မန္တလေးတိုင်း၊အမရပူရမြို့နယ်၊ဝက်ကုန်းရပ် ကွက်တွင် ဒီဇင်ဘာ ၂၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီရုံး)မှ သိရသည်။
ယင်းနေ့ည ၈ နာရီ ၁၆ မိနစ်ခန့်က အမရပူရမြို့ နယ်၊ဝက်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ အ သက်(၆၀)နှစ်ခန့်ရှိ အမျိုးသမီးကြီးတစ်ဦး သတိ လစ်နေကြောင်း သတင်းအရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီးကော်မတီရုံး)မှ ကူညီရန်သွားရောက်ခဲ့ကြသည်။
အခင်းဖြစ်နေအိမ်အရောက် အမျိုးသမီးကြီးမှာ ထိခိုက်ဒဏ်ရာများရရှိကာ သွေးအိုင်အတွင်း၌ အခင်းဖြစ်နေရာတွင် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် တာဝန်ရှိသူများထံဆက်သွယ်၍ ရုပ်အလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“အိမ်ထဲမှာ အမျိုးသမီးကြီးတစ်ဦးထဲရှိနေချိန် ဝင်လာပြီးလုယက်ကာ သနပ်ခါးတုံးဖြင့်ထုနှက်၍ သတ်သွားသည်ကို အကြမ်းဖျင်းသိရသည်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းဒေသကြီးကော်မတီရုံး)မှ ရေးသားထား သည်။
သေဆုံးသူ၏လည်ပင်း၌ဆွဲထားသည့် အလေး ချိန် ၄ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံးမှာလည်း ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဖြစ်စဥ်မှပြစ်မှုကျူးလွန်သွားသူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက အမှုဖွင့်ကာ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီးကော်မတီရုံး)
