Monday, August 17, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်...

နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်...

၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြင်းအား...

​ထိုင်းနိုင်ငံရဲ့ အမျိုးသားသုတေသနကောင်စီ (NRCT) နဲ့ ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံနဲ့ ဒေသပေါင်း ၉...

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ်...

လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်– ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့်...
HomeNewsLocal Newsနှစ်လကျော်ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ...

နှစ်လကျော်ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ (၁၁၃) သန်းကျော်ရရှိ

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၏ (၂)လကျော်ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ (၁၁၃) သန်းကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၏ ဧပြီလ (၁) ရက်မှ ဇွန်လအထိ (၇) ရက်အထိတင်ပို့မှုမှရရှိထားသည့်ဝင်ငွေဖြစ်ကြောင်း အလားတူကာလနှင့် နှိုင်းယှဉ်ပါက (၃၆)သန်းကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါး၊ ပုစွန်နှင့် အခြားရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၄၀) ကျော်သို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းမှတဆင့် ပြည်ပနိုင်ငံတွေကို တင်ပို့နေခြင်းဖြ စ်သည်။

မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံထံသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်နှင့် မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းတို့မှလည်း ငါး၊ ပုစွန်၊ ဂဏန်း စသည့် ရေထွက်ကုန်များကို ပုံမှန်တင်ပို့လျက် ရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ငါးနှင့်ပုစွန် မွေးမြူသည့်ကန်ပေါင်း (၄၈၀,၀၀၀) ရှိသည့်အပြင် အအေးခန်းသိုလှောင်ရုံပေါင်း (၁၂၀) ကျော်ရှိကြောင်း ငါး၊ ပုဇွန်မွေးမြူရေး လုပ်ငန်းလုပ် ကိုင်သူများထံမှ သိရသည်။

ယခု၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ထွက်ခွာ

နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်...

၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြင်းအား ၇.၀ နဲ့ အထက်ရှိတဲ့ ငလျင်ကြီး ၁၁ ကြိမ်လှုပ်ခဲ့

​ထိုင်းနိုင်ငံရဲ့ အမျိုးသားသုတေသနကောင်စီ (NRCT) နဲ့ ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံနဲ့ ဒေသပေါင်း ၉ ခုမှာ ပြင်းအား ၇.၀ နဲ့ အထက်ရှိတဲ့ ငလျင်ကြီး ၁၁ ကြိမ် လှုပ်ခဲ့ပြီး၊ အများစုကတော့ ပစိဖိတ်စက်ဝန်းဒေသ တလျှောက်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ​ဒီအဖွဲ့အစည်း နှစ်ခုဟာ ဩဂုတ်လ ၁၅ ရက်နေ့အထိ ကမ္ဘာတဝှမ်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးတွေရဲ့ အချက်အလက်တွေကို စုစည်းထုတ်ပြန်ပေးခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေကို လိုအပ်တာထက်...

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ် လက်ရှိ စည်းကြပ်ထားသော ကုန်သွယ်ခွန်များကို ခေတ္တဆိုင်းငံ့ပေးပါရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို စနေနေ့က တောင်းဆိုလိုက်သည်။ ဇူလိုင်လကုန်ပိုင်းတွင် ကော်ဖီနှင့် ရေနံစသည့် ကင်းလွတ်ခွင့် ရရှိထားသော ကုန်ပစ္စည်း အနည်းငယ်မှအပ ကိုလံဘီယာ ကုန်ပစ္စည်းများအပေါ် စည်းကြပ်သည့် အမေရိကန်၏ ကုန်သွယ်ခွန်သည် ၁၀ ရာခိုင်နှုန်းမှ ၁၂.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ “ငလျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071