ဗြိတိန်နိုင်ငံ၏ ထိပ်တန်းထောက်လှမ်ရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရသူသည်ထောက်လှမ်းရေးအေဂျင်စီ၏ ၁၁၆ နှစ်သမိုင်းတွင် ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦး ဖြစ်လာမည်ဖြစ်သည်။
တနင်္ဂနွေနေ့တွင် ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ပထမဆုံးသော အမျိုးသမီး MI6 အကြီးအကဲ Blaise Metreweli သည် ဆောင်းဦးရာသီတွင် သူ၏တာဝန်များကို ထမ်းဆောင်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အနားယူတော့မည့် Richard Moore ကို ဆက်ခံမည့်MI6 အကြီးအကဲ၏ ကုဒ်အမည်သည် C ဖြစ်သည်။
ဂျိမ်းစ်ဘွန်းကားများထဲမှ James Bond ၏ gadget-master (MI6 နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီမှ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အကြီးအကဲဖြစ်သည့် )အမျိုးသမီးကြီး Q ၏ အကြီးအကဲ ရာထူးသည် ရုပ်ရှင်ပိတ်ကားပေါ်မှတဆင့် နှစ်ပေါင်း ၃၀ အကြာ၌ လက်တွေ့ဘဝတွင်ပေါ်ထွန်းလာပြီဖြစ်သည်။
အသက် ၄၇ နှစ်သာရှိသေးသည့် Metreweli က ခန့်အပ်ခံရခြင်းနှင့်ပတ်သက်၍ “ဂုဏ်ယူပါတယ်” ဟုဆိုသည်။
အေဂျင်စီသည် နိုင်ငံရပ်ခြားတွင် လျှို့ဝှက်ထောက်လှမ်း သတင်းစုဆောင်းပြီး တကမ္ဘာလုံး၏ ထောက်လှမ်းရေးကွန်ရက်ကို ကိုင်တွယ်နေခြင်းဖြစ်သည်။ ယျေဘုယျအားဖြင့် အမေရိကန်၏ CIA နှင့်ဗြိတိန်၏ MI 6 က အဆင့်တူညီသည်ဟုပြော၍ ရသည်။
“MI6 ၏ရဲရင့်သောအရာရှိများ၊ အေးဂျင့်များနှင့်ကျွန်ုပ်တို့၏နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များစွာတို့နှင့်အတူ အလုပ်တွေကိုဆက်လက်လုပ်ဆောင်ရန်မျှော်လင့်နေပါတယ်” ဟု Starmer ၏ ရုံးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သူသည် ထောက်လှမ်းရေးအရာရှိဘဝသို့ ၁၉၉၉ ခုနှစ်တွင် အစိုးရ၀န်ထမ်းအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ယခင်က MI 5 ( ပြည်တွင်း ထောက်လှမ်းရေး အေဂျင်စီ)တွင် ဒါရိုက်တာအဆင့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။
သူ MI 5 တွင်ရှိစဉ် ၂၀၂၁ နှစ်က ဗြိတိသျှထောက်လှမ်းရေးဥပဒေများသည် ခေတ်မမီတော့ကြောင်း သတိပေးခဲ့ဖူးသည်။ ကလောင်ပုန်းဖြင့်အင်တာဗျူးတစ်ခု ပေးခဲ့ပြီး၊ ဗလာဒီမာပူတင်၏ရုရှားကို “ခန့်မှန်းမရနိုင်သောမုန်တိုင်း” အဖြစ်နှိုင်းယှဉ်တင်စားခဲ့သည်။
သူသည် အရှေ့အလယ်ပိုင်းနှင့် ဥရောပတွင် အများအားဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။
Source:npr.org