ ၁၁ နာရီထိ ကိုဗစ်စည်းကမ်းတွေနဲ့ အညီ အရောင်းအဝယ် ပြုလုပ်ခွင့်ပြုမှာပါ။ အသင်းဝင် ထားတဲ့သူတွေလောက်ပဲ ကန့်သတ်ပြီးတော့ အရောင်းအဝယ် လုပ်ကြမှာဗျ”ဟု အဆိုပါ ကုန်စည်ဒိုင် အသင်းဝင်တစ်ဦးကပြောသည်။
အဆိုပါ ကုန်စည်ဒိုင်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၅ ရက်တွင် ပိတ်ထားခဲ့ကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ပြန်လည် ဖွင့်လှစ်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစ၍ ပြန်လည် ပိတ်ထားခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
Zaw Gyi
ပခုကၠဴ ကုန္စည္ဒိုင္ ကို မနက္ျဖန္ ဖြင့္မည္
ကိုဗစ္-၁၉ ေၾကာင့္ ပိတ္ထားခဲ့ရေသာ မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴခ႐ိုင္၊ ပခုကၠဴၿမိဳ႕နယ္ ကုန္သည္ပြဲစားမ်ားအသင္း(ကုန္စည္ဒိုင္) ႏိုဝင္ဘာလ ၄ ရက္တြင္ ျပန္လည္ ဖြင့္လွစ္မည္ ျဖစ္ေၾကာင္းသိရသည္။
ပခုကၠဴၿမိဳ႕တြင္ ထုတ္ျပန္ထားခဲ့ေသာ နံနက္ ၁၀ နာရီမွ ညေန ၄ နာရီထိ အိမ္အျပင္မထြက္ရအမိန႔္ကို ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂ ရက္ကစ၍ ျပန္႐ုပ္သိမ္းထားၿပီးေနာက္ ကုန္စည္ဒိုင္ကို ျပန္လည္ ဖြင့္လွစ္ရန္ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။
“ကုန္စည္ဒိုင္ကို မနက္ ၆ နာရီကေန ၁၁ နာရီထိ ကိုဗစ္စည္းကမ္းေတြနဲ႔ အညီ အေရာင္းအဝယ္ ျပဳလုပ္ခြင့္ျပဳမွာပါ။အသင္းဝင္ထားတဲ့သူေတြေလာက္ပဲ ကန႔္သတ္ၿပီးေတာ့ အေရာင္းအဝယ္ လုပ္ၾကမွာဗ်”ဟု အဆိုပါ ကုန္စည္ဒိုင္ အသင္းဝင္တစ္ဦးကေျပာသည္။
အဆိုပါ ကုန္စည္ဒိုင္ကို ၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာလ ၂၅ ရက္တြင္ ပိတ္ထားခဲ့ကာ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလအတြင္းက ျပန္လည္ဖြင့္လွစ္ခဲ့ၿပီးေနာက္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကစ၍ ျပန္လည္ ပိတ္ထားခဲ့ရျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။