နှစ်စဉ်အစီရင်ခံစာ တင်ပြရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ (၅ ၀၀) ကို မှတ်ပုံတင်စာရင်းက ပယ်ဖျက်ခဲ့ကြောင်း DICA မှ ကြေညာထားသည်။
အဆိုပါ ကုမ္ပဏီ (၅၀၀) ကို မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပုဒ်မ (၉၇) အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင် ပြရန် ပျက်ကွက်သည့်အတွက် မြန်မာနိုင်ငံကုမ္ပဏီများဥပ ဒေ ပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ကြေညာထားခြင်းဖြစ်သည်။
ပြညါတွင်းရှိ ကုမ္ပဏီအားလုံးသည် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ပုဒ်မ ၉၇ (က) အရယင်းအား ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်းနှင့် ၎င်းနောက်ပိုင်း ကာလအတွက် နှစ်စဉ်အနည်းဆုံးတစ်ကြိမ် သို့မဟုတ် ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်သည့် နှစ်ပတ်လည်ကာလ ကုန်ဆုံးပြီးနောက် တစ်လထက်နောက်မကျစေဘဲ ကုမ္ပဏီ၏ အသေးစိတ်ဖော် ပြချက်များပါရှိသော နှစ်စဉ်အစီရင်ခံစာတစ်ခုကို သက်မှတ်ဖော်ပြသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်ဟု အသိပေးထားပြီးဖြစ်သည်။
Annual Return တင်ပြရမည့်ရက်ထက် (၂၈) ရက် ကျော်လွန်ပြီးပါက ဆိုင်းငံ့ (Suspended) ဖြစ်သွားသဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ပေးရန် ပုံစံ 1-9D ဖြင့် တင်ပြရသည့်အ တွက် မှတ်ပုံတင်ကြေး ကျပ်တစ်သိန်း ထပ်မံပေးသွင်းရယူနိုင်သော်လည်း Suspended ဖြစ်ပြီး ခြောက်လအထိ AR တင်ပြခြင်းမရှိပါက ကုမ္ပဏီအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျ က်မည်ဖြစ်ကြောင်း သိရသည်။