ထိုင်း-ကမ္ဘောဒီးယားတို-က်ပွဲအရှိန်ပြန်လည်မြင့်တက်လာခြင်းကြောင့် ဆီးဂိမ်းပြိုင်ပွဲဝင် ကမ္ဘောဒီးယားကစားသမားများကို အစောဆုံးပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားအိုလံပစ်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံနှင့် ဖြစ်ပွားသည့် နယ်စပ်ပဋိပက္ခ ပြန်လည်မြင့်တက်လာချိန်၌ ဆီးဂိမ်းအားကစားပွဲမှ နုတ်ထွက်မည်ဟု ကမ္ဘောဒီးယားအိုလံပစ်ကော်မတီက ယနေ့တွင် အသိပေးချက်ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။
ထိုင်းအိုလံပစ်ကော်မတီနှင့် SEA Games ကော်မတီ၏ ဧည့်ဝတ်ကျေပွန်မှုနှင့် ပျူငှာမှုကို ကျေးဇူးတင်ကြောင်းနဲ့ ကစားသမားများ၏ မိသားစုဝင်များ၏ စိုးရိမ်ချက်ကြောင့် အခုလို ပြန်ခေါ်ခြင်းဖြစ်ကြောင်းလည်း ပြောကြားထားသည်။
ကမ္ဘောဒီးယားနိုင်ငံသည် လုံခြုံရေးစိုးရိမ်ချက်ကြောင့် ဆီးဂိမ်း (SEA Games) အားကစားပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမားအရေအတွက်ကိုလည်း လျှော့ချယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
