နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ်သိသာစွာတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်ပြီး နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်ယူအသုံးပြုခြင်းအလုပ်ရုံဆွေးနွေးပွဲကို လာမည့် ဇူလိုင် ၁၅ ရက်တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီ ၄၅ မိနစ်အထိ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Horizon Lake View Resort ၌ကျင်းပမည်ဖြစ် ကြောင်း သိရသည်။
ဆိုလာနည်းပညာ၊ ဘက်ထရီနည်းပညာ၊ ဆိုလာဓာတ် အားပေးစနစ်တို့နှင့်ပတ်သက်သည့် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ကျောင်းသား/သူများတက်ရောက်ဆွေးနွေးအကြံပြုနိုင်ကြောင်း သိရသည်။
ထို့ကြောင့် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် QR Code အား Scan ဖတ်၍ စာရင်းပေးသွင်းနိုင်ပြီး QR Code ဖြင့် စာရင်းပေးသွင်းရန်အခက်အခဲရှိပါက ဦးမျိုးသန့်ထွန်း ညွှန်ကြားရေးမှူး၊ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဖုန်း ၀၉ ၄၃၀၁၆၆၉၀ နှင့် ၀၆၇ ၃၄၁၀၄၇၁ တို့သို့ဆက်သွယ်၍ ဇူလိုင် ၁၄ ရက်ညနေ ၄ နာရီခွဲနောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
