နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းအား ကျန်းမာရေးဝန်ကြီးဌာနမှ ဖြေလျော့ပေးခဲ့
မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုနှင့်သေ ဆုံးမှုနှုန်း လျော့နည်းကျဆင်းလာသဖြင့် ကျန်းမာ ရေးဝန်ကြီးဌာနမှ နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းအား ဖြေလျော့ပေးခဲ့ကာ မဖြစ်မနေတပ်ဆင်ရမည့်နေရာများအား ဇွန် ၃၀ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။
နှာခေါင်းစည်း(Mask)အား အခန်းတွင်း၌ လူတစ်ဦးနှင့်တစ်ဦးနီးကပ်စွာရှိနေချိန်နှင့်အများပြည်သူအသုံးပြုသည့် ကား၊မီးရထား၊သင်္ဘော၊လေယာဉ်အစရှိသည့် ယာဉ်များဖြင့် ခရီးသွားလာရာ၌ မဖြစ်မနေတပ်ဆင်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးခဲ့သည်။
အလားတူ အများပြည်သူ ဝင်/ထွက်သွားလာအသုံးပြုသည့် ဆေးရုံ/ကျန်းမာရေးဌာနများ၊ရုံးများ၊ကျောင်းများ၊ဈေးဝယ်စင်တာများ၊ဘိုးဘွား ရိပ်သာနှင့်လူထူထပ်သည့်နေရာများ၊လူအများနှင့်အတူရှိနေချိန်တို့တွင်လည်း နှာခေါင်းစည်း (Mask)အား တပ်ဆင်ထားရမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဖျားနာခြင်း၊ချောင်းဆိုးခြင်း၊နှာချေခြင်း၊နှာစေးခြင်း၊လည်ချောင်းနာခြင်း၊ကိုယ်လက်မအီ မသာဖြစ်ခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊ရုတ်တ ရက်အနံ့အရသာပျောက်ဆုံးခြင်းစသည့် ကိုဗစ်(၁၉)ရောဂါ သံသယလက္ခဏာတစ်ခုခုရှိပါကလည်း နှာခေါင်းစည်း(Mask)အား မဖြစ်မနေတပ်ဆင်ထားရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ အ သိပေးထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရောဂါအား ကူးစက်မြန်ရောဂါအဖြစ် စတင်သတ်မှတ်သည့်အချိန်မှစ၍ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)မဖြစ်မနေတပ်ဆင်ရန် အစဉ်တိုက်တွန်းနှိုးဆော်ခဲ့သည်။