ပက်ထရီရော့(Patriot) ဒုံးကျည်ကာကွယ်ရေးစနစ်များကို အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံသို့ ပေးပို့ရန် အစီအစဉ်မရှိသေးကြောင်း အမေရိကန်ပြည်ထောင်စု ပင်တဂွန်စစ်ဌာနချုပ်မှ သတင်းပြန်ကြားရေးမှူး ဗိုလ်မှူးချုပ် ပက်ရိုင်ဒါ(Pat Ryder)က သတင်းထောက်များကို ပြောကြားခဲ့သည်။
“အခုလောလောဆယ်မှာ ယူကရိန်းကို ပက်ထရီရော့ ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ဆက်ရှိနေမှာပါ” ဟု အင်္ဂါနေ့တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သူကပြောကြားခဲ့ခြင်းဖြစ်သည်။
နေတိုးက ပက်ထရီရော့လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ယူကရိန်းသို့ ထောက်ပံ့ပေးရန် ဆွေးနွေးနေကြောင်း နေတိုးစစ်အုပ်စု အတွင်းရေးမှူးချုပ် Jens Stoltenberg က အဆိုပါနေ့အစောပိုင်းတွင် ကျင်းပခဲ့သည့် နေတိုးဝန်ကြီးအဆင့်အစည်းအဝေးပထမနေ့အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အမေရိကန်လုပ် ပက်ထရီရော့လေကြောင်းရန်ကာကွယ်ရေးစနစ်သည် လေကြောင်းကြားဖြတ်ဒုံးပျံနှင့် ရေဒါစနစ်ပါဝင်သည့် ပဲ့ထိန်းဒုံးကျည်များနှင့် ခရုဇ်ဒုံးကျည်များ၏ ထိပ်ဖူးများကို ကြားဖြတ်ဟန့်တားရန် ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်သည်။
Ref: US has no plans to send Patriot missile defense systems to Ukraine now — Pentagon
