Tuesday, February 18, 2025

ထိုင်းမှာ တုပ်ကွေးကူးစက်မှု ပျံနှံ့နေ

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ဖြစ်ပွားမှု ပျံ့နှံ့နေပြီး တောင်ပိုင်းဒေသ ပြည်နယ်လေးခုသည် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်နေသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ ယခုလအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆွန်ဆက်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဈေးသစ်မကြာမီဖွင့်လှစ်ရန် အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေ

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်သူများနှင့် ပတ်ဝန်းကျင်၌ နေထိုင်သူများအတွက် အဆင်ပြေစေရန် ဈေးသစ်ကို မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ အဆိုပါ ဈေးသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏...

အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်နိုင်ရေး အာဆီယံ-ကိုင်ရို...

(၂၇၇)ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ သံရုံးအကြီး အကဲများအစည်းအဝေး၌ အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ...

နိုင်ငံတော်ပိုင်မြေတွင် ပုဂ္ဂလိက အထူးကုဆေးရုံ ဖွင့်လှစ်လိုသူများကို...

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း၊ Built-Operate-Transfer (BOT) စနစ်ဖြင့် ပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ တင်ပြရန်...
HomeNewsLocal Newsနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန် မြန်မာ...

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန် မြန်မာ – ဂျပန် ချစ်ကြည်ရေးအသင်း ဖွဲ့စည်း

နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အရင်းခံ၍ နှစ်နိုင်ငံပြည်သူများအကြား ကူးလူဆက်ဆံမှုကို ကဏ္ဍအားလုံး ဆက်လက်တိုးမြှင့်ဆက်ဆံသွားနိုင်ရန်နှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန်အတွက် မြန်မာ – ဂျပန် ချစ်ကြည်ရေးအသင်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မြန်မာ – ဂျပန်ချစ်ကြည်ရေးအသင်း (Myanmar – Japan Friendship Association) သည် အသင်းအဖွဲ့မှတ်ပုံတင်ခြ င်းဆိုင်ရာ ဥပဒေနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့သို့ ပြည်တွင်းအသင်းအဖွဲ့အဖြစ်မှတ်ပုံတင်လျှောက်ထားခဲ့ရာ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂) ရက်တွင် ပြည်တွင်းအသင်း အဖွဲ့ (ယာယီ) မှတ်ပုံတင်လက်မှတ် အမှတ် “ပြည်တွင်း / ၀၂ ၂၆ ( ၂၀၂၂ ) ” ဖြင့် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ – ဂျပန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရန်နှင့် နှစ်နိုင်ငံအကြား လူမှုစီးပွားဆက်ဆံမှု ပိုမိုမြင့်မားခိုင်မာတိုးတက်စေရေး ကူညီဆောင်ရွက်ပေးရန်အတွက်လည်းကောင်း၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အရင်းခံ၍ နှစ်နိုင်ငံပြည်သူများအကြား ကူးလူဆက်ဆံမှုကို ကဏ္ဍအားလုံး ဆက်လက်တိုးမြှင့်ဆက်ဆံသွားနိုင်ရန်နှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန်အတွက်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း ဂျပန်အစိုးရအပါအဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆောင်ရွက်သည့် ဘက်စုံအထောက်အကူပေးမှုစီမံကိန်းများနှင့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ပေးရန်အတွက်လည်းကောင်းစသည့် ရည်ရွယ် ချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

မြန်မာ – ဂျပန် ချစ်ကြည်ရေးအသင်းသည် ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ရွှေဇဗ္ဗူရေးဗားဗျူးကွန်ဒို၊ အမှတ် (၂၃) ( ဂျီ – ၁ ) ၊ ပထမထပ် ဖွင့်လှစ်ထားရှိ၍ မြန်မာ – ဂျပန် ချစ်ကြည်ရေးလုပ်ငန်းများကိုဆော င်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ တုပ်ကွေးကူးစက်မှု ပျံနှံ့နေ

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ဖြစ်ပွားမှု ပျံ့နှံ့နေပြီး တောင်ပိုင်းဒေသ ပြည်နယ်လေးခုသည် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်နေသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ ယခုလအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆွန်ဆက် သက်ဆူတင်က ပြောကြားသည်။ ကျန်းမာရေးတာဝန်ရှိသူများသည် ထိခိုက်လွယ်သောအုပ်စုများ အထူးသဖြင့် ကလေ-းသူငယ်များနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးများကို အရှိန်မြှင့်ထိုးနှံပေးလျက်ရှိသည်။ ယခုနှစ်တွင် ဇန်နဝါရီ ၂၅ ရက်အထိ တုပ်ကွေးဖြစ်ပွားသူ ၇,၈၁၉ ဦး ရှိခဲ့သည်။ သို့ရာတွင် စနေနေ့ ဖေဖော်ဝါရီ ၁၅ ရက်အရောက်၌ ယခုနှစ်၏ တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်းသည် ၉၉,၀၅၇ ဦးအထိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဈေးသစ်မကြာမီဖွင့်လှစ်ရန် အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေ

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်သူများနှင့် ပတ်ဝန်းကျင်၌ နေထိုင်သူများအတွက် အဆင်ပြေစေရန် ဈေးသစ်ကို မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ အဆိုပါ ဈေးသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၂၄ ခုနှစ်၊မေလကစတင်တည်ဆောက်ခဲ့ပြီး မကြာမီဖွင့်လှစ်နိုင်ရန် အချောသပ်လုပ်ငန်းမျာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းအနီးတို့တွင် တည်ရှိပြီး သုခဒဂုံဈေးသစ်ကြီးကို အမှတ်(၂)လမ်းမကြီးနှင့် မနီးမဝေးတွင် တည်ဆောက်ပေးထားခြင်းဖြစ်သည်။ သုခဒဂုံဈေးရုံတွင် ဈေးရုံခုနစ်ရုံပါဝင်ကာ ၎င်းဈေးရုံများအတွင်း (၆) ပေပတ်လည်အကျယ်ရှိ ဈေးဆိုင်ခန်း စုစုပေါင်း (၃၉၂) ဆိုင် ဖွင့်လှစ်ရောင်းချနိုင်ရန် တည်ဆောက်ထားရှိကြောင်း...

အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်နိုင်ရေး အာဆီယံ-ကိုင်ရို ကော်မတီ သံရုံးအကြီးအကဲများ ဆွေးနွေး

(၂၇၇)ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ သံရုံးအကြီး အကဲများအစည်းအဝေး၌ အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (၂၇၇) ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ၏ သံရုံးအကြီးအကဲများအဆင့် အစည်းအဝေးကို ကိုင်ရိုမြို့၊ အင်ဒိုနီးရှား သံအမတ်ကြီး နေအိမ်တွင် ဖေဖော်ဝါရီ (၁၆)ရက်ကကျင်းပခဲ့ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်က တက်ရောက်၍ ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။ အစည်းအဝေး၌ အာဆီယံ-ကိုင်ရို ကော်မတီ၏ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များ အပေါ် ပြန်လည် သုံးသပ်ခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071