နှစ်ပေါင်း ၁၆၀ ကျော်သက်တမ်းရှိ မန္တလေးနန်းမြို့ရိုးကြီးအား ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်လျက်ရှိ
မန္တလေးမြို့ရှိ မြန်မာနိုင်ငံ၏ အထင်ကရဖြစ်သည့် နှစ်ပေါင်း ၁၆၃ နှစ်ခန့်သက်တမ်းရှိပြီးဖြစ်သော မန္တလေးနန်းမြို့ရိုးကြီးအား ကြံ့ခိုင်မှုရှိစေရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မန္တလေးတိုင်းအစိုးရအ ဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ အင်ဂျင်နီ ယာများက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့်မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ပညာရှင်များ ၏ အကြံပြုချက်များအတိုင်း လိုက်နာဆောင် ရွက်လျက်ရှိသည်။
မန္တလေးနန်းမြို့ရိုးပြုပြင်ထိန်းသိမ်းခြင်းအား နှစ် စဉ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင်ပျက်စီးနေသည့် ပြာသာဒ်လတ်နှင့်ပြကလေးပြာသာဒ်တို့အား မူလလက်ရာအတိုင်းပြုပြင်ထိန်းသိမ်းခြင်း၊မူလတည်ဆောက်ခဲ့သည့် ပြအိုးနှင့်မြေအဝင်အနက် ကြံ့ခိုင်မှုသိရှိရန် စမ်းသပ်ကျင်း(Test-Pit)တူးခြင်း၊ငလျင်ဆိုင်ရာ သက်ရောက်မှုသိရှိနိုင်ရန် Soil Test တူးခြင်း၊သူရဲ ခိုအား အလေးဝန်လျော့ခြင်းနှင့်ပြအိုးမျက်နှာပြင်ကြမ်းခင်းများခွာ၍ ရေပိတ်လွှာလောင်းခြင်းလုပ် ငန်းများအားဆောင်ရွက်လျက်ရှိသည်။
အလားတူ မူလတည်ဆောက်ခဲ့သည့် နန်းမြို့ရိုးကြီးရှိ ပြအိုးနှင့်မြေဝင်အနက်၊ ကြံ့ခိုင်မှုသိရှိရန် စမ်းသပ်ခြင်း(Test-Pit)တူးခြင်းအား မြို့ရိုးတစ် ဖက်လျှင် ၃ ကျင်း၊ Soil Test ပေ ၁၀၀ အနက်နှင့်ပေ ၃၀ အနက်တူးခြင်းတို့အား သြဂုတ် ၂၀ ရက်မှစတင်၍ ပြုလုပ်ခဲ့ကြသည်၊
ထိုသို့ စမ်းသပ်ကျင်းတူးခြင်းဖြင့် ပြအိုးနှင့်မြို့ရိုး ၏ အုတ်မြစ်ချထားမှု အခြေအနေအား သိရှိနိုင်မည်ဖြစ်ကာ မြို့ရိုး၏ဝန်အားနှင့်အုတ်စီးအုတ်နင်းအနေအထားကိုမူတည်၍ ကြံ့ခိုင်မှုဆောင်ရွက်ရမည့်အခြေအနေအား တွက်ချက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ထို့ပြင် Soil Test တူးခြင်းဖြင့် မြေသားခံနိုင်ဝန်နှင့် ငလျင်ဆိုင်ရာသက်ရောက်မှုတို့ကိုလည်း သိရှိနိုင်မည်ဖြစ်၍ နန်းမြို့ရိုး၏ဝန်နှင့်မြေသားခံနိုင်ဝန်တို့ကို တွက်ချက်၍ ရေရှည်ကြံ့ခိုင်မှုအတွက် လိုအပ်သည့် နည်းပညာဆိုင်ရာဖြည့်ဆည်းမှုများ လုပ် ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မန္တလေးနန်းမြို့ရိုးကြီးသည် အုတ်မြို့ရိုးပတ် လည်နှင့်ဘုံ ၇ ဆင့်၊ ဘုံ ၅ ဆင့် ပြာသာဒ်ကြီး ၁၂ ဆောင်၊ ပြာသာဒ်ငယ် ၃၂ ဆောင်တို့အား မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် မန္တလေးမြို့တည်စဉ်ကပင်ဆောက်လုပ်ခဲ့ခြင်းဖြစ်၍ နှစ်ပေါင်း ၁၆၃ နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။