Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeNewsLocal Newsနေပြည်တော် အပါအဝင် ဒေသ(၆)...

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြင်ဆင်ရန် နည်းလမ်း(၃) မျိုးဖြင့် ဆောင်ရွက်မည်

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။

ဧပြီလ (၂၉) ရက်က နေပြည်တော်တွင် ကျင်းပသည့် အဆိုပါကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုံးဌာန အဆောက်အဦးများအား ပြင်ဆင်ရန်အတွက် မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်းနှင့် အင်ဂျင်နီယာအသင်း (၃)သင်းမှ သတ်မှတ်ထောက်ခံပေးထားသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း စသည့်နည်းလမ်း(၃)မျိုးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။

ဝန်ထမ်းအိမ်ရာများ ပြုပြင်ခြင်းအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက တာဝန်ယူဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အတည်ပြုပေးသည့် မြို့ပြအင်ဂျင်နီယာ များပါဝင်သော ပညာရှင်များအား ဖွဲ့စ ည်းတာဝန်ပေးအပ်၍ ခန့်မှန်းကုန်ကျငွေ (Estimate) များ တွက်ချက်ပြီး သက်ဆိုင်ရာ ပြုပြင်တည်ဆောက်ရေးအဖွဲ့မှတစ်ဆင့် “အဆောက်အဦးများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ” သို့ တင်ပြကာ ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီတွင် ခန့်မှန်းကုန်ကျငွေအား လုပ်ငန်းပမာဏအရ ကွင်းဆင်းစစ်ဆေးခြင်း၊ ဓာတ်ပုံမှတ်တမ်းများ စစ်ဆေးခြင်းတို့ဖြင့် တိုက်ဆိုင်စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် နိုင်ငံတော်ပိုင် ရုံးအဆောက်အဦးများ၊ ဝန်ထမ်းအိမ်ရာများနှင့် အထူးအ ဆောက်အဦးများအား စစ်ဆေးနိုင်ရန် အဆင့်(၁)စစ်ဆေးရေးအဖွဲ့ (၁၈) ဖွဲ့၊ အဆင့်(၂) စစ်ဆေးရေးအဖွဲ့ (၁၁) ဖွဲ့နှင့် အထူးစစ်ဆေးရေးအဖွဲ့ (၁၂) ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကျွမ်းကျင်သူပညာရှင်များ ပါဝင်သည့် အဖွဲ့များဖြင့် စစ်ဆေးကာ အရောင်ခွဲခြားသတ်မှတ်မှု (အနီရောင်၊ လိမ္မော်ရောင်နှင့် အပြာရောင်) အဆင့်သတ်မှတ်ချက်များ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

အဆောက်အဦးများ ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ရာတွင် ငလျင်ဒဏ်အင်အား ရစ်(ခ်)တာစကေး ၈ ဒသမ ၀ ခံနိုင်ရည်ရှိသည့် အဆောက်အဦးများဖြစ်အောင် ဆောက်လုပ်ရမည်ဖြစ်ပြီး မန္တလေးငလျင်ကြီး ဘေးဒဏ်ခံရသော နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် “အ ဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ” များကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် ခြောက်ခုအတွက် မြေငလျင်ဒဏ်သင့် အဆောက်အဦးများ ဘေးအန္တရာယ်ကင်းရှင်းမှု စစ်ဆေးရေး ကော်မတီ(၆)ခုကိုလည်း ဖွဲ့စည်းပေးထားပြီး အဆောက်အဦးပျ-က်စီးမှုအား အကဲဖြတ် အဓိပ္ပာယ်သတ်မှတ်ချက် (အပြာရောင်၊ လိမ္မော်ရော င်နှင့်အနီရောင်)များကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်း/ ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ သတ်မှတ်ထားသည့် အပြာရောင်၊ လိမ္မော်ရောင်နှင့် အနီရောင်အဆောက်အဦးများကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ်တည်ဆောက်ရာတွင် လိုက်နာရမည့် “ငလျင်ဒဏ်ကြောင့် ပျ-က်စီးသွားသော အဆောက်အဦး၊ လမ်း၊ တံတားများအတွက် အမျိုးအစားနှင့် ပျ-က်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရ မည့်လုပ်ငန်းအဆင့်ဆင့် (Standard Opera ting Procedure-SOP)”များကိုလည်း ဖြန့်ဝေပေးခဲ့ပြီး ပြင်ဆင်ရန်နှင့် အသစ်တည်ဆောက်ရာတွင် လိုက်နာဆောင် ရွက်သွားရမည်ဖြစ်ကြောင်းလည်း ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အစည်းအဝေးတွင် ထည့်သွင်း ပြောကြားသွားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC ထုတ်ပြန်

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့ရာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီးပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။ ထိုသို့ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန် ပြည်တွင်း/ပြည်ပမှ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသူများ၊ မဲရုံသို့ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအားအထူးကျေးဇူးတင်ပြီး မှတ်တမ်းတင်ဂုဏ်ပြုသည်ဟု UEC ကအသိပေးခဲ့သည်။ ထို့ပြင် စေတနာစွမ်းအား၊ ဉာဏ်ပညာစွမ်းအား၊ ဝီရိယစွမ်းအားများဖြင့် နိုင်ငံတော်တာဝန်တစ်ရပ်အဖြစ် အား သွန်ခွန်စိုက် တာဝန်ကျေပွန်စွာပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြသည့်...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ် လစာအပြည့်အဝရရှိမည်

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌ ထိခို-က်ဒ-ဏ်ရာများရရှိခဲ့သဖြင့် Vichavej International Hospital နှင့် Mahachai 2 Hospital တို့တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံမှူးက မြန်မာအလုပ်သမားများအားတွေ့ဆုံအားပေးပြီးနောက် စက်ရုံ၏ HR Manager နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုများအရ ကုမ္ပဏီဘက်မှ ထိခို-က်ဒ-ဏ်ရာရသူ များအတွက်...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန်ရုံးပိတ်ရက်အပါအဝင် ၈၆ ရက်ကြာ ကျင်းပလျက်ရှိသည်။ " လမ်းခရီးကအဆင်ပြေတယ်။ နည်းနည်းပါးပါးစစ်တာတော့ရှိတာပေါ့။ ဟိုမှာလည်း တည်းခိုရတာအဆင်ပြေတယ်။ သွားလို့ရတယ်။ အေးအေးဆေးဆေးပါပဲ" ဟု ဘုရာဖူးပြည်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ထို့ပြင်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူပြည်သူများဖြင့် စိတ်အေးချမ်းသာစွာ တည်းခိုနိုင်ရန် တည်းခိုဆောင်ခန်းပေါင်း ၅၀၀ ကျော်နှင့် ဈေးဆိုင်ခန်း ၇၀၀ ကျော်ကို မန်းချောင်းသောင်ပြင်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071