Sunday, November 9, 2025

ယနေ့ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် တိုင်း (၃)...

ယနေ့ နိုဝင်ဘာ (၉) ရက် ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည်ဖြစ်သည်ဟု မိုး/ဇလအသိပေးထားသည်။ ထို့အပြင်...

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်...

ထိုသို့ ရှင်းလင်းလျက်ရှိရာ ယခင်ရက်များက ရှင်းလင်းခဲ့သည့် တရားမဝင်ကုန်စည်သယ်ဆောင်သည့်နေရာ (၂၈) နေရာရှိပြီး ယနေ့ နိုဝင်ဘာ (၉) ရက်တွင် (၂၉) နေရာမြောက်နေရာအား...

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ...

စစ်ကိုင်းမြို့နယ်မှ ငလျင်ဒ-ဏ်သင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား...
HomeNewsLocal Newsနှစ်အနည်းငယ်အတွင်း လျှပ်စစ်ဘတ်စ်ကားများ ပြည်တွင်းတွင်...

နှစ်အနည်းငယ်အတွင်း လျှပ်စစ်ဘတ်စ်ကားများ ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရေး ပြင်ဆင်နေဟုဆို

(Unicode)

နှစ်အနည်းငယ်အတွင်း လျှပ်စစ်ဘတ်စ်ကားများ ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရေး ပြင်ဆင်နေဟုဆို

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်၌ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့်SC Auto သည် စင်္ကာပူနိုင်ငံတွင် လျှပ်စစ်ဘတ်စ်ကားများ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နှစ်အနည်းငယ်အတွင်းတွင် မြန်မာနိုင်ငံ၌လည်း လျှပ်စစ် ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း နစကရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသတင်းတစ်ရပ်က ဖော်ပြသည်။

နစကရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၏ ရန်ကုန်မင်္ဂလာဒုံစက်မှုဇုန်ခရီးစဉ်သတင်းနှင့် ပတ်သတ်ပြီး ဖော်ပြရာတွင် လျှပ်စစ်ဘက်စ်ကားကိစ္စကိုပါ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

SC Auto သည် SC NEUSTAR အမှတ်တံဆိပ်ဥရောပ စံချိန်စံညွှန်းမီ ခရီးသည်တင် ဘတ်စ်ကားများတပ်ဆင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ အဆိုပါ စက်ရုံမှ တစ်နှစ်လျှင် ဘတ်စ်ကားစီးရေ ၆၀၀ အထိ CKD စနစ်ဖြင့် ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်းကို အာဆီယံနိုင်ငံများသို့ တင်ပို့နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိသည့် ကုမ္ပဏီတစ်ခုဟု ထုတ်ပြန်သတင်းကဆိုသည်။

မင်္ဂလာဒုံမြို့နယ်ရှိ ခရီးသည်တင်ယာဉ်များအား CKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက် လျက်ရှိသည့် SC Auto (Myanmar) Co., Ltd. သို့ ရောက်ရှိရာ မော်တော်ယာဉ်ထုတ်လုပ်မှု အခြေအနေ၊ ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချသည့် အခြေအနေနှင့် ထုတ်လုပ်ပြီး လူစီးဘတ်စ်ယာဉ်များအား ပြည်ပသို့ တင်ပို့မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီး က ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် ပြည်ပသို့ မော်တော်ယာဉ်များ တင်ပို့ရောင်းချနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ သုတေသန နှင့်ဖွံဖြိုးမှုလုပ်ငန်းများကိုတိုးမြှင့် လုပ်ဆောင်နိုင်ရေး၊ လျှပ်စစ်ခရီးသည်တင်ယာဉ် (E-Bus) များကိုပြည်တွင်းဈေးကွက်၌ ထုတ်လုပ်ဖြန့်ချိနိုင်ရေးနှင့် လိုအပ်သည့် ယာဉ်ပစ္စည်း အစိတ် အပိုင်းများ တင်သွင်းရာတွင် အခက်အခဲများ မပေါ်ပေါက်စေရေးအတွက် ဆက်လက်ဆောင်ရွက် ပေးမည့် အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းလည်း နစကရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသတင်းတစ်ရပ်က ဖော်ပြသည်။

(Zawgyi)

ႏွစ္အနည္းငယ္အတြင္း လွ်ပ္စစ္ဘတ္စ္ကားမ်ား ျပည္တြင္းတြင္ ထုတ္လုပ္ႏိုင္ေရး ျပင္ဆင္ေနဟုဆို

ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ ရန္ကုန္စက္မႈဇုန္၌ ရာႏႈန္းျပည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ လုပ္ငန္းလုပ္ကိုင္ေဆာင္႐ြက္ေနသည့္SC Auto သည္ စကၤာပူႏိုင္ငံတြင္ လွ်ပ္စစ္ဘတ္စ္ကားမ်ား ထုတ္လုပ္ႏိုင္ေရးအတြက္ သုေတသနလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိၿပီး ႏွစ္အနည္းငယ္အတြင္းတြင္ ျမန္မာႏိုင္ငံ၌လည္း လွ်ပ္စစ္ ဘတ္စ္ကားမ်ား တပ္ဆင္ထုတ္လုပ္ႏိုင္ေရး ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနသတင္းတစ္ရပ္က ေဖာ္ျပသည္။

နစကရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦး၏ ရန္ကုန္မဂၤလာဒုံစက္မႈဇုန္ခရီးစဥ္သတင္းႏွင့္ ပတ္သတ္ၿပီး ေဖာ္ျပရာတြင္ လွ်ပ္စစ္ဘက္စ္ကားကိစၥကိုပါ ထည့္သြင္းေဖာ္ျပခဲ့ျခင္းျဖစ္သည္။

SC Auto သည္ SC NEUSTAR အမွတ္တံဆိပ္ဥေရာပ စံခ်ိန္စံၫႊန္းမီ ခရီးသည္တင္ ဘတ္စ္ကားမ်ားတပ္ဆင္ထုတ္လုပ္ ေရာင္းခ်ျခင္းလုပ္ငန္းကို ေဆာင္႐ြက္လ်က္ရွိရာ အဆိုပါ စက္႐ုံမွ တစ္ႏွစ္လွ်င္ ဘတ္စ္ကားစီးေရ ၆၀၀ အထိ CKD စနစ္ျဖင့္ ထုတ္လုပ္ႏိုင္ၿပီး ထုတ္လုပ္မႈ၏ ၅၀ ရာခိုင္ႏႈန္းကို အာဆီယံႏိုင္ငံမ်ားသို႔ တင္ပို႔ႏိုင္ရန္ ျပင္ဆင္ေဆာင္႐ြက္လွ်က္ရွိသည့္ ကုမၸဏီတစ္ခုဟု ထုတ္ျပန္သတင္းကဆိုသည္။

မဂၤလာဒုံၿမိဳ႕နယ္ရွိ ခရီးသည္တင္ယာဥ္မ်ားအား CKD စနစ္ျဖင့္ တပ္ဆင္ထုတ္လုပ္ေရာင္းခ်ျခင္း၊ ျပဳျပင္ျခင္းႏွင့္ ထိန္းသိမ္းေရးလုပ္ငန္း ေဆာင္႐ြက္ လ်က္ရွိသည့္ SC Auto (Myanmar) Co., Ltd. သို႔ ေရာက္ရွိရာ ေမာ္ေတာ္ယာဥ္ထုတ္လုပ္မႈ အေျခအေန၊ ျပည္တြင္းေဈးကြက္တြင္ ျဖန႔္ျဖဴးေရာင္းခ်သည့္ အေျခအေနႏွင့္ ထုတ္လုပ္ၿပီး လူစီးဘတ္စ္ယာဥ္မ်ားအား ျပည္ပသို႔ တင္ပို႔မည့္ အစီအစဥ္မ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးတင္ျပရာ ျပည္ေထာင္စုဝန္ႀကီး က ေဈးကြက္ခ်ဲ႕ထြင္ႏိုင္ေရးႏွင့္ ျပည္ပသို႔ ေမာ္ေတာ္ယာဥ္မ်ား တင္ပို႔ေရာင္းခ်ႏိုင္ေရးအတြက္ ကူညီေဆာင္႐ြက္ေပးမည့္ အစီအစဥ္မ်ား၊ သုေတသန ႏွင့္ဖြံၿဖိဳးမႈလုပ္ငန္းမ်ားကိုတိုးျမႇင့္ လုပ္ေဆာင္ႏိုင္ေရး၊ လွ်ပ္စစ္ခရီးသည္တင္ယာဥ္ (E-Bus) မ်ားကိုျပည္တြင္းေဈးကြက္၌ ထုတ္လုပ္ျဖန႔္ခ်ိႏိုင္ေရးႏွင့္ လိုအပ္သည့္ ယာဥ္ပစၥည္း အစိတ္ အပိုင္းမ်ား တင္သြင္းရာတြင္ အခက္အခဲမ်ား မေပၚေပါက္ေစေရးအတြက္ ဆက္လက္ေဆာင္႐ြက္ ေပးမည့္ အစီအစဥ္မ်ားကို ေဆြးေႏြးညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္းလည္း နစကရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနသတင္းတစ္ရပ္က ေဖာ္ျပသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071