Wednesday, July 16, 2025

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ်(၂၀၀)ကျပ်တန် (၃)ခုပါ စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း...

ကမ္ဘာ့ဖလား‌ဘောလုံးပွဲလက်မှတ်များစက်တင်ဘာ၁၀ရက်တွင်စရောင်းမည်

မက္ကဆီကို၊ အမေရိကနှင့် ကနေဒါ နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် လက်မှတ်များဝယ်ယူရမည့် လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၀...

အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကိုအမြစ်ဖြတ်ရန် ဟွန်မာနက်အမိန့်ထုတ်

နိုင်ငံတစ်ဝန်းရှိ အွန်လိုင်းအလိမ်အညာလုပ်ငန်းများကို အမြစ်ပြတ်ရှင်းလင်းရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အာဏာပိုင်များကို အမိန့်ထုတ်လိုက်ပြီး နှိမ်နင်းရေးလုပ်ငန်းစဉ်များကို တားဆီးသည့် မည်သည့်အရာရှိမဆို အလုပ်ထုတ်ခံရမည်ဟု သတိပေးခဲ့သည်။ တနင်္လာနေ့(ဇူလိုင်လ ၁၄ရက်နေ့)...

ပအိုဝ်းအမျိုးသား ညီညွတ်ရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထား

ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ယမန်နေ့ ဇူလိုင်လ(၁၅)ရက်ကလျှောက်ထားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် လျှောက်ထားသည့် ပါတီ (၁၉) ပါတီ ရှိနေကြောင်း...
HomeInternationalနျူကလီးယားလက်နက်များကို အသုံးပြုခြင်းသည် ကင်ဂျုံအန်းအစိုးရ...

နျူကလီးယားလက်နက်များကို အသုံးပြုခြင်းသည် ကင်ဂျုံအန်းအစိုးရ အဆုံးသတ်သွားခြင်းဟု တောင်ကိုရီးယားဆို

ကိုရီးယား ကျွန်းဆွယ်တွင် အမေရိကန်၏ စစ်ရေးဖြန့်ကျက်မှု ကြီးထွားလာမှုနှင့် ပတ်သက်၍ နျူကလီးယားနှင့် လက်တုံ့ပြန်မည်ဟု မြောက်ကိုရီးယားကတုန့်ပြန်ပြောဆိုခဲ့ပြီးနောက် ထိုသို့နျူကလီးယားလက်နက်များကို အသုံးပြုခြင်းသည် ကင်ဂျုံအန်းအစိုးရ အဆုံးသတ်သွားခြင်းကို ဆိုလိုကြောင်း တောင်ကိုရီးယားက ယနေ့ သောကြာနေ့ (ဇူလိုင် ၂၁) တွင် ပြန်လည်ပြောကြားခဲ့သည်။

“ဒီလိုဖြစ်လာရင် မြောက်ကိုရီးယားအစိုးရဟာ သူ့ရဲ့အဆုံးသတ်ကို ရင်ဆိုင်ရလိမ့်မယ်” ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နေသောကြောင့် မြောက်ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးသည် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။

၁၉၈၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘူဆန်သို့ ယခုသီတင်းပတ်အတွင်း ဆိုက်ကပ်လာသော အမေရိကန် နျူကလီးယား စွမ်းရည်ရှိ ရေငုပ်သင်္ဘောသည် မြောက်ကိုရီးယားအတွက် ၎င်း၏နျူကလီးယားလက်နက် အသုံးပြုရန် တရားဝင်သတ်မှတ်ချက်ပြည့်မီနိုင်ကြောင်း ကြာသပတေးနေ့တွင် မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက သတိပေးခဲ့သည်။

အမေရိကန် ရေငုပ်သင်္ဘော၏ တောင်ကိုရီးယားခရီးစဉ် သည် မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများကို တရားဝင် တုံ့ပြန်မှုတစ်ရပ်လည်းဖြစ်သည်ဟုလည်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးကဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ်(၂၀၀)ကျပ်တန် (၃)ခုပါ စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်း စာပို့တံဆိပ်ခေါင်းသစ်ကို မြန်မာ့စာတိုက်လုပ်ငန်းမှ ဇူလိုင် ၂၀ ရက်နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းနှင့် ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ရောင်းချရာ၌ အထူးအစီအစဉ်အဖြစ် နေ ပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇူလိုင် ၂၀ ရက်၌ ဝယ်ယူသော...

ကမ္ဘာ့ဖလား‌ဘောလုံးပွဲလက်မှတ်များစက်တင်ဘာ၁၀ရက်တွင်စရောင်းမည်

မက္ကဆီကို၊ အမေရိကနှင့် ကနေဒါ နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် လက်မှတ်များဝယ်ယူရမည့် လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း ဖီဖာက ကြေညာခဲ့ပြီး ပရိသတ်များအနေဖြင့် ကြည့်ရှုလိုသည့် ပွဲစဉ်များအတွက် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် တရားဝင်စာရင်းပေးသွင်းကြရန် တိုက်တွန်းခဲ့သည်။ အမေရိကတွင် ကျင်းပခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး တစ်ရက်အကြာ အင်္ဂါနေ့တွင် အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်က ယင်းသို့ ကြေညာခဲ့ခြင်းဖြစ်သည်။ “သမိုင်းတလျှောက် အကြီးကျယ် အခမ်းနားဆုံးဖြစ်လာမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကတို့က လက်ခံကျင်းပမှာဖြစ်တာကြောင့်...

အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကိုအမြစ်ဖြတ်ရန် ဟွန်မာနက်အမိန့်ထုတ်

နိုင်ငံတစ်ဝန်းရှိ အွန်လိုင်းအလိမ်အညာလုပ်ငန်းများကို အမြစ်ပြတ်ရှင်းလင်းရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အာဏာပိုင်များကို အမိန့်ထုတ်လိုက်ပြီး နှိမ်နင်းရေးလုပ်ငန်းစဉ်များကို တားဆီးသည့် မည်သည့်အရာရှိမဆို အလုပ်ထုတ်ခံရမည်ဟု သတိပေးခဲ့သည်။ တနင်္လာနေ့(ဇူလိုင်လ ၁၄ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကာ အင်္ဂါနေ့ညပိုင်းတွင် လူသိရှင်ကြားထုတ်ပြန်လိုက်သော အမိန့်၌ နိုင်ငံခြားသား ရာဇဝတ်ဂိုဏ်းအချို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် အခြေစိုက်ကာ ၎င်းတို့၏ အွန်လိုင်းလိ-မ်ညာမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ဟွန်မာနက်က ပြောသည်။ ရဲတပ်ဖွဲ့အပြင် မြို့ကြီးများနှင့် ပြည်နယ်များဆိုင်ရာ ခေါင်းဆောင်များသည် ၎င်းတို့၏ အပိုင်နယ်မြေနှင့် တရားစီရင်ရေးနယ်နိမိတ်အတွင်းရှိ အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို တရားဥပဒေနှင့်အညီ ရှင်းလင်းသုတ်သင်ရန် တာဝန်ယူရမည်ဟု ၎င်းက ပြောကြားခဲ့သည်။ လက်နက်ကိုင်အဖွဲ့များအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071