သဲဖြူဆရာတော်ကြီးမှ နှာခေါင်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များကို လာမည့် ဒီဇင်ဘာ ၁၆ ရက်မှစတင်၍ မွန် ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကုသမှုခံယူလိုသည့် နှာခေါင်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များအနေဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံအုပ်ကြီးရုံး၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရုံး၏ ဖုန်း ၀၉ ၇၆၅ ၀၀၇ ၁၁၉ ၊ ၀၉ ၄၅၆ ၆၆၆ ၁၁၉ တို့သို့ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
သဲဖြူဆရာတော်ကြီးမှ ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်မှ ၃၀ အထိကလည်း မော်လမြိုင်မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင် (၇၀၀) ဦးကျော်ကို အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
