နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ငလျင်ကြောင့် ပျ-က်ဆီးခဲ့သည့် သိမ်၊ ကျောင်းနှင့် ဘုရားစေတီများအသစ်ပြန်လည်တည်ဆောက်လှူဒါန်းခြင်းကို ယမန်နေ့ နိုဝင်ဘာ (၂၇) ရက်က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ ကံလှရပ်ကွက်တွင် ပြိုကျပျ-က်ဆီးခဲ့သည့် ကံလှသိမ်တော်ကြီး အသစ်ဆောက်လုပ်ခြင်း၊ ဓမ္မရိပ်ငြိမ်စံကျောင်းတော်ပြုပြင်မွမ်းမံခြင်းနှင့် ရွှေကံပွင့်ဆုတောင်းပြည့်စေတီတော်တို့ကို အသစ်တည်ထား ရွှေထီးတော်တင်လှူဒါန်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုဒါန်းခြင်းကို မြန်မာ – တရုတ် ချစ်ကြည်ရေးအသင်း ဗဟိုမှ မိသားစု၀င်များနှင့် စေတနာရှင်များက စုပေါ င်းလှူဒါန်းခဲ့ခြင်းလည်း ဖြစ်သည်။
လှုဒါန်းခြင်း အခမ်းနားကို မြန်မာ – တရုတ် ချစ်ကြည်ရေးအသင်းဗဟို ဥက္ကဋ္ဌ သီရိပျံချီ သီဟသုဓမ္မ မဏိဇောတရေ ဦးတင်ဦးနှင့် အမှုဆောင်အရာရှိများ မိသာစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုသည် မြန်မာ – တရုတ် ချစ်ကြည်ရေးအသင်းဗဟိုက နေပြည်တော်တွင် ငလျင်ဒ-ဏ်သင့် သာသနိကအဆောက်အဦးများ သီလရှင်စာသင်တိုက်များ၊ ဘိုးဘွားရိပ်သာများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပါ၀င်သော ကုသိုလ်ပြုအစီအစဥ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။
